Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဒံ​ယေ​လ 7:28

Common Language Bible

ငါ​၏​အိပ်​မက်​နှင့်​သက်​ဆိုင်​သော​အ​ကြောင်း​အ​ရာ​များ​ကား​ဤ​တွင်​ပြီး​သ​တည်း။ ငါ​သည်​လွန်​စွာ​ထိတ်​လန့်​သ​ဖြင့်​မျက်​နှာ​ညှိုး​ငယ်​၍​သွား​၏။ ဤ​အ​ကြောင်း​အ​ရာ​အ​လုံး​စုံ​ကို​စိတ်​တွင်​မှတ်​ကျုံး​ထား​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

19 ပူးပေါင်းရင်းမြစ်များ  

သူ​၏​အိပ်​မက်​ကို​ဖ​ခင်​အား​လည်း​ပြော​ပြ​သော အ​ခါ​ဖ​ခင်​က``သင်​၏​အိပ်​မက်​ကား​အ​ဘယ်​သို့ နည်း။ သင်​၏​မိ​ခင်၊ ဖ​ခင်​နှင့်​အစ်​ကို​တို့​က​သင့် အား​ဦး​ညွှတ်​ရှိ​ခိုး​ရ​မည်​လော'' ဟု​ဆုံး​မ လိုက်​လေ​၏။-

ယော​သပ်​၏​အစ်​ကို​တို့​က​သူ့​အား​မုန်း​တီး ကြ​၏။ သူ​၏​ဖ​ခင်​က​မူ​ထို​အ​ကြောင်း​ကို မှတ်​ကျုံး​ထား​လေ​၏။

ထို​အ​ခါ​လူ​သဏ္ဌာန်​ရှိ​သူ​တစ်​ဦး​သည်​လက် ကို​ဆန့်​၍ ငါ​၏​နှုတ်​ကို​တို့​လျှင်​ငါ​သည်​မိ​မိ ၏​ရှေ့​တွင်​ရပ်​နေ​သော​သူ​အား``အ​ရှင်၊ ဤ​ဗျာ ဒိတ်​ရူ​ပါ​ရုံ​သည်​အ​ကျွန်ုပ်​အား​လွန်​စွာ​အား လျော့​စေ​သည်​ဖြစ်​၍​အ​ကျွန်ုပ်​သည်​တုန်​လှုပ် လျက်​သာ​နေ​ပါ​၏။-

ငါ​တစ်​ဦး​တည်း​သာ​လျှင်​ထို​အံ့​သြ​ဖွယ် ကောင်း​သည့်​ဗျာ​ဒိတ်​ရူ​ပါ​ရုံ​ကို​ကြည့် လျက်​ကျန်​ရစ်​၏။ ငါ​သည်​အား​ပြတ်​၍ အ​ဘယ်​သူ​မျှ​မ​မှတ်​မိ​နိုင်​လောက်​အောင် ငါ​၏​မျက်​နှာ​သည်​အ​သွင်​ပြောင်း​သွား​၏။ အ​ကူ​အ​ညီ​မဲ့​လျက်​ရှိ​၏။-

ထို​နောက်​ဘု​ရင်​နှစ်​ပါး​သည်​စား​ပွဲ​တစ်​ခု တည်း​တွင်​ထိုင်​၍ ပွဲ​တော်​ခေါ်​ကြ​လိမ့်​မည်။ သို့ ရာ​တွင်​သူ​တို့​၏​ရည်​ရွယ်​ချက်​များ​သည်​ဆိုး ညစ်​သ​ဖြင့် တစ်​ဦး​ကို​တစ်​ဦး​လိမ်​လည်​ပြော ဆို​ကြ​လိမ့်​မည်။ သို့​သော်​အ​ချိန်​မ​တန်​သေး သ​ဖြင့် သူ​တို့​၏​လို​လား​ချက်​များ​ကို​ရ​ရှိ ကြ​လိမ့်​မည်​မ​ဟုတ်။-

``ဒံ​ယေ​လ၊ သင်​သည်​လည်း​အ​ဆုံး​တိုင်​အောင် သစ္စာ​ရှိ​လော့။ ထို​နောက်​သင်​သည်​သေ​လိမ့်​မည်။ သို့​ရာ​တွင်​သင်​သည်​ကပ်​ကာ​လ​ကုန်​ဆုံး​ချိန် ၌ ဆု​တော်​လာဘ်​တော်​ကို​ခံ​ယူ​ရန်​ရှင်​ပြန် ထ​မြောက်​လိမ့်​မည်'' ဟု​ဆို​၏။ ပ​ရော​ဖက်​ဒံ​ယေ​လ​စီ​ရင်​ရေး​သား သော​အ​နာ​ဂတ္တိ​ကျမ်း​ပြီး​၏။

ထို​သူ​က``ဒံ​ယေ​လ၊ ကမ္ဘာ​ကုန်​ဆုံး​ချိန်​တိုင် အောင်​ဤ​စ​ကား​များ​ကို​လျှို့​ဝှက်​၍​ထား ရ​မည်။ သို့​ဖြစ်​၍​ယ​ခု​သင်​သွား​လော့။-

သူ​သည်​လူ​စိတ်​ပျောက်​လျက်​ခု​နစ်​နှစ်​တိုင် တိုင် တိ​ရစ္ဆာန်​စိတ်​ပေါက်​၍​နေ​လိမ့်​မည်။-

ထို​အ​ခါ​ဗေ​လ​တ​ရှာ​ဇာ​ဟု​လည်း​နာ​မည် တွင်​သော​ဒံ​ယေ​လ​သည် အ​လွန်​ထိတ်​လန့် သွား​သ​ဖြင့်​စ​ကား​ပင်​မ​ပြော​နိုင်​ဘဲ​နေ ၏။ မင်း​ကြီး​က``အ​ချင်း​ဗေ​လ​တ​ရှာ​ဇာ၊ အိပ်​မက်​နှင့်​အိပ်​မက်​၏​အ​နက်​ကြောင့်​ထိတ် လန့်​ခြင်း​မ​ရှိ​နှင့်'' ဟု​မိန့်​တော်​မူ​လျှင်၊ ဗေ​လ​တ​ရှာ​ဇာ​က``အ​ရှင်​မင်း​ကြီး၊ ထို​အိပ် မက်​နှင့်​အ​နက်​သည်​အ​ရှင်​၏​အ​တွက်​မ​ဟုတ် ဘဲ​အ​ရှင်​၏​ရန်​သူ​များ​အ​တွက်​ဖြစ်​ပါ​စေ သော။-

မျက်​နှာ​ညှိုး​ငယ်​၍​သွား​တော်​မူ​၏။ သူ​သည် အ​လွန်​ကြောက်​လန့်​ကာ​မျက်​နှာ​ဖြူ​ဖတ်​ဖြူ ရော်​ဖြစ်​လျက်​ဒူး​များ​ပင်​ခိုက်​ခိုက်​တုန်​၍ လာ​၏။-

ငါ​မြင်​ရ​သော​ဗျာ​ဒိတ်​ရူ​ပါ​ရုံ​များ​ကြောင့် ငါ​သည်​ထိတ်​လန့်​၍​လာ​သ​ဖြင့်​စိတ်​ချောက်​ချား​ကာ၊-

ဗေ​လ​ရှာ​ဇာ​မင်း​နန်း​စံ​တ​တိ​ယ​နှစ်​၌​ငါ ဒံ​ယေ​လ​သည် ဒု​တိ​ယ​ဗျာ​ဒိတ်​ရူ​ပါ​ရုံ ကို​မြင်​ရ​၏။-

ဂါ​ဗြေ​လ​သည်​ငါ​၏​အ​နီး​သို့​လာ​၍​ရပ် လိုက်​သော​အ​ခါ​ငါ​သည်​လွန်​စွာ​ထိတ်​လန့် သွား​သ​ဖြင့်​မြေ​သို့​လဲ​ကျ​လေ​သည်။ ဂါ​ဗြေ​လ​က``အ​ချင်း​လူ​သား၊ ရူ​ပါ​ရုံ​၏ အ​နက်​ကို​နား​လည်​လော့။ ထို​ရူ​ပါ​ရုံ​သည် ကပ်​ကမ္ဘာ​ကုန်​ဆုံး​ချိန်​နှင့်​သက်​ဆိုင်​၏'' ဟု ငါ့​အား​ဆို​၏။-

``ထာ​ဝ​ရ​ဘု​ရား​အ​မျက်​တော်​၏​အ​ကျိုး ဆက်​ကား အ​ဘယ်​သို့​ဖြစ်​မည်​ကို​သင့်​အား ငါ​ဖော်​ပြ​နေ​ခြင်း​ဖြစ်​၏။ ရူ​ပါ​ရုံ​သည် အ​ဆုံး​စွန်​သော​ကာ​လ​နှင့်​သက်​ဆိုင်​၏။

ငါ​ဒံ​ယေ​လ​သည်​ရက်​ပေါင်း​များ​စွာ​စိတ် ညှိုး​ငယ်​လျက် မ​ကျန်း​မ​မာ​ဖြစ်​၍​နေ​၏။ ထို နောက်​ငါ​သည်​ထ​၍​ဘု​ရင်​ပေး​အပ်​ထား​သည့် အ​လုပ်​တာ​ဝန်​ကို​ဆောင်​ရွက်​၏။ သို့​ရာ​တွင် ထို​ဗျာ​ဒိတ်​ရူ​ပါ​ရုံ​ကြောင့်​စိတ်​ရှုပ်​ထွေး​လျက် နေ​သ​ဖြင့် ငါ​သည်​ယင်း​၏​အ​နက်​အ​ဋ္ဌိပ္ပါယ် ကို​နား​မ​လည်​နိုင်​ပါ။

လူ​အ​ပေါင်း​တို့​သည်​ကိုယ်​တော်​ကို​မြင်​သော​အ​ခါ အံ့​သြ​ကြ​လျက်​အ​ထံ​တော်​သို့​ပြေး​၍​နှုတ်​ခွန်း ဆက်​ကြ​၏။-

သို့​သော်​မာ​ရိ​သည်​အ​ကြောင်း​အ​ရာ​အ​လုံး​စုံ တို့​ကို​မှတ်​ကျုံး​ကာ​စဉ်း​စား​ဆင်​ခြင်​လျက်​နေ ၏။-

ထို​နောက်​သူ​ငယ်​တော်​သည်​မိ​ဘ​တို့​နှင့်​အ​တူ လိုက်​၍ နာ​ဇ​ရက်​မြို့​သို့​ရောက်​သော်​မိ​ဘ​တို့​၏ စ​ကား​ကို​နာ​ခံ​လျက်​နေ​၏။ မယ်​တော်​သည်​ဤ အ​ဖြစ်​အ​ပျက်​အ​လုံး​စုံ​တို့​ကို​စိတ်​နှ​လုံး​ထဲ မှာ​မှတ်​ကျုံး​ထား​၏။-

``လူ​သား​သည်​လူ​တို့​၏​လက်​သို့​အပ်​နှံ​ခြင်း​ကို ခံ​ရ​လိမ့်​မည်။ ဤ​စ​ကား​ကို​သင်​တို့​သ​တိ​ပြု​၍ မှတ်​ထား​ကြ​လော့'' ဟု​တ​ပည့်​တော်​တို့​အား မိန့်​တော်​မူ​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ