ဒံယေလ 7:27Common Language Bibleအမြင့်မြတ်ဆုံးသောဘုရားသခင်၏လူမျိုးတော်တို့သည် ကမ္ဘာမြေပေါ်ရှိနိုင်ငံအပေါင်းတို့၏တန်ခိုးအာဏာနှင့်ဘုန်းအသရေကိုခံယူရရှိကြလိမ့်မည်။ သူတို့၏အာဏာစက်သည်အဘယ်အခါ၌မျှပပျောက်ရလိမ့်မည်မဟုတ်။ ကမ္ဘာပေါ်ရှိဘုရင်အပေါင်းတို့သည်လည်းသူတို့၏အစေကိုခံ၍သူတို့၏အမိန့်ကိုနာခံရကြလိမ့်မည်'' ဟုရှင်းပြ၏။ အခန်းကိုကြည့်ပါ။ |
လူမျိုးတကာတို့သည်ဣသရေလအမျိုး သားတို့အား ထာဝရဘုရားပေးသနား တော်မူသောပြည်တော်သို့ပြန်လာနိုင်ကြ စေရန်ကူညီမစကြလိမ့်မည်။ ထိုပြည်၌ လူမျိုးခြားတို့သည်ဣသရေလအမျိုး သားတို့အားကျွန်များကဲ့သို့အစေခံ ကြလိမ့်မည်။ ဣသရေလအမျိုးသားတို့ အားဖမ်းဆီးချုပ်နှောင်သူတို့သည် ယခု အခါဣသရေလအမျိုးသားတို့၏ဖမ်း ဆီးချုပ်နှောင်ခြင်းကိုခံရကြလိမ့်မည်။ ဣသရေလပြည်သူတို့သည်လည်းအခါ တစ်ပါးကမိမိတို့အား ဖိနှိပ်ချုပ်ချယ် ခဲ့သူတို့ကိုအုပ်စိုးရကြလိမ့်မည်။
သူ၏ရာဇအာဏာသည်ဆက်လက်တိုး တက်လျက် သူ၏နိုင်ငံတော်သည်လည်း၊အစဉ်အမြဲ ငြိမ်းချမ်းသာယာလိမ့်မည်။ သူသည်ဒါဝိဒ်မင်း၏အရိုက်အရာကို ဆက်ခံကာ ယခုမှစ၍ကပ်ကာလကုန်ဆုံးချိန်တိုင်အောင် တရားတော်နှင့်အညီမျှတစွာအုပ်စိုးလိမ့်မည်။ အနန္တတန်ခိုးရှင်ထာဝရဘုရားသည် ဤ အမှုအရာအလုံးစုံတို့အားဖြစ်ပျက်စေ ရန်သန္နိဋ္ဌာန်ချမှတ်တော်မူပြီးဖြစ်သတည်း။
အထက်ဖော်ပြပါဘုရင်များနန်းစံလျက် နေချိန်၌ပင်လျှင် ကောင်းကင်ဘုံရှင်ဘုရားသခင်သည်အဘယ်အခါမျှမပျက်စီး နိုင်သည့် နိုင်ငံတစ်ခုကိုတည်ထောင်တော်မူ ပါလိမ့်မည်။ ထိုနိုင်ငံကိုအဘယ်အခါ၌ မျှနှိမ်နင်း၍ရမည်မဟုတ်ပါ။ ယင်းသည် အခြားနိုင်ငံရှိသမျှကိုဖြိုခွင်းပြီး နောက် အစဉ်အမြဲတည်ပါလိမ့်မည်။-
မင်းကြီးက``ငါသည်ခုနစ်နှစ်ကာလကုန် ဆုံးသွားသောအခါ မိုးကောင်းကင်သို့မြော် ကြည့်လိုက်ရာလူ့စိတ်ပြန်ရသဖြင့် အမြင့် မြတ်ဆုံးသောဘုရားသခင်အားထောမနာ ပြု၍ ထာဝရကာလပတ်လုံးအသက်ရှင် တော်မူသောဘုရား၏ဂုဏ်တော်၊ ဘုန်း အသရေတော်ကိုချီးမွမ်းပါ၏။ ``ကိုယ်တော်သည်လောကကိုထာဝစဉ် အုပ်စိုးတော်မူလိမ့်မည်။ ကိုယ်တော်၏နိုင်ငံတော်သည်ကာလ အစဉ်အဆက်တည်လိမ့်မည်။
ငါ၏အင်ပါယာနိုင်ငံတစ်လျှောက်လုံး ရှိလူအပေါင်းတို့၊ သင်တို့သည်ဒံယေလ ကိုးကွယ်သောဘုရားသခင်အားကြောက် ရွံ့ရိုသေကြရမည်ဖြစ်ကြောင်းငါ အမိန့်တော်ရှိသည်။ ကိုယ်တော်သည်အသက်ရှင်တော်မူသော ဘုရားဖြစ်တော်မူ၍၊ ကာလအစဉ်အဆက်စိုးစံတော်မူလိမ့်မည်။ ကိုယ်တော်၏နိုင်ငံတော်သည်အဘယ်အခါ ၌မျှ ပျက်စီးရလိမ့်မည်မဟုတ်။ ကိုယ်တော်၏တန်ခိုးတော်သည်လည်း အဘယ်အခါ၌မျှကုန်ဆုံးလိမ့်မည် မဟုတ်။
ထိုအခါဘာသာစကားအမျိုးမျိုးပြောဆိုသောလူမျိုးဟူသမျှသည်သူ၏အမှုကိုထမ်းရွက်စေခြင်းငှာကိုယ်တော်သည်သူ့အားစိုးပိုင်ခွင့်နှင့်ဘုန်းအသရေကိုလည်းကောင်း၊ ရာဇတန်ခိုးအာဏာကိုလည်းကောင်းပေးအပ်တော်မူ၏။ သူ၏အာဏာစက်သည်ကာလအစဉ်အဆက်တည်မြဲ၍ သူ၏နိုင်ငံတော်သည်လည်းအဘယ်အခါ၌မျှပျက်သုဉ်းရလိမ့်မည်မဟုတ်။
သူတို့သည်သိုးသူငယ်တော်ကိုစစ်တိုက်ကြလိမ့် မည်။ သိုးသူငယ်တော်သည်အရှင်တကာတို့၏ အရှင်၊ ဘုရင်တကာတို့၏ဘုရင်ဖြစ်တော်မူ သောကြောင့်သူတို့ကိုနှိမ်နင်းတော်မူလိမ့်မည်။ ကိုယ်တော်ခေါ်ယူရွေးကောက်တော်မူသောသူ၊ ကိုယ်တော်အားသစ္စာရှိသောသူတို့သည်ကိုယ် တော်နှင့်အတူအောင်ပွဲဝင်ခွင့်ရကြလိမ့် မည်'' ဟုဆို၏။
ထိုနောက်ငါသည်ပလ္လင်များကိုမြင်ရ၏။ ယင်း ပလ္လင်များပေါ်တွင်ထိုင်နေသူများမှာတရား စီရင်ရန် အာဏာအပ်နှင်းခြင်းခံရသူများ ဖြစ်၏။ ထို့ပြင်သခင်ယေရှုဖော်ပြတော်မူ သောသမ္မာတရားကိုလည်းကောင်း၊ ဘုရား သခင်၏နှုတ်ကပတ်တော်ကိုလည်းကောင်း ဟောပြောကြေညာခဲ့သည့်အတွက်ကွပ်မျက် ခြင်းခံရကြသူတို့၏ဝိညာဉ်များကိုလည်း ငါမြင်ရ၏။ သူတို့သည်သားရဲနှင့်သားရဲ ၏ရုပ်တုကိုရှိမခိုးခဲ့ကြ။ မိမိတို့၏နဖူး နှင့်လက်များတွင်လည်းသားရဲ၏အမှတ် တံဆိပ်ကိုမခံယူခဲ့ကြ။ သူတို့သည်အသက် ပြန်၍ရှင်လာကြပြီးလျှင်ခရစ်တော်နှင့် အတူဘုရင်များအဖြစ်ဖြင့်အနှစ်တစ် ထောင်စိုးစံကြရ၏။-