Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဒံ​ယေ​လ 7:17

Common Language Bible

ထို​သူ​က``ထို​သား​ရဲ​ကြီး​လေး​ကောင်​သည်​ကမ္ဘာ​မြေ​ကြီး​ပေါ်​တွင်​ပေါ်​ပေါက်​လာ​မည့်​အင်​ပါ​ယာ​နိုင်​ငံ​လေး​ခု​ဖြစ်​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

9 ပူးပေါင်းရင်းမြစ်များ  

ဤ​ဘ​ဝ​တွင်​အလို​ဆန္ဒ​ရှိ​သ​မျှ​အ​တိုင်း ပြည့်​ဝ​ကြ​သူ​တို့​၏​လက်​မှ​ကျွန်​တော်​မျိုး​အား ကယ်​တော်​မူ​ပါ။ သူ​တို့​အ​တွက်​ကိုယ်​တော်​သို​မှီး​ထား​သည့် ဆင်း​ရဲ​ဒုက္ခ​များ​အား​ဖြင့် သူ​တို့​အား​အ​ပြစ်​ဒဏ်​စီ​ရင်​တော်​မူ​ပါ။ ဤ​ဆင်း​ရဲ​ဒုက္ခ​များ​ကို​သူ​တို့​၏ သား​သ​မီး​များ​သည်​သာ​မ​က သူ​တို့​၏​မြေး​မြစ်​များ​သည်​လည်း ခံ​စား​ရ​စေ​တော်​မူ​ပါ။

ထို​နေ​ရာ​တွင်​ရပ်​နေ​သူ​တစ်​ဦး​ထံ​သို့​သွား​၍ ထို​အ​ရာ​တို့​၏​အ​နက်​အ​ဋ္ဌိပ္ပါယ်​ကို​မေး​မြန်း​ရာ​ထို​သူ​က​ငါ့​အား​ရှင်း​ပြ​လေ​သည်။-

သို့​သော်​လည်း​အ​မြင့်​မြတ်​ဆုံး​သော​ဘု​ရား​သ​ခင်​၏​လူ​မျိုး​တော်​သည် ရာ​ဇ​တန်​ခိုး​အာ​ဏာ​ကို​ခံ​ယူ​ရ​ရှိ​ကာ​ကမ္ဘာ​အ​ဆက်​ဆက်​ထိန်း​သိမ်း​ကြ​လိမ့်​မည်'' ဟု​ရှင်း​ပြ​လေ​သည်။

သ​ခင်​ယေ​ရှု​က ``ငါ့​နိုင်​ငံ​သည်​ဤ​လော​က​နှင့် မ​သက်​ဆိုင်။ အ​ကယ်​၍​ငါ့​နိုင်​ငံ​သည်​ဤ​လော​က နှင့်​သက်​ဆိုင်​ပါ​မူ ငါ​သည်​ယု​ဒ​အ​မျိုး​သား​တို့ လက်​သို့​မ​ရောက်​ရ​အောင်​ငါ​၏​တ​ပည့်​တို့​သည် တိုက်​ခိုက်​ကြ​မည်။ အ​မှန်​စင်​စစ်​ငါ​၏​နိုင်​ငံ​သည် ဤ​လော​က​နှင့်​မ​သက်​ဆိုင်'' ဟု​မိန့်​တော်​မူ​၏။

ထို​နောက်​ပင်​လယ်​ထဲ​မှ​ဦး​ချို​ဆယ်​ချောင်း နှင့်​ဦး​ခေါင်း​ခု​နစ်​လုံး​ရှိ​သော သား​ရဲ​တစ် ကောင်​တက်​လာ​သည်​ကို​ငါ​မြင်​ရ​၏။ သူ​၏ ဦး​ချို​တစ်​ချောင်း​စီ​တွင်​သ​ရ​ဖူ​ဆောင်း​ထား ၏။ သူ​၏​ဦး​ခေါင်း​တစ်​လုံး​စီ​ပေါ်​၌​လည်း ဘု​ရား​သ​ခင်​၏​အ​သ​ရေ​တော်​ကို​ရှုတ်​ချ သည့်​အ​မည်​နာ​မ​ကို​ရေး​သား​ထား​၏။-

ထို​နောက်​အ​ခြား​သား​ရဲ​တစ်​ကောင်​ကို​ငါ​မြင် ရ​၏။ သူ​သည်​မြေ​ကြီး​ထဲ​မှ​ထွက်​လာ​၏။ သူ့ မှာ​သိုး​ချို​နှင့်​တူ​သော​ဦး​ချို​နှစ်​ချောင်း​ရှိ​၏။ သူ​သည်​န​ဂါး​ကဲ့​သို့​စ​ကား​ပြော​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ