Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဒံ​ယေ​လ 7:16

Common Language Bible

ထို​နေ​ရာ​တွင်​ရပ်​နေ​သူ​တစ်​ဦး​ထံ​သို့​သွား​၍ ထို​အ​ရာ​တို့​၏​အ​နက်​အ​ဋ္ဌိပ္ပါယ်​ကို​မေး​မြန်း​ရာ​ထို​သူ​က​ငါ့​အား​ရှင်း​ပြ​လေ​သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

14 ပူးပေါင်းရင်းမြစ်များ  

ထို​ပလ္လင်​တော်​မှ​မြစ်​သ​ဖွယ်​မီး​ရောင်​ခြည်​ထွက်​လျက်​နေ​၏။ ထို​အ​ရပ်​တွင်​ကိုယ်​တော်​၏​အ​မှု​တော်​ကို​ထမ်း​ဆောင်​သူ​ထောင်​ပေါင်း​များ​စွာ​ရှိ​၏။ ရှေ့​တော်​တွင်​ရပ်​လျက်​ခ​စား​နေ​သူ​လည်း​သန်း​ပေါင်း​များ​စွာ​ရှိ​ပေ​သည်။ တ​ရား​စီ​ရင်​တော်​မူ​ချိန်​စ​တော့​မည်​ဖြစ်​သ​ဖြင့်​စာ​စောင်​များ​ဖွင့်​ထား​လျက်​ရှိ​၏။

ထို​သူ​က``ထို​သား​ရဲ​ကြီး​လေး​ကောင်​သည်​ကမ္ဘာ​မြေ​ကြီး​ပေါ်​တွင်​ပေါ်​ပေါက်​လာ​မည့်​အင်​ပါ​ယာ​နိုင်​ငံ​လေး​ခု​ဖြစ်​၏။-

ဂါ​ဗြေ​လ​သည်​ငါ​၏​အ​နီး​သို့​လာ​၍​ရပ် လိုက်​သော​အ​ခါ​ငါ​သည်​လွန်​စွာ​ထိတ်​လန့် သွား​သ​ဖြင့်​မြေ​သို့​လဲ​ကျ​လေ​သည်။ ဂါ​ဗြေ​လ​က``အ​ချင်း​လူ​သား၊ ရူ​ပါ​ရုံ​၏ အ​နက်​ကို​နား​လည်​လော့။ ထို​ရူ​ပါ​ရုံ​သည် ကပ်​ကမ္ဘာ​ကုန်​ဆုံး​ချိန်​နှင့်​သက်​ဆိုင်​၏'' ဟု ငါ့​အား​ဆို​၏။-

ဂါ​ဗြေ​လ​က``ဒံ​ယေ​လ၊ ငါ​သည်​ဗျာ​ဒိတ် ရူ​ပါ​ရုံ​ကို​သင်​သိ​ရှိ​နား​လည်​နိုင်​ရေး အ​တွက်​အ​ကူ​အ​ညီ​ပေး​ရန် ဤ​အ​ရပ် သို့​ရောက်​ရှိ​လာ​ခြင်း​ဖြစ်​၏။-

ငါ​သည်​မိ​မိ​နှင့်​စ​ကား​ပြော​ဆို​နေ​ခဲ့​သည့် ကောင်း​ကင်​တ​မန်​အား​ထို​ဦး​ချို​များ​၏ အ​နက်​အ​ဋ္ဌိပ္ပါယ်​ကို​မေး​မြန်း​၍​ကြည့်​၏။ ထို​ကောင်း​ကင်​တ​မန်​က``ထို​ဦး​ချို​တို့​သည် ယု​ဒ​ပြည်​သား၊ ဣ​သ​ရေ​လ​ပြည်​သား​နှင့် ယေ​ရု​ရှ​လင်​မြို့​သား​တို့​အား​ကွဲ​လွင့်​စေ​ခဲ့ သူ​ကမ္ဘာ​တန်​ခိုး​ရှင်​များ​ကို​သ​ရုပ်​ဆောင်​ပါ သည်'' ဟု​ဆို​၏။

ထို​နောက်​ငါ​နှင့်​စ​ကား​ပြော​ဆို​နေ​ခဲ့​သည့် ကောင်း​ကင်​တ​မန်​သည်​ရှေ့​သို့​လာ​သော​အ​ခါ အ​ခြား​ကောင်း​ကင်​တ​မန်​တစ်​ပါး​က​သူ့​ထံ သို့​လာ​ရောက်​နှုတ်​ဆက်​သည်​ကို​ငါ​တွေ့​မြင် ရ​၏။-

အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​က``အ​ကယ် ၍​သင်​သည်​ငါ​၏​ပ​ညတ်​တော်​တို့​ကို​လိုက်​နာ ၍ သင့်​အား​ငါ​ပေး​အပ်​သည့်​တာ​ဝန်​ဝတ္တ​ရား များ​ကို​ဆောင်​ရွက်​မည်​ဆို​ပါ​မူ ငါ​၏​ဗိ​မာန် တော်​နှင့်​ဗိ​မာန်​တော်​တံ​တိုင်း​တို့​ကို​ဆက်​လက် စောင့်​ထိန်း​ကြည့်​ရှု​ခွင့်​ရ​လိမ့်​မည်။ ငါ​သည်​လည်း မိ​မိ​၏​ရှေ့​တော်​တွင်​ရှိ​သည့်​ကောင်း​ကင်​တ​မန် တို့​၏​ဆု​တောင်း​ပတ္ထ​နာ​များ​ကို​ကြား​တော် မူ​သည့်​နည်း​တူ​သင်​၏​ဆု​တောင်း​ပတ္ထ​နာ​ကို လည်း​ကြား​တော်​မူ​မည်။-

ထို​အခါ​အ​ကြီး​အ​ကဲ​တစ်​ပါး​က​ငါ့​အား``မ​ငို ပါ​နှင့်။ ကြည့်​ရှု​လော့။ ယု​ဒ​အ​နွယ်​ဝင်​ခြင်္သေ့​တည်း ဟူ​သော​ဒါ​ဝိဒ်​မှ​ဆင်း​သက်​သူ​သည်​အောင်​မြင် လေ​ပြီ။ သူ​သည်​ဤ​စာ​လိပ်​နှင့်​ချိပ်​တံ​ဆိပ် ခု​နစ်​ခု​ကို​ဖွင့်​နိုင်​၏'' ဟု​ပြော​လေ​၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ