Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဒံ​ယေ​လ 10:7

Common Language Bible

ထို​ဗျာ​ဒိတ်​ရူ​ပါ​ရုံ​ကို​ငါ​ဒံ​ယေ​လ​တစ် ယောက်​တည်း​သာ​မြင်​ရ​၏။ ငါ​နှင့်​အ​တူ ရှိ​သော​သူ​တို့​သည်​အ​ဘယ်​အ​ရာ​ကို​မျှ မ​မြင်​ကြ​ရ။ သို့​ရာ​တွင်​သူ​တို့​သည် ထိတ် လန့်​တုန်​လှုပ်​လျက်​ထွက်​ပြေး​ပုန်း​အောင်း နေ​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

8 ပူးပေါင်းရင်းမြစ်များ  

ထို​အ​ခါ​လူ​ယောကျာ်း​က``ကိုယ်​တော်​ဥ​ယျာဉ်​ထဲ ၌​ကြွ​လာ​တော်​မူ​သော​အ​သံ​ကို​ကြား​ရ​၍ အ​ဝတ်​အ​ချည်း​စည်း​ရှိ​သော​ကြောင့်​ကြောက် ၍​ပုန်း​နေ​ပါ​သည်'' ဟု​လျှောက်​လေ​၏။

ထာ​ဝ​ရ​ဘု​ရား​၏​အ​မျက်​တော်၊ ကိုယ်​တော် ၏​တန်​ခိုး​တော်​နှင့်​ဘုန်း​အ​သ​ရေ​တော်​တို့​၏ အ​ရှိန်​အ​ဝါ​မှ​ကင်း​လွတ်​ကြ​စေ​ရန် သူ​တို့ သည်​ကျောက်​တောင်​လှိုဏ်​ဂူ​များ​၌​သော်​လည်း ကောင်း၊ မြေ​တွင်း​တူး​၍​သော်​လည်း​ကောင်း​ပုန်း အောင်း​နေ​ကြ​လိမ့်​မည်။-

ငါ​မ​တွေ့​မ​မြင်​နိုင်​သော​အ​ရပ်​တွင်​အ​ဘယ် သူ​မျှ​ပုန်း​ကွယ်​၍​မ​နေ​နိုင်။ ``ငါ​သည်​ကောင်း ကင်​ဘုံ​နှင့်​ကမ္ဘာ​မြေ​ကြီး​ပေါ်​ရှိ​အ​ရပ် တ​ကာ​တွင်​ရှိ​တော်​မူ​ကြောင်း​ကို​သင်​တို့ မ​သိ​ကြ​သ​လော။-''

ကိုယ်​တော်​က``အ​ချင်း​လူ​သား၊ သင်​သည် တုန်​လှုပ်​လျက်​အ​စား​အ​စာ​ကို​စား​လော့။ ကြောက်​လန့်​တုန်​လှုပ်​လျက်​ရေ​ကို​သောက် လော့။-

အကျွန်ုပ်​နှင့်​အ​တူ​ပါ​လာ​ကြ​သော​သူ​တို့ သည် ထို​အ​လင်း​ရောင်​ကို​မြင်​ရ​ကြ​သော် လည်း အ​ကျွန်ုပ်​အား​မိန့်​မှာ​တော်​မူ​သော​အ​ရှင် ၏​အ​သံ​ကို​မူ​မ​ကြား​ရ​ကြ။-

ရှော​လု​နှင့်​အ​တူ​ခ​ရီး​ပြု​လျက်​နေ​ကြ​သူ တို့​သည် ထို​အ​သံ​ကို​ကြား​ရ​သော်​လည်း လူ တစ်​စုံ​တစ်​ယောက်​ကို​မျှ​မ​တွေ့​မ​မြင်​ရ သ​ဖြင့်​ကြက်​သေ​သေ​လျက်​ရပ်​နေ​ကြ​၏။-

ထို​မြင်​ကွင်း​တစ်​ခု​လုံး​သည်​အ​လွန်​ထိတ် လန့်​ဖွယ်​ကောင်း​သ​ဖြင့်​မော​ရှေ​က``ငါ​သည် ကြောက်​လန့်​တုန်​လှုပ်​လျက်​နေ​၏'' ဟု​ဆို​၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ