Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဒံ​ယေ​လ 10:6

Common Language Bible

သူ​၏​ခန္ဓာ​ကိုယ်​သည်​ကျောက်​မျက်​ရ​တ​နာ ကဲ့​သို့​တောက်​ပ​၏။ သူ​၏​မျက်​နှာ​သည်​လျှပ် စစ်​နွယ်​ကဲ့​သို့​ပြောင်​လက်​လျက် သူ​၏​မျက်​စိ များ​သည်​မီး​ကဲ့​သို့​အ​လျှံ​ထ​လျက်​နေ​၏။ သူ​၏​လက်​ခြေ​တို့​သည် တိုက်​ချွတ်​ထား​သော ကြေး​ဝါ​ကဲ့​သို့​တောက်​ပ​၍ သူ​၏​အ​သံ သည်​လူ​ပ​ရိတ်​သတ်​ကြီး​၏​အော်​ဟစ်​သံ နှင့်​တူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

18 ပူးပေါင်းရင်းမြစ်များ  

စ​တုတ္ထ​အ​တန်း​တွင်​မျက်​ရွဲ၊ ကြောင်၊ န​ဂါး​သွဲ့​တို့ ကို​ရွှေ​ပန်း​ထည်​များ​၌​ထည့်​သွင်း​ထား​ရ​မည်။-

ခြေထောက်တော်တို့သည် ရွှေစင်ဘိနပ်ပေါ်၌ တည်သော ကျောက်ဖြူတိုင်နှင့်တူကြ၏။ မျက်နှာတော် သည် လေဗနုန်တောင်ကဲ့သို့ဖြစ်၍၊ အာရဇ်ပင်ကဲ့သို့ ထူးမြတ်ပေ၏။

သတ္တ​ဝါ​များ​ကိုယ်​တိုင်​ပင်​လျှင်​လျှပ်​စစ်​သ​ဖွယ် လျင်​မြန်​စွာ​သွား​လာ​ကြ​၏။

ထို​ဘီး​အား​လုံး​သည်​ကျောက်​မျက်​ရ​တ​နာ​ကဲ့​သို့ တောက်​ပ​လျက်​တစ်​ခု​နှင့်​တစ်​ခု​တူ​ကြ​၏။ ဘီး​တိုင်း​တွင်​အ​လယ်​မှ​ထောင့်​မှန်​ကန့်​လန့်​ဖြတ်​၍​နေ​သော​ဘီး​တစ်​ခု​ရှိ​၏။-

သူ​တို့​ပျံ​သန်း​ကြ​သော​အ​ခါ​အ​တောင်​ခတ်​သည့်​အ​သံ​ကို​ငါ​ကြား​ရ​၏။ ထို​အ​သံ​သည်​ပင်​လယ်​မြည်​ဟည်း​သ​ကဲ့​သို့​လည်း​ကောင်း၊ ကြီး​မား​သော​စစ်​သည်​ဗိုလ်​ခြေ​တို့​၏​အ​သံ​ကဲ့​သို့​ကဲ့​သို့​လည်း​ကောင်း၊ အ​နန္တ​တန်​ခိုး​ရှင်​ဘု​ရား​သ​ခင်​၏​အ​သံ​တော်​ကဲ့​သို့​ဖြစ်​၏။ သူ​တို့​ရပ်​နား​ကြ​သော​အ​ခါ​မိ​မိ​တို့​၏​အ​တောင်​များ​ကို​ချ​ထား​ကြ​၏။-

သူ​တို့​၏​ခြေ​တို့​သည်​ဖြောင့်​တန်း​လျက်​နေ​သော်​လည်း ယင်း​တို့​တွင်​နွား​ခွာ​နှင့်​တူ​သော​ခွာ​များ​ရှိ​၏။ ထို​သတ္တ​ဝါ​တို့​သည်​တိုက်​ချွတ်​ထား​သော​ကြေး​ဝါ​ကဲ့​သို့​တောက်​ပြောင်​လျက်​နေ​၏။-

ထို​သတ္တ​ဝါ​တို့​၏​နံ​ဘေး​၌​ရ​ထား​ဘီး​တစ် ခု​စီ​ရှိ​သည်​ကို​လည်း​ကောင်း​ငါ​မြင်​ရ​၏။ ထို ဘီး​တို့​သည်​ကျောက်​မျက်​ရ​တ​နာ​များ​ကဲ့ သို့​အ​ရောင်​အ​ဝါ​ထွက်​လျက်​နေ​၏။ ယင်း​တို့ သည်​ပုံ​သဏ္ဌာန်​အ​ရွယ်​အ​စား​ချင်း​တူ​ညီ ကြ​လျက် ဘီး​တိုင်း​တွင်​အ​ခြား​ဘီး​တစ်​ခု က​ကန့်​လန့်​ဖြတ်​ထောင့်​မှန်​ကျ​ကျ​တပ်​ဆင် ထား​၏။-

ကိုယ်​တော်​သည်​ငါ့​အား​ထို​မြို့​အ​နီး​သို့​ခေါ်​ဆောင်​သွား​တော်​မူ​သော​အ​ခါ ငါ​သည်​ကြေး​ဝါ​ကဲ့​သို့​တောက်​ပြောင်​လျက်​နေ​သော​လူ​တစ်​ယောက်​ကို​မြင်​ရ​၏။ သူ​သည်​ပေ​ကြိုး​နှင့်​တိုင်း​တာ​ရန် ကူ​လုံး​တို့​ကို​ကိုင်​ကာ​မြို့​တံ​ခါး​ဝ​တွင်​ရပ်​လျက်​နေ​၏။

ငါ​သည်​မော်​၍​ကြည့်​လိုက်​သော​အ​ခါ​မီး​လျှံ​တောက်​နေ​သော​လူ​ပုံ​သဏ္ဌာန်​တစ်​ခု​ကို​မြင်​ရ​၏။ သူ​၏​ခါး​မှ​ခြေ​ဖျား​အ​ထိ​အောက်​ပိုင်း​တစ်​ခု​လုံး​သည်​မီး​နှင့်​တူ​၍ အ​ထက်​ပိုင်း​တစ်​ခု​လုံး​မှာ​တိုက်​ချွတ်​ထား​သည့်​ကြေး​ဝါ​သ​ဖွယ်​တောက်​ပ​လျက်​နေ​၏။-

သူ​တို့​၏​ရှေ့​တွင်​ကိုယ်​တော်​၏​အ​ဆင်း​သဏ္ဌာန်​တော် သည်​ပြောင်း​လဲ​သွား​၏။ မျက်​နှာ​တော်​သည်​နေ​ကဲ့ သို့​တောက်​ပ​လျက်​အ​ဝတ်​တော်​များ​သည်​လည်း အ​လင်း​ကဲ့​သို့​ဖြူ​လျက်​နေ​၏။-

သူ​၏​အ​ဆင်း​သဏ္ဌာန်​သည်​လျှပ်​စစ်​လက်​သ​ကဲ့​သို့ ဖြစ်​၍​သူ​၏​အ​ဝတ်​သည်​မိုး​ပွင့်​ကဲ့​သို့​ဖြူ​၏။-

ဆု​တောင်း​ပတ္ထ​နာ​ပြု​လျက်​နေ​တော်​မူ​စဉ်​မျက်​နှာ တော်​၏​အ​ဆင်း​အ​ရောင်​သည်​ထူး​ခြား​လာ​လျက်၊ အ​ဝတ်​တော်​သည်​ဖြူ​ဖွေး​တောက်​ပ​လာ​၏။-

ထို​နောက်​ကောင်း​ကင်​မှ​ခွန်​အား​ကြီး​မား​သော ကောင်း​ကင်​တ​မန်​တစ်​ပါး​ဆင်း​သက်​လာ​သည် ကို​ငါ​မြင်​ရ​၏။ သူ​သည်​မိုး​တိမ်​ကို​ဝတ်​ဆင် ၍​သူ​၏​ဦး​ခေါင်း​ပတ်​လည်​တွင်​သက်​တန့်​ရှိ​၏။ သူ​၏​မျက်​နှာ​သည်​နေ​နှင့်​တူ​၏။ သူ​၏​ခြေ ထောက်​တို့​သည်​မီး​ဖြင့်​ပြီး​သော​တိုင်​များ နှင့်​တူ​၏။-

သူ​၏​မျက်​လုံး​တော်​တို့​သည်​မီး​လျှံ​ကဲ့​သို့ တောက်​ပ​၏။ သူ​၏​ဦး​ခေါင်း​တော်​တွင်​သ​ရ​ဖူ များ​ကို​ဆောင်း​ထား​၏။ မိ​မိ​မှ​တစ်​ပါး အ​ခြား​မည်​သူ​မျှ​မ​သိ​သည့်​အ​မည်​နာ​မ တော်​ကို​သူ​၏​အ​ပေါ်​မှာ​ရေး​မှတ်​ထား​၏။-

သွာ​တိ​ရ​မြို့​အ​သင်း​တော်​၏​ကောင်း​ကင်​တ​မန် ထံ​သို့​ဤ​သို့​စာ​ရေး​၍​သြ​ဝါ​ဒ​ပေး​လော့။ ``ဤ​သြ​ဝါ​ဒ​သည်​ဘု​ရား​သ​ခင်​၏​သား​တော် ထံ​မှ​ဖြစ်​၏။ ထို​အ​ရှင်​၏​မျက်​စိ​တော်​များ​သည် မီး​လျှံ​သ​ဖွယ်​တောက်​ပ​လျက်၊ ခြေ​တော်​များ သည်​တောက်​ပြောင်​သော​ကြေး​ဝါ​ကဲ့​သို့​ဖြစ်​၏။-

ပဉ္စမ​အုတ်​မြစ်​မှာ​ကြောင်၊ ဆ​ဋ္ဌ​မ​အုတ်​မြစ်​မှာ​ပတ္တမြား၊ သတ္တမ​အုတ်​မြစ်​မှာ​ဂေါ​ဒန်​ကျောက်၊ အ​ဋ္ဌ​မ​အုတ်​မြစ် မှာ​မျက်​ရွဲ၊ န​ဝ​မ​အုတ်​မြစ်​မှာ​ဥ​ဿ​ဖ​ရား၊ ဒ​သ​မ အုတ်​မြစ်​မှာ​မ​ဟူ​ရာ​စိမ်း၊ ဧ​က​ဒ​သ​မ​အုတ်​မြစ် မှာ​စိမ်း​ပြာ​ကျောက်၊ ဒွါ​ဒ​သ​မ​အုတ်​မြစ်​မှာ​ဂေါ် မုတ်​ဖြစ်​သ​တည်း။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ