Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ထွက်​မြောက် 6:13

Common Language Bible

ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​နှင့်​အာ​ရုန်​တို့ အား``ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို​အီ​ဂျစ် ပြည်​မှ​ထုတ်​ဆောင်​ရန်​သင်​တို့​အား ငါ​အ​မိန့် ပေး​တော်​မူ​ကြောင်း​ဣသ​ရေ​လ​အ​မျိုး​သား တို့​နှင့်​အီ​ဂျစ်​ဘု​ရင်​အား​ပြော​ကြား​လော့'' ဟု​မိန့်​တော်​မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

14 ပူးပေါင်းရင်းမြစ်များ  

သွား​လေ​ရာ​ရာ​၌​သင့်​ကို​စောင့်​ရှောက်​စေ​ရန် ဘု​ရား​သ​ခင်​သည်​မိ​မိ​၏​ကောင်း​ကင်​တ​မန် များ​ကို တာ​ဝန်​ပေး​အပ်​တော်​မူ​လိမ့်​မည်။

ထို​အ​ခါ​မော​ရှေ​က``ဣသ​ရေ​လ​အ​မျိုး​သား တို့​က​ပင်​လျှင် အ​ကျွန်ုပ်​၏​စ​ကား​ကို​နား​မ ထောင်​ဘဲ စ​ကား​ထစ်​သူ​အ​ကျွန်ုပ်​၏​စ​ကား ကို​ဘု​ရင်​က​မည်​သို့​နား​ထောင်​ပါ​မည်​နည်း'' ဟု​ထာ​ဝ​ရ​ဘု​ရား​အား​လျှောက်​လေ​၏။

ဣ​သ​ရေ​လ​အ​မျိုး​သား မိ​သား​စု​များ​၏ အ​ကြီး​အ​ကဲ​တို့​ကို​ဖော်​ပြ​ပေ​အံ့။ ယာ​ကုပ် ၏​သား​ဦး​ဖြစ်​သူ​ရု​ဗင်​၏​သား​များ​မှာ​ဟာ နုတ်၊ ဖာ​လု၊ ဟေ​ဇ​ရုံ၊ ကာ​မိ​တို့​ဖြစ်​ကြ​၏။ ဤ သူ​တို့​သည်​မိ​မိ​တို့​၏​နာမည်​များ​ကို​ခံ​ယူ သော​အ​ဆက်​အ​နွယ်​များ​၏​ဖ​ခင်​များ​ဖြစ် ကြ​၏။-

ထာ​ဝ​ရ​ဘု​ရား​က``ဣ​သ​ရေ​လ​အ​မျိုး​သား တို့​အား အီ​ဂျစ်​ပြည်​မှ​ထုတ်​ဆောင်​လော့'' ဟု စေ​ခိုင်း​တော်​မူ​ခြင်း​ခံ​ရ​သူ​တို့​သည်​ကား အာ​ရုန်​နှင့်​မော​ရှေ​တို့​ဖြစ်​သ​တည်း။-

ယဇ်​ပု​ရော​ဟိတ်​ဧ​လာ​ဇာ​နှင့်​လူ​အ​ပေါင်း​တို့ ရှေ့​တွင် သူ့​ကို​ရပ်​စေ​၍​သင့်​ကို​ဆက်​ခံ​သူ အ​ဖြစ်​ကြေ​ညာ​လော့။-

ထို​နောက်​မော​ရှေ​သည်​ထာ​ဝ​ရ​ဘု​ရား​မိန့် တော်​မူ​သည်​အ​တိုင်း ယော​ရှု​၏​ဦး​ခေါင်း​ပေါ် တွင်​လက်​ကို​တင်​၍​မိ​မိ​အား​ဆက်​ခံ​သူ အ​ဖြစ်​ကြေ​ညာ​လေ​၏။

``ဘု​ရား​သ​ခင်​သည်​သင့်​အား​ကာ​ကွယ်​စောင့် ရှောက်​ရန်​ကောင်း​ကင်​တ​မန်​တို့​အား အ​မိန့်​ပေး​တော်​မူ​မည်​ဖြစ်​ရာ၊သူ​တို့​သည် သင်​၏​ခြေ​ကို​ကျောက်​ခဲ​များ​နှင့်​မ​ထိ​မ​ခိုက်​မိ စေ​ရန်၊ သင့်​အား​ချီ​ပင့်​ကြ​လိမ့်​မည်​ဟု​ကျမ်း​စာ​တော်​တွင် ပါ​ရှိ​ပါ​၏။ သို့​ဖြစ်​၍​အ​ရှင်​သည်​ထာ​ဝ​ရ​ဘု​ရား​၏ သား​တော်​မှန်​လျှင်​အောက်​သို့​ခုန်​ချ​ပါ​လော့'' ဟု​လျှောက်​၏။

ထို့​နောက်​ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား``သင် စု​တေ​ရ​သော​အ​ချိန်​နီး​လာ​ပြီ။ ငါ​သည် ယော​ရှု​အား​ညွှန်​ကြား​နိုင်​ရန် သူ့​ကို​ပ​ဋိ​ညာဉ် တဲ​တော်​သို့​ခေါ်​ခဲ့​လော့'' ဟု​မိန့်​တော်​မူ​၏။ မော​ရှေ​နှင့်​ယော​ရှု​တို့​သည်​တဲ​တော်​သို့​သွား ကြ​ရာ၊-

ငါ့​သား​တိ​မော​သေ၊ အ​ခါ​တစ်​ပါး​က​သင့်​ကို ရည်​စူး​၍​ပ​ရော​ဖက်​တို့​ဟော​ကြား​ကြ​သည့် အ​တိုင်း ငါ​သည်​ဤ​အ​လုပ်​တာ​ဝန်​ကို​သင့်​အား ပေး​အပ်​၏။ ကောင်း​စွာ​တိုက်​ခိုက်​ရန်​ထို​ပ​ရော​ဖက် တို့​ဟော​ကြား​ခဲ့​သည့်​စ​ကား​များ​ကို​လက်​နက် သ​ဖွယ်​အ​သုံး​ပြု​လော့။-

ဤ​ညွှန်​ကြား​ချက်​များ​ကို​လိုက်​နာ​ဆောင်​ရွက်​ရန် ဘု​ရား​သ​ခင်​နှင့်​ခ​ရစ်​တော်​ယေ​ရှု​၏​ရှေ့​တော် ၌​လည်း​ကောင်း၊ သန့်​ရှင်း​မြင့်​မြတ်​သော​ကောင်း​ကင် တ​မန်​များ​ရှေ့​၌​လည်း​ကောင်း​သင့်​အား​ငါ​သစ္စာ ပေး​၏။ သင်​သည်​အ​ဘယ်​အ​ခါ​၌​မျှ​ကြို​တင် စီ​ရင်​ဆုံး​ဖြတ်​မှု​နှင့်​ဘက်​လိုက်​မှု​ကို​မ​ပြု​နှင့်။-

အ​ရာ​ခပ်​သိမ်း​တို့​ကို​အ​သက်​ရှင်​စေ​တော် မူ​သော​ဘု​ရား​သ​ခင်​၏​ရှေ့​တော်​မှောက်​၌ လည်း​ကောင်း၊ ပုန္တိ​ပိ​လတ်​မင်း​၏​ရှေ့​တွင်​မိ​မိ ၏​ယုံ​ကြည်​ချက်​ကို​ခိုင်​မာ​စွာ​ဖော်​ပြ​တော် မူ​သော ခ​ရစ်​တော်​ယေ​ရှု​၏​ရှေ့​တော်​မှောက် ၌​လည်း​ကောင်း သင့်​အား​ဤ​အ​လုပ်​တာ​ဝန် ကို​ဆောင်​ရွက်​ရန်​ငါ​ပညတ်​၏။-

လော​ကီ​စည်း​စိမ်​ဥစ္စာ​ကြွယ်​ဝ​သူ​တို့​အား မာန်​မာ​န​မ​ထား​ကြ​ရန်​သ​တိ​ပေး​လော့။ သူ​တို့​သည်​မ​တည်​မြဲ​သည့်​စည်း​စိမ်​ချမ်း သာ​ကို​မ​မျှော်​ကိုး​ဘဲ၊ ငါ​တို့​ခံ​စား​နိုင်​စေ ရန်​ခပ်​သိမ်း​သော​အ​ရာ​တို့​ကို​ရက်​ရော​စွာ ပေး​တော်​မူ​သော​ဘု​ရား​သ​ခင်​အား​မျှော် ကိုး​ရ​ကြ​မည်။-

အ​လုပ်​ဝတ္တ​ရား​ထမ်း​ဆောင်​နေ​ဆဲ​ဖြစ်​သော စစ်​သား​သည်​မိ​မိ​နှင့်​မ​ဆိုင်​သည့်​အ​ရေး အ​ခင်း​များ​တွင်​ပါ​ဝင်​မှု​ကို​ရှောင်​ရှား​တတ်​၏။ သူ​၏​တစ်​ခု​တည်း​သော​ရည်​ရွယ်​ချက်​မှာ မိ​မိ​တပ်​မှူး​၏​ကျေ​နပ်​မှု​ကို​ရ​ရှိ​ရန်​ပင် ဖြစ်​ပေ​သည်။-

ဘု​ရား​သ​ခင်​၏​ရှေ့​တော်​မှောက်​၌​လည်း​ကောင်း သေ​သူ​ရှင်​သူ​တို့​ကို​တ​ရား​စီ​ရင်​တော်​မူ​မည့် ခ​ရစ်​တော်​ယေ​ရှု​၏​ရှေ့​တော်​မှောက်​၌​လည်း ကောင်း ကိုယ်​တော်​သည်​အုပ်​စိုး​ရန်​ဘု​ရင်​အ​ဖြစ် ကြွ​လာ​မည်​ဖြစ်​၍​သင့်​အား​ငါ​သစ္စာ​ပေး​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ