ထွက်မြောက် 6:12Common Language Bibleထိုအခါမောရှေက``ဣသရေလအမျိုးသား တို့ကပင်လျှင် အကျွန်ုပ်၏စကားကိုနားမ ထောင်ဘဲ စကားထစ်သူအကျွန်ုပ်၏စကား ကိုဘုရင်ကမည်သို့နားထောင်ပါမည်နည်း'' ဟုထာဝရဘုရားအားလျှောက်လေ၏။ အခန်းကိုကြည့်ပါ။ |
ထိုအခါမောရှေက``အကျွန်ုပ်သည်ဣသ ရေလအမျိုးသားတို့ထံသို့သွား၍၊ သူတို့ အား`သင်တို့ဘိုးဘေးတို့၏ဘုရားသခင် သည် ငါ့အားသင်တို့ထံသို့စေလွှတ်လိုက်သည်' ဟုပြောလျှင်သူတို့က`ထိုဘုရား၏နာမ တော်ကားမည်သို့ခေါ်ပါသနည်း' ဟုမေး သည်ရှိသော်အကျွန်ုပ်ကမည်သို့ဖြေကြား ရပါမည်နည်း'' ဟုမေးလျှောက်လေ၏။
သို့ရာတွင် မောရှေကလည်း``အို ထာဝရဘုရား၊ အကျွန်ုပ်အားစေလွှတ်တော်မမူပါနှင့်။ အကျွန်ုပ် သည်မည်သည့်အခါကမျှနှုတ်သတ္တိမရှိခဲ့ ပါ။ ကိုယ်တော်ရှင်ကအကျွန်ုပ်အားမိန့်ကြား ပြီးသည်အခါ၌ပင်၊ နှုတ်သတ္တိမရှိသေးပါ။ အကျွန်ုပ်သည်နှုတ်စ၊ လျှာစလေးသူ၊ စကား ပြောနှေးသူဖြစ်ပါသည်'' ဟုလျှောက်လေ၏။
ငါကလည်း၊``ငါ၌မျှော်လင့်စရာမရှိတော့ပြီ။ ငါသည်အမင်္ဂလာရှိပါသည်တကား။ ငါ၏နှုတ်ထွက်စကားမှန်သမျှသည်ညစ်ညမ်း၍ ညစ်ညမ်းသောစကားကိုသာလျှင်ပြောဆိုတတ်သူတို့အထဲတွင်ငါနေထိုင်ရ၏။ သို့ရာတွင်ယခုငါသည် အနန္တတန်ခိုးရှင်ထာဝရဘုရားတည်းဟူသောဘုရင်မင်းကိုဖူးမြင်ရလေပြီ'' ဟုဆို၏။