ထွက်မြောက် 30:30Common Language Bibleထိုနောက်အာရုန်နှင့်သူ၏သားတို့ကို၊ ငါ၏ ယဇ်ပုရောဟိတ်များအဖြစ်အမှုထမ်းစေ ရန် သူတို့အားနံ့သာဆီဖြင့်ဘိသိက်ပေး လော့။- အခန်းကိုကြည့်ပါ။ |
ထိုနောက်သူတို့အားယဇ်ပုရောဟိတ်အမှု ကိုဆောင်ရွက်စေရန် သူတို့၏အဖအားဘိ သိက်ပေးသကဲ့သို့၊ သူတို့အားဘိသိက်ဆီ လောင်း၍ဆက်ကပ်လော့။ သူတို့အားဤကဲ့ သို့ဘိသိက်ဆီလောင်းခြင်းအားဖြင့်၊ သူတို့ ၏သားစဉ်မြေးဆက်တို့သည် ယဇ်ပုရော ဟိတ်အရာကိုအမြဲဆက်ခံရကြ လိမ့်မည်'' ဟုမိန့်တော်မူ၏။
ထိုအခါမောရှေကအာရုန်အား``ထာဝရ ဘုရားက`ငါ၏အမှုတော်ကိုဆောင်ရွက်သူ အပေါင်းတို့သည် ငါ၏သန့်ရှင်းခြင်းဂုဏ်တော် ကိုရိုသေလေးစားရကြမည်။ ငါ၏လူမျိုး တော်အားငါ့ဘုန်းအသရေကိုပေါ်လွင်ထင် ရှားစေမည်' ဟူ၍မိန့်တော်မူရာဤအမှုကို ရည်ဆောင်၍မိန့်တော်မူခြင်းဖြစ်သည်'' ဟု ဆိုလေ၏။ ထိုအခါအာရုန်သည်တိတ် ဆိတ်စွာနေလေ၏။
ထို့နောက်မောရှေသည်သိက္ခာတင်ဆီအနည်း ငယ်နှင့်ယဇ်ပလ္လင်ပေါ်တွင်ရှိသောသွေးအနည်း ငယ်ကိုယူ၍ အာရုန်နှင့်သူ၏သားများအပေါ် သို့လည်းကောင်း၊ သူတို့၏အဝတ်များအပေါ် သို့လည်းကောင်းပက်ဖျန်းလေသည်။ ယင်းသို့ ပြုလုပ်ခြင်းအားဖြင့်သူသည် အာရုန်နှင့် သူ၏သားများနှင့်တကွသူတို့ဝတ်ဆင် သောအဝတ်များကို ထာဝရဘုရားထံ ဆက်ကပ်လေသည်။