ထိုအရာများကိုဤသို့ဆက်ကပ်ခြင်းဖြင့်၊ အလွန်သန့်ရှင်းစေလော့။ ထိုအရာများကို ထိမိသောအရာဟူသမျှတို့သည် သန့် ရှင်းလိမ့်မည်။-
ခုနစ်ရက်တိုင်အောင်နေ့စဉ်ဤသို့ပြုလုပ်ရ မည်။ ထိုအခါယဇ်ပလ္လင်သည်အလွန်သန့်ရှင်း သဖြင့်၊ ပလ္လင်နှင့်ထိမိသောအရာနှင့်လူမှန် သမျှတို့သည်ဘေးသင့်လိမ့်မည်။
မီးရှို့ရာယဇ်ပူဇော်သောပလ္လင်နှင့်သက်ဆိုင်ရာ ပစ္စည်းရှိသမျှတို့ကိုလည်းကောင်း၊ အင်တုံနှင့် အောက်ခြေခံကိုလည်းကောင်း၊ ထိုနံ့သာဆီ ဖြင့်သုတ်လိမ်းလော့။-
ထိုနောက်အာရုန်နှင့်သူ၏သားတို့ကို၊ ငါ၏ ယဇ်ပုရောဟိတ်များအဖြစ်အမှုထမ်းစေ ရန် သူတို့အားနံ့သာဆီဖြင့်ဘိသိက်ပေး လော့။-
ထိုနောက်ယဇ်ကောင်မီးရှို့ရာပလ္လင်နှင့်ဆိုင် ရာပစ္စည်းရှိသမျှတို့ကိုလည်းဘိသိက် ဆီသွန်းလောင်း၍၊ အလွန်သန့်ရှင်းစေလော့။-
အာရုန်၏အဆက်အနွယ်ယောကျာ်းတို့သည် ထာဝရဘုရားအား ပူဇော်သောဘောဇဉ် သကာမှဝေစုကိုထာဝစဉ်စားသုံးစေရ မည်။ အခြားသူတစ်စုံတစ်ယောက်က ထို ဘောဇဉ်သကာကိုထိကိုင်မိလျှင် ထိုဘောဇဉ် ၏သန့်ရှင်းမြင့်မြတ်မှုကြောင့်ဘေးသင့်လိမ့် မည်။
ထိုနောက်မောရှေသည်သိက္ခာတင်ဆီကိုယူ ၍ ထာဝရဘုရားစံတော်မူရာတဲတော် နှင့်တဲတော်အတွင်းရှိပစ္စည်းတန်ဆာအား လုံးကိုလိမ်းလေ၏။ ဤနည်းအားဖြင့်ထာဝရ ဘုရားအားတဲတော်နှင့်တဲတော်ဆိုင်ရာ ပစ္စည်းရှိသမျှကိုဆက်ကပ်လေသည်။-
ထိုနောက်မောရှေသည်ဆီအနည်းငယ်ကို ယူပြီးလျှင် ယဇ်ပလ္လင်နှင့်ယဇ်ပလ္လင်ဆိုင်ရာပစ္စည်း တန်ဆာတို့ကိုလည်းကောင်း၊ အင်တုံနှင့်၎င်း ၏အောက်ခြေကိုလည်းကောင်းခုနစ်ကြိမ် ဖျန်း၍ထာဝရဘုရားအားဆက်ကပ် လေသည်။-
မောရှေသည်တဲတော်ကိုတည်ဆောက်ပြီး သောနေ့တွင် တဲတော်နှင့်သက်ဆိုင်ရာပစ္စည်း များကိုလည်းကောင်း၊ ယဇ်ပလ္လင်နှင့်သက်ဆိုင် သောပစ္စည်းများကိုလည်းကောင်း ဘိသိက်ဆီ လောင်း၍ထာဝရဘုရားအားဆက်ကပ် လေသည်။-
လူမိုက်တို့၊ သင်တို့၏မျက်စိသည်ကန်းလှသည် တကား။ အဘယ်အရာကပို၍အရေးကြီးပါ သနည်း။ ရွှေလော။ သို့မဟုတ်ရွှေကိုမြင့်မြတ် သန့်ရှင်းစေသည့်ဗိမာန်တော်လော။-
သင်တို့၏မျက်စိသည်ကန်းလှသည်တကား။ အဘယ်အရာကပို၍အရေးကြီးပါသနည်း။ ပူဇော်သကာလော။ သို့မဟုတ်ပူဇော်သကာကို မြင့်မြတ်သန့်ရှင်းစေသည့်ယဇ်ပလ္လင်လော။-