Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ထွက်​မြောက် 29:41

Common Language Bible

ည​နေ​တွင်​ဒု​တိ​ယ​သိုး​ကို​ပူ​ဇော်​လော့။ နံ နက်​တွင်​ပူ​ဇော်​သော​မုန့်​ညက်၊ သံ​လွင်​ဆီ၊ စ​ပျစ် ရည်​အ​ခြင်​အ​တွယ်​အ​တိုင်း၊ ည​နေ​၌​လည်း ပူ​ဇော်​လော့။ ဤ​သည်​ကား​ငါ​ထာ​ဝ​ရ​ဘု​ရား နှစ်​သက်​တော်​မူ​သော​မွှေး​ကြိုင်​သည့်​ပူ​ဇော် သ​ကာ​ဖြစ်​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

11 ပူးပေါင်းရင်းမြစ်များ  

သူ​တို့​သည်​ည​နေ​စောင်း​တိုင်​အောင်​ကျယ်​လောင် စွာ​ဟစ်​အော်​ကြ​သော်​လည်း​အ​ဖြေ​မ​ရ​ကြ။ မည်​သည့်​အ​သံ​ကို​လည်း​မ​ကြား​ရ​ကြ။

ညဥ့်​ဦး​ယံ​ယဇ်​ပူ​ဇော်​ချိန်​ရောက်​သော​အ​ခါ ပ​ရော​ဖက်​ဧ​လိ​ယ​သည်​ယဇ်​ပလ္လင်​အ​နီး​သို့ ချဉ်း​ကပ်​၍``အို အာ​ဗြ​ဟံ၊ ဣ​ဇာက်၊ ယာ​ကုပ်​တို့ ၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော် သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား ဖြစ်​တော်​မူ​ကြောင်း​ကို​လည်း​ကောင်း၊ အ​ကျွန်ုပ် သည်​ကိုယ်​တော်​၏​အ​စေ​ခံ​ဖြစ်​၍​ဤ​အ​မှု အ​ရာ​အ​လုံး​စုံ​ကို ကိုယ်​တော်​၏​အ​မိန့်​တော် အ​ရ​ပြု​ကြောင်း​ကို​လည်း​ကောင်း​ယ​နေ့​သိ ကြ​ပါ​စေ​သော။-

ဥ​ရိ​ယ​အား``ငါ​၏​ယဇ်​ပလ္လင်​ကြီး​ကို​နံ​နက်​ချိန် မီး​ရှို့​ရာ​ယဇ်​နှင့် ည​နေ​ချိန်​ဘော​ဇဉ်​ပူ​ဇော်​သ​ကာ များ​အ​တွက်​လည်း​ကောင်း၊ ဘု​ရင်​နှင့်​ပြည်​သူ​တို့ ၏​မီး​ရှို့​ရာ​ယဇ်​နှင့်​ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​များ၊ ပြည်​သူ​တို့​၏​စ​ပျစ်​ရည်​ပူ​ဇော်​သ​ကာ​များ အ​တွက်​လည်း​ကောင်း​အ​သုံး​ပြု​လော့။ ထို​ယဇ် ပလ္လင်​ပေါ်​တွင်​ယဇ်​ကောင်​ရှိ​သ​မျှ​တို့​၏​သွေး ကို​သွန်း​လောင်း​လော့။ ကြေး​ဝါ​ပလ္လင်​မှာ​ငါ အ​တိတ်​နိ​မိတ်​ဖတ်​ခြင်း​ကို​မေး​လျှောက်​ရာ ဖြစ်​ရ​မည်'' ဟု​အ​မိန့်​ပေး​သည့်​အ​တိုင်း၊-

ရှော​လ​မုန်​သည်​တု​ရု​ဘု​ရင်​ဟိ​ရံ​ထံ​သို့ သံ​တ​မန်​စေ​လွှတ်​၍``အ​ဆွေ​တော်​သည်​အ​ကျွန်ုပ် ၏​ခမည်း​တော်​ဒါ​ဝိဒ်​အား​နန်း​တော်​ဆောက်​လုပ် ရန်​အ​တွက်​သစ်​က​တိုး​သား​များ​ကို​ရောင်း ချ​ပေး​ခဲ့​သည့်​နည်း​တူ​ကျွန်ုပ်​နှင့်​လည်း​ကုန် သွယ်​မှု​ကို​ပြု​ပါ​လော့။-

ကျွန်​တော်​မျိုး​၏​ဆု​တောင်း​ပတ္ထ​နာ​ကို​မီး​ရှို့ ပူ​ဇော်​ရာ နံ့​သာ​ပေါင်း​ကဲ့​သို့​လည်း​ကောင်း၊ ကျွန်​တော်​မျိုး​လက်​အုပ်​ချီ​ခြင်း​ကို​ညဥ့်​ဦး ပူ​ဇော်​ရာ ယဇ်​ကဲ့​သို့​လည်း​ကောင်း​လက်​ခံ​တော်​မူ​ပါ။

ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​ထို​သား​ကောင် များ​ကို​ထိန်း​ကျောင်း​ထား​ပြီး​လျှင် ပ​ထ​မ​လ တစ်​ဆယ်​လေး​ရက်​နေ့​ည​ဦး​ပိုင်း​၌​ယင်း​သား ကောင်​တို့​ကို​သတ်​ရ​မည်။-

ပ​ထ​မ​သိုး​နှင့်​အ​တူ​ဂျုံ​မုန့်​ညက်​နှစ်​ပေါင်​နှင့် သံ​လွင်​ဆီ​တစ်​ကွတ်​ရော​သော​ပူ​ဇော်​သ​ကာ ကို​လည်း​ပူ​ဇော်​ရ​မည်။ စ​ပျစ်​ရည်​တစ်​ကွတ် ကို​လည်း​ပူ​ဇော်​သ​ကာ​အ​ဖြစ်​လောင်း​ချ ရ​မည်။-

ငါ​စံ​ရာ​တဲ​တော်​တံ​ခါး​ဝ​၌​ဤ​မီး​ရှို့​ရာ ယဇ်​ကို၊ ငါ​၏​ရှေ့​တော်​တွင်​သား​စဉ်​မြေး​ဆက် ပူ​ဇော်​ရ​မည်။ ထို​နေ​ရာ​တွင်​ငါ​သည်​ငါ​၏ လူ​မျိုး​တော်​နှင့်​တွေ့​ဆုံ​စ​ကား​ပြော​မည်။-

ယင်း​သို့​ငါ​ဆု​တောင်း​ပတ္ထနာ​ပြု​လျက်​နေ စဉ် ယ​ခင်​ဗျာ​ဒိတ်​ရူ​ပါ​ရုံ​တွင်​ငါ​တွေ့​မြင် ခဲ့​သူ၊ ဂါ​ဗြေ​လ​သည်​ငါ​ရှိ​ရာ​သို့​ပျံ​ဝဲ ဆင်း​သက်​လာ​၏။ ထို​အ​ချိန်​ကား​ညဥ့်​ဦး ယံ​ယဇ်​ပူ​ဇော်​ရာ​အ​ချိန်​ဖြစ်​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ