ထွက်မြောက် 29:40Common Language Bibleပထမသိုးနှင့်အတူဂျုံမုန့်ညက်နှစ်ပေါင်နှင့် သံလွင်ဆီတစ်ကွတ်ရောသောပူဇော်သကာ ကိုလည်းပူဇော်ရမည်။ စပျစ်ရည်တစ်ကွတ် ကိုလည်းပူဇော်သကာအဖြစ်လောင်းချ ရမည်။- အခန်းကိုကြည့်ပါ။ |
ငါသည်သူတို့အားကျိန်ဆိုကတိပြုထား သည့်ပြည်သို့ခေါ်ဆောင်၍သွား၏။ သူတို့သည် မြင့်သောတောင်ကုန်းများနှင့်စိမ်းလန်းသော သစ်ပင်တို့ကိုမြင်သောအခါ ထိုအရပ်တို့ တွင်ယဇ်ပူဇော်ကြကုန်၏။ နံ့သာပေါင်းကို မီးရှို့ရာယဇ်နှင့်စပျစ်ရည်ပူဇော်သကာ ကိုဆက်ကပ်ကြ၏။ ဤနည်းအားဖြင့်သူ တို့သည်ငါ၏အမျက်တော်ကိုနှိုးဆော် ကြသည်။-
လဆန်းနေ့၊ ဥပုသ်နေ့နှင့်အခြားပွဲနေ့တို့၌ ဣသရေလအမျိုးသားတစ်ရပ်လုံးအတွက် မီးရှို့ရာယဇ်အတွက်တိရစ္ဆာန်များ၊ ဘောဇဉ် ပူဇော်သကာများနှင့်စပျစ်ရည်ပူဇော် သကာများကိုနန်းစံနေဆဲမင်းသားသည် ဆက်သရသောတာဝန်ရှိသည်။ သူသည် ဣသရေလအမျိုးသားတို့အပြစ်များ ပြေစေခြင်းငှာအပြစ်ဖြေရာယဇ်၊ ဘောဇဉ် ပူဇော်သကာ၊ မီးရှို့ရာယဇ်နှင့်မိတ်သဟာယဇ် တို့အတွက်စီမံရမည်'' ဟုမိန့်တော်မူ၏။
ပွဲနေ့များ၌ပြုမြဲပွဲတော်များမှာပူဇော် သည့်နွားထီးတစ်ကောင်နှင့်သိုးထီးတစ်ကောင် လျှင်ဘောဇဉ်ပူဇော်သကာမုန့်ညက်တင်းတစ် ဝက်၊ သိုးငယ်တစ်ကောင်နှင့်အတူကိုးကွယ် ဝတ်ပြုသူပေးလှူလိုသမျှကိုပူဇော်ရမည်။ ဘောဇဉ်ပူဇော်သကာမုန့်ညက်တင်းတစ်ဝက် လျှင် သံလွင်ဆီတစ်ပိဿာငါးဆယ်သားကို လည်းပူဇော်ရမည်။
ထိုနိုင်ငံများတွင်သူတို့သည်ထာဝရ ဘုရားအားစပျစ်ရည်ပူဇော်သကာကိုလည်း ကောင်း၊ ယဇ်ကောင်ကိုလည်းကောင်းပူဇော်နိုင် လိမ့်မည်မဟုတ်။ သူတို့စားသောအစားအစာ သည်အသုဘအိမ်မှကျွေးသောအစားအစာ ကဲ့သို့စားသူတိုင်းအားညစ်ညမ်းစေမည်။ သူ တို့သည်အဆာပြေရန်ထိုအစားအစာကို စားရမည်။ ထိုအစားအစာကိုပူဇော်သကာ အဖြစ်ဖြင့်ထာဝရဘုရား၏ဗိမာန်တော် သို့မယူဆောင်သွားရ။-
မသိမှားယွင်းခြင်းဖြစ်ခဲ့သည်ရှိသော် သူတို့သည် နွားထီးတစ်ကောင်ကိုမီးရှို့ရာ ယဇ်အဖြစ်ပူဇော်ရမည်။ ထိုသကာရနံ့ ကိုထာဝရဘုရားနှစ်သက်တော်မူ၏။ ထို ယဇ်ကောင်နှင့်အတူဘောဇဉ်သကာနှင့် စပျစ်ရည်သကာတို့ကိုလည်းတွဲဖက် ဆက်သရမည်။ ထို့အပြင်အပြစ်ဖြေရာ ယဇ်အတွက်ဆိတ်ထီးတစ်ကောင်ကို လည်းပူဇော်ရမည်။-