Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ထွက်​မြောက် 29:21

Common Language Bible

ယဇ်​ပလ္လင်​ပေါ်​တွင်​ရှိ​သော​သွေး​အ​နည်း​ငယ်​နှင့် ဘိ​သိက်​ဆီ​အ​နည်း​ငယ်​ကို​ယူ​၍၊ အာ​ရုန်​နှင့် သူ​၏​အဝတ်​အင်္ကျီ​တို့​အ​ပေါ်​၌​လည်း​ကောင်း၊ သူ​၏​သား​များ​နှင့်​သူ​တို့​၏​အ​ဝတ်​အင်္ကျီ​တို့ အ​ပေါ်​၌​လည်း​ကောင်း​ဖျန်း​ရ​မည်။ ဤ​နည်း အား​ဖြင့်​အာ​ရုန်​နှင့်​သူ​၏​အ​ဝတ်​အင်္ကျီ​တို့ ကို​လည်း​ကောင်း၊ သူ​၏​သား​များ​နှင့်​သူ​တို့ ၏​အ​ဝတ်​အင်္ကျီ​များ​ကို​လည်း​ကောင်း​ငါ့ အား​ဆက်​ကပ်​ရ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

16 ပူးပေါင်းရင်းမြစ်များ  

ယင်း​သို့​နေ​ထိုင်​မှု​သည်​အာ​ရုန်​၏​ဦး​ခေါင်း​မှ သူ​၏​မုတ်​ဆိတ်​နှင့်​ဝတ်​လုံ​အင်္ကျီ​လည်​ခွံ​သို့ တိုင်​အောင် စီး​ကျ​လာ​သည့်​အ​ဖိုး​တန်​ဘိ​သိက်​ဆီ​ကဲ့​သို့​ဖြစ်​၏။

``ယဇ်​ပု​ရော​ဟိတ်​များ​အ​ဖြစ်​ငါ​၏​အ​မှု​တော် ကို​ထမ်း​ဆောင်​ရန်​အာ​ရုန်​နှင့်​သူ​၏​သား​တို့​အား ဤ​သို့​ဆက်​ကပ်​ရ​မည်။ အ​ပြစ်​အ​နာ​ကင်း​သော နွား​ပေါက်​တစ်​ကောင်​နှင့်​သိုး​ထီး​နှစ်​ကောင်​ကို ယူ​ခဲ့​လော့။-

သိုး​ကို​သတ်​၍​သွေး​အ​နည်း​ငယ်​ကို​အာ​ရုန် နှင့်​သူ​၏​သား​များ​၏​ယာ​ဘက်​နား​ပျဉ်း၊ ယာ ဘက်​လက်​မ​နှင့်​ယာ​ဘက်​ခြေ​မ​တို့​ကို​သုတ် ရ​မည်။ ကျန်​ရှိ​နေ​သော​သွေး​ကို​ယဇ်​ပလ္လင်​၏ လေး​ဘက်​လေး​တန်​အ​ပေါ်​သို့​ပက်​ဖျန်း​ရ မည်။-

``သိုး​၏​အ​ဆီ၊ အ​ဆီ​ရှိ​သော​အ​မြီး၊ ဝမ်း​တွင်း ဆီ၊ အ​သဲ​မှ​အ​ဆီ၊ ကျောက်​ကပ်​နှစ်​လုံး​နှင့်​ယင်း တို့​ကို​ဖုံး​သော​အ​ဆီ​နှင့်​ယာ​ဘက်​ပေါင်​တို့ ကို​ဖြတ်​ယူ​ရ​မည်။-

ထို​နောက်​သူ​၏​ဦး​ခေါင်း​ပေါ်​မှာ​ဘိ​သိက်​ဆီ လောင်း​လျက်​ဘိ​သိက်​ပေး​ရ​မည်။

တစ်​ဖန်​သူ​သည်​လက်​ဖ​ဝါး​ထဲ​တွင်​ကျန်​ရှိ သော​ဆီ​ဖြင့် ထို​သူ​၏​ဦး​ခေါင်း​ကို​သုတ်​ရ​မည်။ ဤ​နည်း​အား​ဖြင့်​သန့်​စင်​ခြင်း​ဝတ်​ကို​ပြု ရ​မည်။-

ဤ​ဝေ​စု​သည်​အာ​ရုန်​နှင့်​သူ​၏​သား​တို့​ယဇ် ပု​ရော​ဟိတ်​များ​အ​ဖြစ် သိက္ခာ​ခံ​ယူ​သည့်​နေ့ ၌​ထာ​ဝ​ရ​ဘု​ရား​အား​ပူ​ဇော်​သော​ယဇ် ကောင်​မှ​ရ​ရှိ​ခဲ့​သော​ဝေ​စု​ဖြစ်​သည်။-

မော​ရှေ​သည်​သိုး​ကို​သတ်​ပြီး​လျှင်​သွေး အ​နည်း​ငယ်​ကို​ယူ​၍ အာ​ရုန်​၏​လက်​ယာ နား​ပျဉ်း​ကို​လည်း​ကောင်း၊ လက်​ယာ​လက်​မ နှင့်​လက်​ယာ​ခြေ​မ​တို့​ကို​လည်း​ကောင်း သုတ်​လေ​သည်။-

ထို့​နောက်​မော​ရှေ​သည်​သိက္ခာ​တင်​ဆီ​အ​နည်း ငယ်​နှင့်​ယဇ်​ပလ္လင်​ပေါ်​တွင်​ရှိ​သော​သွေး​အ​နည်း ငယ်​ကို​ယူ​၍ အာ​ရုန်​နှင့်​သူ​၏​သား​များ​အ​ပေါ် သို့​လည်း​ကောင်း၊ သူ​တို့​၏​အ​ဝတ်​များ​အ​ပေါ် သို့​လည်း​ကောင်း​ပက်​ဖျန်း​လေ​သည်။ ယင်း​သို့ ပြု​လုပ်​ခြင်း​အား​ဖြင့်​သူ​သည် အာ​ရုန်​နှင့် သူ​၏​သား​များ​နှင့်​တ​ကွ​သူ​တို့​ဝတ်​ဆင် သော​အ​ဝတ်​များ​ကို ထာ​ဝ​ရ​ဘု​ရား​ထံ ဆက်​ကပ်​လေ​သည်။

သူ​တို့​သည်​အ​မှု​တော်​ဆောင်​ရန်​အ​တွက်​မိ​မိ တို့​ကိုယ်​ကို​အ​မှန်​ဆက်​ကပ်​သူ​များ​ဖြစ်​လာ ကြ​စေ​ရန် အ​ကျွန်ုပ်​သည်​သူ​တို့​၏​အ​ကျိုး​ကို ထောက်​၍​မိ​မိ​ကိုယ်​ကို​ဆက်​ကပ်​ပါ​၏။''

ဘု​ရား​သ​ခင်​၏​သား​တော်​ကို​ရှုတ်​ချ​၍ မိ​မိ အား​အ​ပြစ်​မှ​သန့်​စင်​စေ​သည့်​ပ​ဋိ​ညာဉ် တ​ရား​ဆိုင်​ရာ​သွေး​တော်​ကို​မ​ထီ​မဲ့​မြင် ပြု​လျက် ကျေး​ဇူး​တော်​ကို​ပေး​သည့်​ဝိ​ညာဉ် တော်​ကို​စော်​ကား​သော​သူ​မူ​ကား အ​ဘယ်​မျှ ကြီး​လေး​သော​အ​ပြစ်​ဒဏ်​ခံ​ရ​မည်​ကို စဉ်း​စား​၍​ကြည့်​ကြ​လော့။-

ပ​ညတ်​တ​ရား​အ​ရ​အ​ရာ​ခပ်​သိမ်း​လို​လို​ပင် သွေး​အား​ဖြင့်​သန့်​စင်​မှု​ကို​ရ​ရှိ​ကြ​၏။ သွေး သွန်း​မှု​ရှိ​မှ​သာ​အ​ပြစ်​ပြေ​နိုင်​၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ