ထွက်မြောက် 29:20Common Language Bibleသိုးကိုသတ်၍သွေးအနည်းငယ်ကိုအာရုန် နှင့်သူ၏သားများ၏ယာဘက်နားပျဉ်း၊ ယာ ဘက်လက်မနှင့်ယာဘက်ခြေမတို့ကိုသုတ် ရမည်။ ကျန်ရှိနေသောသွေးကိုယဇ်ပလ္လင်၏ လေးဘက်လေးတန်အပေါ်သို့ပက်ဖျန်းရ မည်။- အခန်းကိုကြည့်ပါ။ |
ယဇ်ပလ္လင်ပေါ်တွင်ရှိသောသွေးအနည်းငယ်နှင့် ဘိသိက်ဆီအနည်းငယ်ကိုယူ၍၊ အာရုန်နှင့် သူ၏အဝတ်အင်္ကျီတို့အပေါ်၌လည်းကောင်း၊ သူ၏သားများနှင့်သူတို့၏အဝတ်အင်္ကျီတို့ အပေါ်၌လည်းကောင်းဖျန်းရမည်။ ဤနည်း အားဖြင့်အာရုန်နှင့်သူ၏အဝတ်အင်္ကျီတို့ ကိုလည်းကောင်း၊ သူ၏သားများနှင့်သူတို့ ၏အဝတ်အင်္ကျီများကိုလည်းကောင်းငါ့ အားဆက်ကပ်ရမည်။