ထွက်မြောက် 28:43Common Language Bibleအာရုန်နှင့်သူ၏သားတို့သည်ငါစံတော်မူ ရာတဲတော်ထဲသို့ဝင်သည့်အခါ၌ဖြစ်စေ၊ သန့်ရှင်းရာဌာန၌ယဇ်ပုရောဟိတ်အမှုကို ဆောင်ရန်ပလ္လင်နားသို့ချဉ်းကပ်သည့်အခါ၌ ဖြစ်စေ၊ အရှက်ပေါ်၍အသက်မသေစေအံ့ ငှာထိုဘောင်းဘီတိုများကိုဝတ်ဆင်ရမည်။ ဤပညတ်ကိုအာရုန်နှင့်သူ၏အဆက် အနွယ်တို့အမြဲစောင့်ထိန်းရမည်။ အခန်းကိုကြည့်ပါ။ |
အာရုန်နှင့်သူ၏သားတို့သည်ထာဝရဘုရား စံတော်မူရာ တဲတော်အတွင်းပဋိညာဉ်သေတ္တာ ကို ကာရံထားသောကန့်လန့်ကာအပြင်ဘက် တွင်၊ ထိုဆီမီးတိုင်ကိုညနေမှနံနက်ထိ ထာဝရဘုရား၏ရှေ့တော်တွင်ထွန်းထားရ မည်။ ဣသရေလအမျိုးသားတို့နှင့်သူတို့၏ အဆက်အနွယ်တို့သည် ဤပညတ်ချက်ကို အမြဲစောင့်ထိန်းရကြမည်။
ယဇ်ပုရောဟိတ်များသည်သန့်ရှင်းသောပူ ဇော်သကာကိုမစားထိုက်သောသူအားစား စေခြင်းဖြင့် ပူဇော်သကာကိုမညစ်ညမ်းစေ ရ၊ ထိုပူဇော်သကာကိုမစားထိုက်သူသည်စား မိလျှင်အပြစ်ကူးလွန်၍ဒဏ်ခံရမည်။ ငါ သည်ထာဝရဘုရားဖြစ်၏။ ငါသည်ပူဇော် သကာများကိုသန့်ရှင်းစေတော်မူ၏'' ဟု မိန့်တော်မူ၏။
အလှူထဲမှအကောင်းဆုံးကိုထာဝရဘုရား အား ဆက်သပြီးမှစားသုံးလျှင်သင်တို့၌ အပြစ်မရှိ။ သို့ရာတွင်သင်တို့သည်ဣသရေလ အမျိုးသားတို့ပေးသော အလှူမှအကောင်းဆုံး ကိုထာဝရဘုရားအားမဆက်သမီစားသုံး ခြင်းအားဖြင့် အလှူကိုမညစ်ညူးမိစေရန် သတိပြုလော့။ ညစ်ညူးမိလျှင်သင်တို့သည် သေဒဏ်သင့်လိမ့်မည်'' ဟုမိန့်တော်မူ၏။