သူတို့၏အရှက်လုံရန်ခါးမှပေါင်အထိရှည် သောအတွင်းခံဘောင်းဘီတိုများချုပ်ပေး ရမည်။-
ယဇ်ပလ္လင်တွင်လှေကားထစ်မရှိစေရ။ အကယ် ၍လှေကားထစ်ရှိခဲ့လျှင်သင်တို့သည်ပလ္လင် သို့တက်သည့်အခါ သင်တို့၏ကိုယ်အင်္ဂါ အစိတ်အပိုင်းကိုမြင်ရလိမ့်မည်။
ခေါင်းပေါင်း၊ ဦးထုပ်၊ ပိတ်ချောဘောင်းဘီ၊
သူတို့သည်မုခ်ပေါက်မှဗိမာန်တော်၏တံတိုင်း အတွင်းသို့ ဝင်သောအခါပိတ်ချောထည်ကို ဝတ်ဆင်ရကြမည်။ တံတိုင်းအတွင်းရှိဝင်း ထဲ၌သော်လည်းကောင်း၊ ဗိမာန်တော်ထဲ၌ သော်လည်းကောင်း တာဝန်ထမ်းဆောင်နေစဉ် မည်သည့်သိုးမွေးထည်ကိုမျှမဝတ်မဆင် ရကြ။-
ချွေးမထွက်စေရန်ပိတ်ချောခေါင်းပေါင်းကို ပေါင်း၍ပိတ်ချောဘောင်းဘီကိုဝတ်ဆင်ရ ကြမည်။ ခါးပတ်ကိုမဝတ်ရကြ။-
ထိုနောက်ထာဝရဘုရားသည် အောက်ပါညွှန် ကြားချက်များကိုပေးတော်မူ၏။ အာရုန်သည် အလွန်သန့်ရှင်းရာဌာနတော်ထဲသို့မဝင်မီ ရေချိုး၍ယဇ်ပုရောဟိတ်ဝတ်စုံများဖြစ် သောပိတ်ချောဝတ်ရုံ၊ ဘောင်းဘီ၊ ခါးစည်း နှင့်ဗောင်းထုပ်များကိုဝတ်ဆင်ရမည်။
ထိုနောက်ယဇ်ပုရောဟိတ်သည်ပိတ်ချော အပေါ်ရုံအင်္ကျီ၊ ပိတ်ချောဘောင်းဘီတို့ကို ဝတ်ဆင်၍ယဇ်ပလ္လင်ပေါ်ရှိယဇ်ကောင်မှ ကျွမ်းလောင်သောပြာကိုပလ္လင်ဘေးတွင် ထားရမည်။-
သူတစ်ပါးပျောက်ဆုံးသောပစ္စည်းကိုတွေ့ လျက်နှင့် မတွေ့ဟုကျိန်ဆို၍မုသားကို ပြောလျှင်လည်းကောင်း ထာဝရဘုရား အားပြစ်မှားကူးလွန်ရာရောက်သဖြင့်ယဇ် ပူဇော်ရမည်။-
သို့ဖြစ်၍သင်သည်ချမ်းသာကြွယ်ဝခြင်းငှာရွှေ စင်ကို ငါ့ထံမှဝယ်ယူရန်ငါအကြံပေး၏။ ထို့ အပြင်အဝတ်အချည်းစည်းဖြစ်မှုနှင့်အရှက် ကိုဖုံးရန်ဝတ်ဖြူစင်ကြယ်ကိုလည်းကောင်း၊ မျက် စိအလင်းရစေရန်မျက်စဉ်းဆေးကိုလည်း ငါ့ထံမှဝယ်ယူလော့။-