ထွက်မြောက် 23:1Common Language Bible``သင်တို့သည်မဟုတ်မမှန်သောသတင်း ကိုမလွှင့်နှင့်။ အပြစ်ကူးလွန်သူဘက်မှ မတရားသက်သေမခံနှင့်။- အခန်းကိုကြည့်ပါ။ |
ကျွန်တော်မျိုးသည်လူတို့တီးတိုးပြောဆိုနေသံကို ကြားရပါ၏။ သူတို့သည်ကျွန်တော်မျိုးအား``နေရာတိုင်းတွင် ထိတ်လန့်ကြောက်ရွံ့ဖွယ်ကောင်းသူ'' ဟု နာမည်ပေးပြီးလျှင်``သူ့အကြောင်းကို အာဏာပိုင်တို့အားသတင်းပေးကြကုန်အံ့၊'' ဟုဆိုကြပါ၏။ ကျွန်တော်မျိုး၏ရင်းနှီးသောမိတ်ဆွေများပင်လျှင် ကျွန်တော်မျိုးပြိုလဲသည်ကိုစောင့်မျှော်နေကြ ပါ၏။ သူတို့က``သူ့အားငါတို့လှည့်စား၍ ရကောင်းရပေလိမ့်မည်။ အငိုက်ဖမ်း၍လက်စားချေနိုင်လိမ့်မည်'' ဟု ဆိုကြပါ၏။
ထိုနောက်ကောင်းကင်မှကျယ်စွာသောအသံ က``ယခုအခါဘုရားသခင်၏ကယ်တင် ခြင်းသက်ရောက်လာလေပြီ။ ယခုအခါ ဘုရားသခင်သည်ဘုရင်ဖြစ်ကြောင်းပြသ တော်မူပြီ။ ခရစ်တော်သည်လည်းသူ၏အာ ဏာတော်စက်ကိုပြတော်မူပြီ။ အဘယ် ကြောင့်ဆိုသော်ငါတို့၏ညီအစ်ကိုများ အားနေ့ရောညဥ့်ပါ ငါတို့၏ဘုရားသခင် ရှေ့တော်တွင် ပြစ်တင်စွပ်စွဲလျက်နေသူကို ကောင်းကင်ဘုံမှနှင်ထုတ်လိုက်ပြီဖြစ်သော ကြောင့်တည်း။-