ထွက်မြောက် 22:31Common Language Bible``သင်တို့သည်ငါ၏လူမျိုးတော်ဖြစ်သောကြောင့် သားရဲများကိုက်သတ်သောတိရစ္ဆာန်၏အသား ကိုမစားရ။ ထိုအသားကိုခွေးတို့အားကျွေး လော့။ အခန်းကိုကြည့်ပါ။ |
သို့ရာတွင်``အရှင်ထာဝရဘုရား၊ ကျွန်တော် မျိုးသည်အဘယ်အခါ၌မျှ မိမိကိုယ်ကို မညစ်ညမ်းစေခဲ့ဘူးပါ။ ကလေးအရွယ်မှ စ၍အဘယ်အခါ၌မျှ အလိုအလျောက် သေသောတိရစ္ဆာန်၏အသားကိုသော်လည်း ကောင်း၊ သားရဲများကိုက်၍သေသည့်တိရစ္ဆာန် ၏အသားကိုသော်လည်းကောင်း မစားခဲ့ ဘူးပါ။ ကျွန်တော်မျိုးသည်မသန့်စင်ဟု ယူဆသည့်အစားအစာကိုအဘယ်အခါ ၌မျှမစားခဲ့ဘူးပါ'' ဟုလျှောက်၏။
သို့ဖြစ်၍သင်တို့သည်စားနိုင်သောတိရစ္ဆာန်နှင့်ငှက်၊ မစားနိုင်သောတိရစ္ဆာန်နှင့်ငှက်တို့ကိုသေချာစွာခွဲခြားသတ်မှတ်ရမည်။ မသန့်သောတိရစ္ဆာန်နှင့်ငှက်တို့ကိုမစားရ။ ငါသည်ယင်းတို့ကိုမသန့်ဟုသတ်မှတ်ထားသဖြင့်ထိုသတ္တဝါတို့၏အသားကိုစားလျှင်သင်တို့သည်ညစ်ညမ်းလိမ့်မည်။-
``အလိုအလျောက်သေသောတိရစ္ဆာန်၏အသား ကိုမစားရ။ သင်တို့နှင့်တစ်ရပ်တည်းနေထိုင် သောလူမျိုးခြားတို့အား ထိုအသားကိုစား ခွင့်ပြုနိုင်၏။ သို့မဟုတ်ထိုအသားကိုလူမျိုး ခြားတို့အားရောင်းခွင့်ရှိသည်။ သင်တို့ကိုမူ ကား သင်တို့၏ဘုရားသခင်ထာဝရဘုရား ပိုင်တော်မူ၏။ သင်တို့သည်ကိုယ်တော်၏ လူမျိုးတော်ဖြစ်ကြ၏။ ``သိုးကလေးသို့မဟုတ်ဆိတ်ကလေးကို ယင်း၏အမိနို့ရည်၌မချက်မပြုတ်ရ။''