Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ထွက်​မြောက် 20:26

Common Language Bible

ယဇ်​ပလ္လင်​တွင်​လှေ​ကား​ထစ်​မ​ရှိ​စေ​ရ။ အ​ကယ် ၍​လှေ​ကား​ထစ်​ရှိ​ခဲ့​လျှင်​သင်​တို့​သည်​ပလ္လင် သို့​တက်​သည့်​အ​ခါ သင်​တို့​၏​ကိုယ်​အင်္ဂါ အ​စိတ်​အ​ပိုင်း​ကို​မြင်​ရ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

8 ပူးပေါင်းရင်းမြစ်များ  

ကိုယ်​တော်​ရှင်​သည်​သန့်​ရှင်း​သူ​တို့​၏​ကောင်​စီ​တွင် ရို​သေ​လေး​မြတ်​ခြင်း​ကို​ခံ​ရ​ပါ​၏။ သူ​တို့​သည်​ကိုယ်​တော်​ရှင်​အား​လွန်​စွာ ကြောက်​ရွံ့​ရို​သေ​ကြ​ပါ​၏။

သူ​တို့​၏​အ​ရှက်​လုံ​ရန်​ခါး​မှ​ပေါင်​အ​ထိ​ရှည် သော​အ​တွင်း​ခံ​ဘောင်း​ဘီ​တို​များ​ချုပ်​ပေး ရ​မည်။-

အာ​ရုန်​နှင့်​သူ​၏​သား​တို့​သည်​ငါ​စံ​တော်​မူ ရာ​တဲ​တော်​ထဲ​သို့​ဝင်​သည့်​အ​ခါ​၌​ဖြစ်​စေ၊ သန့်​ရှင်း​ရာ​ဌာ​န​၌​ယဇ်​ပု​ရော​ဟိတ်​အ​မှု​ကို ဆောင်​ရန်​ပလ္လင်​နား​သို့​ချဉ်း​ကပ်​သည့်​အ​ခါ​၌ ဖြစ်​စေ၊ အ​ရှက်​ပေါ်​၍​အ​သက်​မ​သေ​စေ​အံ့ ငှာ​ထို​ဘောင်း​ဘီ​တို​များ​ကို​ဝတ်​ဆင်​ရ​မည်။ ဤ​ပ​ညတ်​ကို​အာ​ရုန်​နှင့်​သူ​၏​အ​ဆက် အ​နွယ်​တို့​အ​မြဲ​စောင့်​ထိန်း​ရ​မည်။

ဘုရားသခင့်အိမ်တော်သို့ သွားသောအခါ၊ သင့်ခြေတို့ကို စောင့်လော့။ လူမိုက်ပြုသော ယဇ်ပူဇော် ခြင်းအမှုထက်၊ တရားနာခြင်းအမှုကိုသာ၍ ကြိုးစား လော့။ လူမိုက်တို့သည် ကိုယ်အပြစ် ကိုမဆင်ခြင်တတ် ကြ။

အ​လယ်​ဆင့်​သည်​လည်း​စ​တု​ရန်း​ပုံ​သဏ္ဌာန် ပင်​ဖြစ်​၍​အ​လျား​အ​နံ​နှစ်​ဆယ့်​လေး​ပေ​စီ ရှိ​၏။ ယင်း​အ​ဆင့်​ပတ်​လည်​အ​နား​တွင်​အ​နက် ဆယ်​ပေ​ရှိ​သော​ဘောင်​ရှိ​၏။ (ရေ​စီး​မြောင်း​သည် လက်​မ​နှစ်​ဆယ်​ကျယ်​သ​တည်း။) ယဇ်​ပလ္လင်​သို့ တက်​ရန်​လှေ​ကား​မှာ​အ​ရှေ့​ဘက်​၌​ရှိ​၏။

ထို​အ​ခါ​မော​ရှေ​က​အာ​ရုန်​အား``ထာ​ဝ​ရ ဘု​ရား​က`ငါ​၏​အ​မှု​တော်​ကို​ဆောင်​ရွက်​သူ အ​ပေါင်း​တို့​သည် ငါ​၏​သန့်​ရှင်း​ခြင်း​ဂုဏ်​တော် ကို​ရို​သေ​လေး​စား​ရ​ကြ​မည်။ ငါ​၏​လူ​မျိုး တော်​အား​ငါ့​ဘုန်း​အ​သ​ရေ​ကို​ပေါ်​လွင်​ထင် ရှား​စေ​မည်' ဟူ​၍​မိန့်​တော်​မူ​ရာ​ဤ​အ​မှု​ကို ရည်​ဆောင်​၍​မိန့်​တော်​မူ​ခြင်း​ဖြစ်​သည်'' ဟု ဆို​လေ​၏။ ထို​အ​ခါ​အာ​ရုန်​သည်​တိတ် ဆိတ်​စွာ​နေ​လေ​၏။

``ငါ​သည်​မြင့်​မြတ်​သန့်​ရှင်း​သည်​ဖြစ်​၍​သင် တို့​သည်​လည်း​မြင့်​မြတ်​သန့်​ရှင်း​ရ​မည်'' ဟူ သော​ကျမ်း​စ​ကား​ကို​အောက်​မေ့​ကြ​လော့။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ