Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ထွက်​မြောက် 20:25

Common Language Bible

သင်​တို့​သည်​ငါ့​အ​တွက်​ကျောက်​ဖြင့်​ယဇ်​ပလ္လင် တည်​လျှင် ဆစ်​သော​ကျောက်​ဖြင့်​မ​တည်​ရ။ သံ ကိ​ရိ​ယာ​ကို​သုံး​၍​ဆစ်​ရ​သော​ကျောက်​ဖြင့် တည်​သော​ယဇ်​ပလ္လင်​သည် မ​သန့်​ရှင်း​ပေ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

6 ပူးပေါင်းရင်းမြစ်များ  

ဗိ​မာန်​တော်​ဆောက်​လုပ်​ရာ​တွင် အ​သုံး​ပြု​သည့် ကျောက်​များ​ကို​ကျောက်​တွင်း​တွင်​ဆစ်​ပြီး​မှ ယူ​ခဲ့​သ​ဖြင့် ဗိ​မာန်​တော်​တည်​ဆောက်​ချိန်​၌ တူ၊ ပု​ဆိန်​စ​သော​သံ​တန်​ဆာ​များ​နှင့်​ထု​လုပ် သံ​မ​ကြား​ရ​ချေ။

ယဇ်​ပူ​ဇော်​ရန်​အ​တွက်​မြေ​ဖြင့်​ပလ္လင်​တည်​ရ​မည်။ ထို​ယဇ်​ပလ္လင်​ပေါ်​တွင်​သင်​တို့​၏​သိုး၊ နွား၊ ဆိတ်​ယဇ် ကောင်​လုံး​ကို​သော်​လည်း​ကောင်း၊ မိတ်​သ​ဟာ​ယ ယဇ်​ကို​သော်​လည်း​ကောင်း မီး​ရှို့​ပူ​ဇော်​ရ​မည်။ ငါ့ အား​ဝတ်​ပြု​ကိုး​ကွယ်​ရန်​သတ်​မှတ်​ထား​သော အ​ရပ်​ခပ်​သိမ်း​သို့ ငါ​ကြွ​လာ​၍​သင်​တို့​ကို ကောင်း​ချီး​ပေး​မည်။-

မော​ရှေ​သည်​ထာ​ဝ​ရ​ဘု​ရား​ပညတ်​သ​မျှ​တို့ ကို​ရေး​ထား​လေ​၏။ နောက်​တစ်​နေ့​နံ​နက်​စော​စော တွင်​မော​ရှေ​သည်​တောင်​ခြေ​ရင်း​၌​ယဇ်​ပလ္လင်​ကို လည်း​ကောင်း၊ ဣ​သ​ရေ​လ​တစ်​ဆယ့်​နှစ်​မျိုး​အ​တွက် ကျောက်​တိုင်​တစ်​ဆယ့်​နှစ်​တိုင်​ကို​လည်း​ကောင်း တည်​ဆောက်​လေ​၏။-

တိုး​ချဲ့​ဆောင်​တွင်​တစ်​ကောင်​လုံး​မီး​ရှို့​ပူ​ဇော်​ရာ​ယဇ်​ကောင်​များ​ကို​ပြင်​ဆင်​ရန်​စား​ပွဲ​လေး​လုံး​မှာ​ကျောက်​ကို​ဆစ်​၍​ပြု​လုပ်​ထား​လေ​သည်။ ထို​စား​ပွဲ​များ​သည်​အ​လျား​တူ​အ​နံ​တူ​လက်​မ​သုံး​ဆယ်​စီ​ရှိ​၍ လက်​မ​နှစ်​ဆယ်​မြင့်​၏။ ယင်း​တို့​အ​ပေါ်​တွင်​ယဇ်​ကောင်​များ​ကို​သတ်​ရန်​ကိ​ရိ​ယာ​တန်​ဆာ​များ​ကို​တင်​ထား​၏။-

ထာ​ဝ​ရ​ဘု​ရား​၏​အ​စေ​ခံ​မော​ရှေ​၏​ပ​ညတ် တ​ရား​တွင်``သံ​လက်​နက်​ကိ​ရိ​ယာ​ဖြင့်​မ​ဆစ် သော​ကျောက်​များ​ဖြင့်​ယဇ်​ပလ္လင်​ကို​တည်​ရ​မည်'' ဟူ​၍​ညွှန်​ကြား​သည့်​အ​တိုင်း​ထို​ယဇ်​ပလ္လင်​ကို တည်​လေ​သည်။ သူ​တို့​သည်​မီး​ရှို့​သော​ယဇ်​နှင့် မိတ်​သ​ဟာ​ယ​ယဇ်​တို့​ကို ယဇ်​ပလ္လင်​ပေါ်​တွင် ထာ​ဝ​ရ​ဘု​ရား​အား​ပူ​ဇော်​ကြ​သည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ