Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ထွက်​မြောက် 12:33

Common Language Bible

အီ​ဂျစ်​အ​မျိုး​သား​တို့​က``သင်​တို့​သည်​ဤ ပြည်​မှ​မ​ထွက်​လျှင် ငါ​တို့​အား​လုံး​သေ​ရ ပါ​လိမ့်​မည်'' ဟု​ဆို​လျက်​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​ကို​အီ​ဂျစ်​ပြည်​မှ အ​လျင်​အ​မြန် ထွက်​သွား​ရန်​တိုက်​တွန်း​ကြ​လေ​သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

9 ပူးပေါင်းရင်းမြစ်များ  

ည​အ​ခါ​အိပ်​မက်​ထဲ​၌​ဘု​ရား​သ​ခင်​က``သင် သည်​ဤ​မိန်း​မ​ကို​သိမ်း​ပိုက်​သ​ဖြင့်​သေ​ရ​မည်။ သူ​သည်​လင်​ရှိ​မ​ယား​ဖြစ်​သည်'' ဟု​အ​ဘိ မ​လက်​အား​မိန့်​တော်​မူ​၏။

အီ​ဂျစ်​အ​မျိုး​သား​တို့​သည်​သူ​တို့​ကို​ကြောက် သ​ဖြင့် သူ​တို့​ထွက်​ခွာ​သွား​ကြ​သော​အ​ခါ ဝမ်း​မြောက်​ကြ​ကုန်​၏။

မှူး​မတ်​တို့​က​ဘု​ရင်​အား``ဤ​သူ​တို့​သည် အ​ကျွန်ုပ်​တို့​ကို​မည်​မျှ​ကြာ​အောင်​ဒုက္ခ​ရောက် စေ​ပါ​မည်​နည်း။ ထို​သူ​တို့​သည်​သူ​တို့​၏​ဘု​ရား ဖြစ်​သော​ထာ​ဝ​ရ​ဘု​ရား​အား ဝတ်​ပြု​နိုင်​ရန် သွား​ခွင့်​ပေး​တော်​မူ​ပါ။ အ​ရှင်​မင်း​ကြီး၊ ယ​ခု ပင်​အီ​ဂျစ်​ပြည်​ပျက်​စီး​နေ​ပြီ​မ​ဟုတ်​ပါ လော'' ဟု​လျှောက်​ကြ​၏။

ထာ​ဝ​ရ​ဘု​ရား​က မော​ရှေ​အား``ငါ​သည်​အီ​ဂျစ် ဘု​ရင်​နှင့်​အီ​ဂျစ်​ပြည်​သား​တို့​အား​နောက်​ဆုံး ဒဏ်​ခတ်​မည်။ ထို​နောက်​သူ​သည်​သင်​တို့​အား သွား​ခွင့်​ပြု​လိမ့်​မည်။ စင်​စစ်​အား​ဖြင့်​သင်​တို့ အား​လုံး​ကို​ဤ​ပြည်​မှ​နှင်​ထုတ်​လိမ့်​မည်။-

သူ​တို့​သည်​အီ​ဂျစ်​ပြည်​မှ​ယူ​ဆောင်​ခဲ့​သော တ​ဆေး​မ​ရော​သည့်​မုန့်​စိမ်း​ဖြင့်​မုန့်​ဖုတ်​ကြ ၏။ အီ​ဂျစ်​ပြည်​မှ​သူ​တို့​အား​ရုတ်​တ​ရက် နှင်​ထုတ်​လိုက်​ကြ​သည်​ဖြစ်​ခြင်း​ကြောင့် မုန့် စိမ်း​၌​တ​ဆေး​ရော​ရန်​အ​ချိန်​မ​ရ​ခဲ့ ကြ​ချေ။

ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​က မော​ရှေ​အား``ဖာ ရော​ဘု​ရင်​အား​ငါ​မည်​သို့​ပြု​မည်​ကို​သင်​မြင် ရ​လိမ့်​မည်။ ငါ​၏​ကြီး​မား​သော​တန်​ခိုး​တော် အား​ဖြင့် သူ​သည်​ထို​သူ​တို့​ကို​သွား​ခွင့်​ပေး​စေ ရန်​ငါ​စီ​ရင်​မည်။ ငါ​၏​ကြီး​မား​သော​တန်​ခိုး တော်​အား​ဖြင့် သူ​သည်​မိ​မိ​၏​တိုင်း​ပြည်​မှ​သူ တို့​ကို​နှင်​ထုတ်​ရ​သည်​အ​ထိ​ငါ​စီ​ရင်​မည်'' ဟု​မိန့်​တော်​မူ​၏။

ယ​ခု​တစ်​ကြိမ်​တွင်​သင်​တို့​သည်​အ​ဆော​တ​လျင် ထွက်​ခွာ​သွား​ရန်​လို​လိမ့်​မည်​မ​ဟုတ်။ သင်​တို့​သည်​ထွက်​ပြေး​ရန်​ကြိုး​စား​ရ​ကြ လိမ့်​မည်​မ​ဟုတ်။ ဣ​သ​ရေ​လ​အ​မျိုး​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ ဘု​ရား​သည် သင်​တို့​ကို​လမ်း​ပြ​ပို့​ဆောင်​တော်​မူ​၍၊ အ​ဘက်​ဘက်​မှ​ကာ​ကွယ်​တော်​မူ​လိမ့်​မည်။

မင်း​ကြီး​ကြပ်​တည်း​စွာ​မိန့်​မှာ​တော်​မူ​ခဲ့​သည့် အ​တိုင်း မီး​ဖို​ကြီး​ကို​အ​လွန့်​အ​လွန်​ပူ​အောင် ပြု​လုပ်​ထား​သ​ဖြင့်​ရှာ​ဒ​ရက်၊ မေ​ရှက်၊ အ​ဗေ ဒ​နေ​ဂေါ​တို့​အား​မီး​ဖို​ကြီး​သို့​သယ်​ဆောင် လာ​သော​သူ​တို့​သည် မီး​လျှံ​အ​ရှိန်​ကြောင့် သေ​ကြ​ကုန်​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ