သင်တို့၏ သိုး၊ ဆိတ်၊ နွားတို့ကိုလည်းယူဆောင် သွားကြလော့။ ငါသည်ကောင်းချီးခံစားရစေ ရန်ဘုရားသခင်ထံဆုတောင်းပေးပါလော့'' ဟုဆိုလေ၏။-
သို့သော်လည်းသူတို့အားကျွန်စေစားသော နိုင်ငံသားတို့ကိုငါဒဏ်စီရင်မည်။ ထိုပြည် မှထွက်ခွာရသောအခါသူတို့သည်ပစ္စည်း ဥစ္စာများစွာပါလျက်ထွက်သွားလိမ့်မည်။-
ဧသောသည်ထိုစကားကိုကြားရလျှင်မခံ မရပ်နိုင်အောင်ခံစားရသဖြင့်``အို အဖ၊ ကျွန်တော့် အားလည်းကောင်းချီးပေးပါဦး'' ဟုအသံကျယ် စွာအော်ဟစ်တောင်းပန်လေ၏။
ဧသောက``အို အဖ၊ ဖခင်ထံ၌ပေးစရာ ကောင်းချီးမင်္ဂလာတစ်ပါးမျှမကျန်ပါ သလော။ ကျွန်တော့်ကိုလည်းကောင်းချီးမင်္ဂလာ ပေးပါဦး'' ဟုဖခင်အားဆက်လက်တောင်းပန် ၍ငိုကြွေးလေ၏။
ထို့ကြောင့်ကျွန်ုပ်တို့၏တိရစ္ဆာန်များကို တစ်ကောင် မကျန်ယူဆောင်သွားရပါမည်။ ကျွန်ုပ်တို့သည် တိရစ္ဆာန်များကိုရွေး၍ ထာဝရဘုရားအား ပူဇော်ရပါမည်။ သို့ရာတွင်ထိုအရပ်သို့ရောက် မှမည်သည့်အကောင်ကိုရွေး၍ ပူဇော်ရမည် ကိုသိနိုင်ပါမည်'' ဟုလျှောက်လေ၏။
ထိုအခါမောရှေက``ထာဝရဘုရားအား ပူဇော်ပွဲကိုကျင်းပရမည်ဖြစ်သောကြောင့် ကျွန်ုပ်တို့၏လူကြီး၊ ကလေး၊ သားသမီး၊ သိုး နွားမှစ၍အားလုံးကိုခေါ်ဆောင်သွားရ ကြပါမည်'' ဟုလျှောက်လေ၏။
ဖာရောဘုရင်က``သင်တို့၏ဘုရားသခင် ထာဝရဘုရားအား တောကန္တာရ၌ယဇ်ပူ ဇော်ရန်ငါစေလွှတ်မည်။ သို့ရာတွင်ခရီး ဝေးမသွားရ။ ငါ့အတွက်ဆုတောင်းပေး ပါလော့'' ဟုဆိုလေ၏။
ငါတို့သည်မိုးသီးနှင့်မိုးကြိုးဒဏ်ကိုမခံ နိုင်တော့ပြီဖြစ်၍ ထာဝရဘုရားထံဆု တောင်းပေးပါလော့။ ငါသည်သင်တို့အား ချက်ခြင်းသွားခွင့်ပေးပါမည်'' ဟုဆိုလေ၏။