ထွက်မြောက် 1:11Common Language Bibleသို့ဖြစ်၍အီဂျစ်အမျိုးသားတို့သည်ဣသရေလအမျိုးသားတို့အပေါ်တွင် အုပ်ချုပ်ရေးအရာရှိချုပ်များကိုခန့်ထား၍ စိတ်ဋ္ဌာတ်ကိုချိုးနှိမ်ရန်အလုပ်ကြမ်းကိုအတင်းအကြပ်ခိုင်းကြ၏။ ဤနည်းအားဖြင့်ဖာရောဘုရင်၏ရိက္ခာသိုလှောင်ရာ ပိသုံမြို့နှင့်ရာမသက်မြို့တို့ကိုဣသရေလအမျိုးသားတို့အားတည်ဆောက်စေ၏။- အခန်းကိုကြည့်ပါ။ |
ဗင်္ဟာဒဒ်သည်အာသအကြံပေးသည့်အတိုင်း ဆောင်ရွက်ရန်သဘောတူသဖြင့် မိမိတပ်မှူး များနှင့်စစ်သည်တော်တို့ကိုစေလွှတ်၍ဣသ ရေလမြို့များကိုတိုက်ခိုက်စေတော်မူ၏။ သူ တို့သည်ဣယုန်မြို့၊ ဒန်မြို့၊ အာဗေလမိမ်မြို့ နှင့်နဿလိနယ်မြေရှိပစ္စည်းသိုလှောင်ရာ မြို့အပေါင်းကိုသိမ်းယူလိုက်ကြ၏။-
ကာလအတန်ကြာ၍မောရှေသည်အရွယ် ရောက်လာသောအခါ၊ သူ၏အမျိုးသားတို့ ထံသို့သွားရောက်လည်ပတ်လေ၏။ သူသည် မိမိ၏အမျိုးသားများဆင်းရဲပင်ပန်းစွာ အလုပ်ကြမ်းလုပ်နေရသည်ကိုတွေ့မြင်ရ၏။ အီဂျစ်အမျိုးသားတစ်ဦးကသူ၏အမျိုး သားဟေဗြဲလူမျိုးတစ်ယောက်အားရိုက်နှက် နေသည်ကိုမြင်ရသောအခါ၊-
ထိုနောက်ထာဝရဘုရားက``ငါ၏လူမျိုး တော်သည် အီဂျစ်ပြည်တွင်ခံရသောဆင်းရဲ ဒုက္ခကိုငါဒိဌတွေ့မြင်ရပြီ။ သူတို့ကိုစေ ခိုင်းသောသခင်တို့၏ညှင်းပန်းခြင်းကိုမခံ မရပ်နိုင်သောကြောင့် သူတို့အော်ဟစ်၍အကူ အညီတောင်းခံသံကိုငါကြားရပြီ။ ငါသည် သူတို့ခံရသောဆင်းရဲခြင်းကိုဧကန်အမှန် သိမြင်ရပြီ။-