ထွက်မြောက် 1:10Common Language Bibleသူတို့၏လူဦးရေယခုထက်မတိုးပွားလာစေရန် လိမ္မာစွာငါတို့ပြုရကြမည်။ အကယ်၍စစ်မက်ဖြစ်ပွားလာလျှင် သူတို့သည်ငါတို့၏တစ်ဘက်ရန်သူနှင့်ပူးပေါင်း၍ငါတို့ကိုတိုက်ခိုက်ပြီးလျှင် တိုင်းပြည်မှထွက်ပြေးကြလိမ့်မည်'' ဟုမိန့်ကြားလေ၏။- အခန်းကိုကြည့်ပါ။ |
သူတို့သည်ငါတို့ထက်လူအင်အားပိုများ သဖြင့် လာ၍သူတို့ကိုကျိန်ဆဲပါလော့။ သို့ ပြုလျှင်သူတို့ကိုငါတိုက်ခိုက်၍ နှင်ထုတ်နိုင် ကောင်းနှင်ထုတ်နိုင်ပါလိမ့်မည်။ ကိုယ်တော် ကောင်းချီးပေးသူတို့သည်ကောင်းချီးကို ခံရ၍ ကိုယ်တော်ကျိန်ဆဲသောသူတို့သည် ကျိန်စာသင့်ကြပါလိမ့်မည်'' ဟုဖော်ပြ ပါရှိလေသည်။
သို့ရာတွင်ဖိလိတ္တိတပ်မှူးတို့သည်အာခိတ် ကိုစိတ်ဆိုး၍``ထိုသူ့အားသင်ပေးအပ်ထား သည့်မြို့သို့ပြန်လွှတ်လိုက်လော့။ ငါတို့နှင့် အတူစစ်တိုက်ရာသို့မလိုက်စေနှင့်။ စစ် တိုက်နေစဉ်သူသည်ငါတို့အားရန်မူကောင်း ရန်မူပါလိမ့်မည်။ သူသည်မိမိအရှင့်ထံတွင် ပြန်၍မျက်နှာရအောင်ပြုလုပ်နိုင်သည့် နည်းမှာငါတို့လူများကိုသတ်သောနည်း ထက်ပို၍ကောင်းသောနည်းရှိပါသလော။-