တရားဟော 5:4Common Language Bibleထာဝရဘုရားသည်တောင်ပေါ်တွင်မီးထဲ မှ သင်တို့နှင့်မျက်နှာချင်းဆိုင်၍မိန့်မြွက် တော်မူသည်။- အခန်းကိုကြည့်ပါ။ |
သူတို့ကဤပြည်ရှိပြည်သားတို့အားသတင်း ပြောကြားကြပါလိမ့်မည်။ ကိုယ်တော်သည် အကျွန်ုပ်တို့နှင့်အတူရှိတော်မူကြောင်းကို လည်းကောင်း၊ ကိုယ်တော်၏မိုးတိမ်သည်အကျွန်ုပ် တို့၏အထက်တွင်ထင်ရှားစွာတည်နေကြောင်း ကိုလည်းကောင်း၊ ကိုယ်တော်သည်နေ့အချိန်တွင် မိုးတိမ်တိုင်၊ ညအချိန်တွင်မီးတိမ်တိုင်အား ဖြင့်အကျွန်ုပ်တို့ရှေ့မှကြွသွားတော်မူကြောင်း ကိုလည်းကောင်း ဤပြည်ရှိပြည်သားများသိ ရပြီးဖြစ်ပါသည်။-
``ထာဝရဘုရားသည်သိနာတောင်ပေါ်တွင် မီးထဲကသင်တို့အားမိန့်မြွက်တော်မူသော အခါ၌ သင်တို့သည်ကိုယ်တော်၏ပုံသဏ္ဌာန် တော်ကိုလုံးဝမမြင်ရကြ။ သို့ဖြစ်၍သင် တို့သည်ယောကျာ်းသို့မဟုတ်မိန်းမသဏ္ဌာန်၊ တိရစ္ဆာန်သို့မဟုတ်ငှက်သဏ္ဌာန်၊ တွားတတ်သော သတ္တဝါသို့မဟုတ်ငါးသဏ္ဌာန်နှင့်တူသော ရုပ်တုကိုထုလုပ်၍အပြစ်မပြုမိစေ ရန်အထူးသတိပြုကြလော့။-
``ထာဝရဘုရားသည်တောင်အနီးသို့စုရုံး လာသောသင်တို့အပေါင်းအား ဤပညတ်တော် များကိုပြဋ္ဌာန်းပေးတော်မူ၏။ ထာဝရဘုရား သည်မီးနှင့်မှောင်မည်းသောမိုးတိမ်ထဲမှကျယ် သောအသံတော်ဖြင့် ဤပညတ်တော်များကိုမိန့် မြွက်တော်မူ၏။ ထပ်၍မိန့်မြွက်တော်မမူ။ ထို့ နောက်ထာဝရဘုရားသည်ပညတ်တော်များ ကိုကျောက်ပြားနှစ်ချပ်ပေါ်တွင်ရေး၍ငါ့ အားပေးအပ်တော်မူသည်။''