ထာဝရဘုရားသည်ငါတို့၏ဘိုးဘေး တို့နှင့်သာလျှင် ပဋိညာဉ်ပြုသည်မဟုတ်။ ယနေ့အသက်ရှင်လျက်ရှိသော ငါတို့အား လုံးနှင့်လည်းပဋိညာဉ်ပြုတော်မူ၏။-
သို့ရာတွင်နောင်နှစ်ဤအချိန်ခန့်၌စာရာမွေး ဖွားမည့် သင်၏သားဣဇာက်၌လည်းငါ၏ပဋိညာဉ် ကိုတည်စေမည်'' ဟုမိန့်တော်မူ၏။-
သင်နှင့်သင်၏အမျိုးအနွယ်အစဉ်အဆက်တို့ အား ငါထားသောကတိတော်ကိုထာဝရတည် မြဲသောပဋိညာဉ်ဖြစ်စေမည်။ ငါသည်သင်၏ ဘုရား၊ သင်၏အဆက်အနွယ်တို့၏ဘုရား ဖြစ်မည်။-
ထိုပဋိညာဉ်သည်သူတို့၏ဘိုးဘေးများ အားအီဂျစ်ပြည်မှထုတ်ဆောင်လာစဉ်အခါ က သူတို့နှင့်ငါဖွဲ့ခဲ့သည့်ပဋိညာဉ်နှင့်တူ လိမ့်မည်မဟုတ်။ ငါသည်သူတို့၏ခင်ပွန်း သဖွယ်ဖြစ်သော်လည်း သူတို့သည်မိမိတို့ နှင့်ငါပြုခဲ့သည့်ပဋိညာဉ်ကိုမစောင့်ထိန်း ခဲ့ကြ။-
ငါ့အားပြည်သူတို့အားဆင့်ဆိုစေသည် မှာ``ငါသည်သင်၏ဘိုးဘေးများအား အီဂျစ်ပြည်မှကယ်ဆယ်ကာ ကျွန်ဘဝ မှလွတ်မြောက်စေခဲ့စဉ်အခါကသူတို့ နှင့်ပဋိညာဉ်ပြုခဲ့၏။-
အမှန်အကန်သင်တို့အားငါဆိုသည်ကား သင် တို့မြင်ရသည့်အရာများကို ပရောဖက်နှင့် သူတော်ကောင်းအမြောက်အမြားပင်မြင်လိုကြ သော်လည်းမမြင်ရကြ။ သင်တို့ကြားရသည့် အရာများကို သူတို့ကြားလိုကြသော်လည်း မကြားရကြ။
သိနာတောင်ပေါ်တွင်ထာဝရဘုရားသည် ဣသရေလအမျိုးသားတို့နှင့်ပဋိညာဉ် ပြုပြီးသည့်အပြင် ယခုတစ်ဖန်မောဘပြည် ၌မောရှေအားဖြင့် ဣသရေလအမျိုးသား တို့နှင့်ပဋိညာဉ်ပြုတော်မူသည်။
သင်တို့ပြုလေသမျှတို့၌အောင်မြင်ရန် ယခုပြုမည့်ပဋိညာဉ်ပါအချက်ရှိ သမျှတို့ကိုလိုက်နာရန်သတိပြုကြ လော့။