Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တ​ရား​ဟော 3:12

Common Language Bible

``ငါ​တို့​သည်​ဤ​ပြည်​ကို​သိမ်း​ပိုက်​စဉ်​အ​ခါ က အာ​နုန်​မြစ်​အ​နီး​ရှိ၊ အာ​ရော်​မြို့​မှ​စ​၍ ဂိ​လဒ်​တောင်​ကုန်း​ဒေ​သ​တစ်​ဝက်​နှင့် ယင်း​ဒေ​သ ရှိ​မြို့​များ​ကို​ရုဗင်​အ​နွယ်​နှင့်​ဂဒ်​အ​နွယ်​တို့ အား​ငါ​ခွဲ​ဝေ​ပေး​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

10 ပူးပေါင်းရင်းမြစ်များ  

ယော်​ဒန်​မြစ်​အရှေ့​ဘက်​ရှိ​ဣ​သ​ရေ​လ​နယ် မြေ​အား​လုံး​ကို တောင်​ဘက်​အာ​နုန်​မြစ်​ကမ်း ပေါ်​ရှိ​အာ​ရော်​မြို့​သို့​တိုင်​အောင်​သိမ်း​ယူ​လေ သည်။ ထို​နယ်​မြေ​တွင်​ဂဒ်၊ ရုဗင်​နှင့်​အ​ရှေ့​မ​နာ ရှေ​မျိုး​နွယ်​စု​တို့​နေ​ထိုင်​ရာ​ဂိ​လဒ်​ပြည်​နှင့် ဗာ​ရှန်​ပြည်​တို့​ပါ​ဝင်​၏။

ထို့​ကြောင့်​မော​ရှေ​သည်​မာ​ခိ​ရ​သား​ချင်း​စု အား​ဂိ​လဒ်​ပြည်​ကို​ပေး​သ​ဖြင့် သူ​တို့​သည် ထို​ပြည်​တွင်​နေ​ထိုင်​ကြ​၏။-

ငါ​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် အာ​နုန်​ချိုင့်​ကမ်း​ပေါ်​ရှိ​အာ​ရော်​မြို့​နှင့်​ချိုင့်​လယ် ရှိ​မြို့​မှ​စ​၍ ဂိလဒ်​မြို့​တိုင်​အောင်​မြို့​ရှိ​သ​မျှ​ကို ငါ​တို့​အား​သိမ်း​ပိုက်​စေ​တော်​မူ​၏။ မည်​သည့်​မြို့ မှ​ငါ​တို့​ကို​မ​ခု​ခံ​နိုင်။-

ဤ​အ​ရပ်​သို့​ငါ​တို့​ရောက်​ရှိ​သော​အ​ခါ ဟေ​ရှ​ဘုန်​ဘု​ရင်​ရှိ​ဟုန်​နှင့်​ဗာ​ရှန်​ဘု​ရင် သြ​ဃ​တို့​သည်​ထွက်​၍ ငါ​တို့​အား​တိုက် ခိုက်​ခဲ့​ကြ​သည်။ သို့​ရာ​တွင်​ငါ​တို့​သည် သူ တို့​ကို​တိုက်​ခိုက်​အောင်​မြင်​သ​ဖြင့်၊-

သူ​တို့​၏​ပြည်​ကို​သိမ်း​ယူ​၍​ရုဗင်​အ​နွယ်၊ ဂဒ်​အ​နွယ်​နှင့်​မ​နာ​ရှေ​၏​အ​နွယ်​တစ်​ဝက် တို့​အား​ခွဲ​ဝေ​ပေး​ခဲ့​သည်။-

ဂိ​လဒ်​ပြည်​ကျန်​တစ်​ဝက်​နှင့်​သြဃ​ဘု​ရင်​အုပ် စိုး​သော​ဗာ​ရှန်​ပြည်​အား​လုံး၊ တစ်​နည်း​အား ဖြင့်​အာ​ဂေါ​ဘ​ဒေ​သ​တစ်​ခု​လုံး​ကို မ​နာ​ရှေ အ​နွယ်​တစ်​ဝက်​တို့​အား​ငါ​ခွဲ​ဝေ​ပေး​၏။'' (ဗာ​ရှန်​ပြည်​တစ်​ပြည်​လုံး​ကို ရီ​ဖိမ်​လူ​မျိုး တို့​၏​ပြည်​ဟူ​၍​ခေါ်​တွင်​ခဲ့​သည်။-

ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သိမ်း​ပိုက်​သော နယ်​မြေ​သည် အာ​နုန်​မြစ်​အ​နီး​ရှိ​အာ​ရော် မြို့​မှ​ဟေ​ရ​မုန်​ခေါ်​စိ​ယုန်​တောင်​အ​ထိ ကျယ်​ပြန့်​လေ​သည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ