Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တ​ရား​ဟော 3:11

Common Language Bible

(သြ​ဃ​ဘု​ရင်​သည်​အ​လွန်​ထွား​ကြိုင်း​သော ရီ​ဖိမ် အ​နွယ်​ဝင်​ထဲ​မှ​နောက်​ဆုံး​ကြွင်း​ကျန်​သူ​ဖြစ်​၏။ သူ​၏​အ​လောင်း​ထည့်​ရာ​ခေါင်း​ကို​ကျောက်​ဖြင့် ပြု​လုပ်​၍ အ​နံ​ခြောက်​ပေ၊ အ​လျား​တစ်​ဆယ့် လေး​ပေ​နီး​ပါး​ရှိ​၏။ ထို​ဘု​ရင်​၏​ခေါင်း​ကို အမ္မုန်​ပြည်​ရဗ္ဗတ်​မြို့​တွင်​ယ​နေ့​တိုင်​တွေ့​မြင် နိုင်​လေ​သည်။)

အခန်းကိုကြည့်ပါ။ ကော်ပီ

15 ပူးပေါင်းရင်းမြစ်များ  

တစ်​ဆယ့်​လေး​နှစ်​သို့​ရောက်​လျှင်​ခေ​ဒေါ​ရ​လော​မာ ဘု​ရင်​သည် မ​ဟာ​မိတ်​တပ်​ဖွဲ့​တို့​နှင့်​အ​တူ​စစ်​ချီ လာ​၍ အာ​ရှ​တ​ရုတ်​ကာ​နိမ်​မြို့​တွင်​ရေ​ဖိမ်​အ​မျိုး သား​များ​ကို​လည်း​ကောင်း၊ ဟာ​မ​မြို့​တွင်​ဇူ​ဇိမ် အ​မျိုး​သား​များ​ကို​လည်း​ကောင်း၊ ကိ​ရ​ယ​သိမ် လွင်​ပြင်​တွင်​ဧ​မိမ်​အ​မျိုး​သား​များ​ကို​လည်း ကောင်း၊-

သင်္ဘော​ကို​အ​လျား​ပေ​လေး​ရာ​ငါး​ဆယ်၊ အ​နံ ပေ​ခု​နစ်​ဆယ့်​ငါး၊ အ​မြင့်​ပေ​လေး​ဆယ်​ငါး ရှိ​စေ​ရ​မည်။-

ထို​နှစ်​နွေ​ဦး​ပေါက်​၍ ဘု​ရင်​တို့​စစ်​တိုက် ထွက်​လေ့​ရှိ​သည့်​အ​ချိန်​ရောက်​သော​အ​ခါ ဒါ​ဝိဒ်​သည်​ယွာ​ဘ​အား​သူ​၏​တပ်​မှူး​များ နှင့်​ဣ​သ​ရေ​လ​တပ်​မ​တော်​ကို​စေ​လွှတ်​ရာ သူ​တို့​သည်​အမ္မုန်​ပြည်​သား​တို့​ကို​နှိမ်​နင်း​၍ ရဗ္ဗာ​မြို့​ကို​ဝိုင်း​ထား​ကြ​၏။ ဒါ​ဝိဒ်​မူ​ကား ယေ​ရု​ရှ​လင်​မြို့​တွင်​နေ​ရစ်​သ​တည်း။

ဤ​အ​တော​အ​တွင်း​၌​ယွာ​ဘ​သည် အမ္မုန်​ပြည် ၏​မြို့​တော်​ရဗ္ဗာ​မြို့​ကို​တိုက်​ခိုက်​သ​ဖြင့်​မြို့ တော်​ကျ​ခါ​နီး​သော​အ​ခါ၊-

ငါ​သည်​ရဗ္ဗာ​မြို့​သူ​မြို့​သား​တို့​အား​စစ်​တိုက် သံ​များ​ကို ကြား​စေ​မည့်​အ​ချိန်​ကာ​လ​ကျ ရောက်​လာ​လိမ့်​မည်။ ထို​မြို့​သည်​ပျက်​စီး​လျက် ယင်း​၏​ကျေး​လက်​တော​ရွာ​များ​သည်​လည်း မီး​လောင်​ကျွမ်း​လိမ့်​မည်။ ထို​အ​ခါ​ဣ​သ​ရေ​လ အမျိုး​သား​တို့​သည်​မိ​မိ​တို့​ပြည်​ကို​သိမ်း​ယူ ထား​သူ​တို့​၏​လက်​မှ​ပြန်​လည်​ရ​ရှိ​ကြ လိမ့်​မည်။-

ဖျက်​ဆီး​မည့်​ဋ္ဌား​လာ​ရောက်​ရန်​မှတ်​တိုင်​တစ် တိုင်​သည် အမ္မုန်​ပြည်​ရဗ္ဗတ်​မြို့​သို့​လမ်း​ညွှန် လျက် အ​ခြား​တစ်​တိုင်​မှာ​ယု​ဒ​ပြည်​ခိုင်​ခံ့ သော​ယေ​ရု​ရှ​လင်​မြို့​သို့​လမ်း​ညွှန်​ရ​မည်။-

ရဗ္ဗာ​မြို့​ကို​ကု​လား​အုတ်​တင်း​ကုတ်၊ အမ္မုန် ပြည်​တစ်​ခု​လုံး​ကို​သိုး​စား​ကျက်​ဖြစ်​စေ မည်။ ငါ​သည်​ထာ​ဝရ​ဘု​ရား​ဖြစ်​တော်​မူ ကြောင်း​ကို​သင်​တို့​သိ​ရှိ​ကြ​လိမ့်​မည်။''

ထို့​ကြောင့်​ငါ​သည်​ရဗ္ဗာ​မြို့​ရိုး​များ​အ​ပေါ် သို့​မီး​မိုး​ရွာ​စေ​ပြီး ရဗ္ဗာ​ရဲ​တိုက်​များ​ကို ပြာ​ချ​လိုက်​မည်။ စစ်​တိုက်​သော​နေ့​၌​အော် သံ​ဟစ်​သံ​တ​ညံ​ညံ​ကြား​ရ​ပြီး တိုက်​ပွဲ သည်​မုန်​တိုင်း​တ​မျှ​ပြင်း​ထန်​လိမ့်​မည်။-

``ထို​သို့​နှင့်​ပင်​ငါ​၏​လူ​မျိုး​အ​ပေါင်း​တို့၊ ငါ​သည်​သင်​တို့​အ​တွက်​အာ​ရဇ်​ပင်​တ​မျှ မြင့်​မား​၍​သ​ပိတ်​ပင်​အ​လား သန်​မာ​လှ သည့်​အာ​မော​ရိ​လူ​မျိုး​ကို​အ​ပြီး​အ​ပိုင် တိုက်​ဖျက်​ခဲ့​ပြီ။-

သူ​တို့​သည်​ထွား​ကြိုင်း​သော​အာ​န​က​လူ​ကဲ့ သို့ အ​ရပ်​အ​မောင်း​မြင့်​မား​သည်။ အာ​န​က​လူ အ​မျိုး​ကဲ့​သို့​သူ​တို့​ကို ရီ​ဖိမ်​လူ​မျိုး​ဟူ​၍ လည်း​ခေါ်​တွင်​ကြ​သည်။ သို့​ရာ​တွင်​မော​ဘ အ​မျိုး​သား​တို့​က သူ​တို့​အား​ဧ​မိမ်​လူ မျိုး​ဟူ​၍​ခေါ်​ကြ​သည်။-

(ယ​ခင်​အ​ခါ​က​ရီ​ဖိမ်​လူ​မျိုး​နေ​ထိုင်​ခဲ့​သ​ဖြင့် ထို​ပြည်​ကို​ရီ​ဖိမ်​ပြည်​ဟူ​၍​ခေါ်​တွင်​သည်။ အမ္မုန် အ​မျိုး​သား​တို့​က​သူ​တို့​ကို​ဇံ​ဇုမ္မိမ်​ဟူ​၍​ခေါ် ကြ​သည်။-

အာ​ရှ​တ​ရုတ်​မြို့​နှင့်​ဧ​ဒြိ​မြို့​များ​တွင် စိုး​စံ​၍ နောက်​ဆုံး​ကျန်​ရှိ​သေး​သော​ရိ​ဖိမ် အ​မျိုး​သား​တို့​အ​နက် တစ်​ဦး​ဖြစ်​သူ ဗာ​ရှန်​မင်း​သြ​ဃ​ကို​လည်း​ဣ​သ​ရေ​လ အမျိုး​သား​တို့​သည်​နှိမ်​နင်း​ခဲ့​၏။-

အာ​ရှ​တ​ရုတ်​မြို့​နှင့်​ဧ​ဒြိ​မြို့​တို့​တွင်​စိုး​စံ ၍​ရိ​ဖိမ်​အ​မျိုး​သား​တို့​၏ နောက်​ဆုံး​အ​ဆက် အ​နွယ်​ဖြစ်​သူ​သြ​ဃ​မင်း​၏​ပြည်​သည်​လည်း ကောင်း​ပါ​ဝင်​သည်။ မော​ရှေ​သည်​ဤ​မင်း​နှစ် ပါး​စ​လုံး​ကို​ကွပ်​မျက်​၍​သူ​တို့​၏​တိုင်း ပြည်​များ​ကို​သိမ်း​ယူ​ခဲ့​သည်။-

ထို​နောက်​မြို့​ရိုး​ကို​တိုင်း​ရာ​ကောင်း​ကင်​တ​မန် အ​သုံး​ပြု​သည့်​လူ​တို့​၏​အ​တိုင်း​အ​ထွာ​အ​ရ၊ အ​မြင့်​နှစ်​ရာ​တစ်​ဆယ့်​ခြောက်​ပေ​ရှိ​သ​တည်း။-

ဂါ​သ​မြို့​သား​ဂေါ​လျတ်​ဆို​သူ​သည်​ဖိ​လိတ္တိ​တပ် စခန်း​မှ​ထွက်​လာ​ပြီး​လျှင် ဣ​သ​ရေ​လ​အ​မျိုး​သား တို့​အား​မိ​မိ​နှင့်​တစ်​ဦး​ချင်း​စစ်​ထိုး​ရန်​စိန်​ခေါ် လေ​သည်။ သူ​သည်​အ​ရပ်​ကိုး​ပေ ခန့်​မြင့်​၍၊-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ