Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တ​ရား​ဟော 28:24

Common Language Bible

ထာ​ဝ​ရ​ဘု​ရား​သည် မိုး​ရွာ​စေ​မည့်​အ​စား ဖုံ​မုန်​တိုင်း၊ သဲ​မုန်​တိုင်း​များ​ကျ​ရောက်​စေ သ​ဖြင့်​သင်​တို့​သည်​သေ​ကြေ​ပျက်​စီး​ကုန် ကြ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

8 ပူးပေါင်းရင်းမြစ်များ  

ထို​အ​ခါ​၌​ထာ​ဝ​ရ​ဘု​ရား​သည် သော​ဒုံ​မြို့​နှင့်​ဂေါ​မော​ရ​မြို့​များ​ပေါ်​သို့ ကန့်​မီး​မိုး​ကို​ရွာ​ချ​စေ​တော်​မူ​သ​ဖြင့်၊-

ထို့​ကြောင့်​ကောက်​ရိုး​နှင့်​မြက်​ခြောက်​တို့​သည် မီး လျှံ​တွင်​တွန့်​လိမ်​လောင်​ကျွမ်း​သွား​သ​ကဲ့​သို့၊ သင်​တို့​၏​အ​မြစ်​များ​သည်​ဆွေး​မြေ့​လျက် အ​ပွင့်​များ​သည်​လည်း​ခြောက်​သွေ့​လွင့်​စင်​လျက် သွား​လိမ့်​မည်။ အ​ဘယ်​ကြောင့်​ဆို​သော်​သင်​တို့ သည်​ငါ​တို့​အား ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ ၏​သန့်​ရှင်း​မြင့်​မြတ်​တော်​မူ​သော​အ​နန္တ​တန်​ခိုး ရှင်​ထာ​ဝ​ရ​ဘု​ရား​ဟော​ပြော​သွန်​သင်​တော်​မူ သည့်​တ​ရား​တော်​ကို​ပစ်​ပယ်​ကြ​သော​ကြောင့် ဖြစ်​၏။-

``ငါ​သည်​သော​ဒုံ​နှင့်​ဂေါ​မော​ရ​မြို့​များ ကို​ဖြို​ဖျက်​သ​ကဲ့​သို့ သင်​တို့​လူ​အ​ချို့​ကို လည်း​ဖျက်​ပယ်​ခဲ့​ပြီ။ ကျန်​ကြွင်း​သူ​တို့​မှာ လည်း​မီး​ထဲ​မှ​ပြန်​၍​ဆယ်​ယူ​လိုက်​သည့် ထင်း​စ​သ​ဖွယ်​ဖြစ်​ခဲ့​ရ​၏။ သို့​သော်​လည်း သင်​တို့​သည်​ငါ့​ထံ​သို့​ပြန်​မ​လာ​သေး​ဘဲ နေ​ကြ​လေ​ပြီ'' ဟု​ထာ​ဝ​ရ​ဘု​ရား​မိန့် တော်​မူ​၏။-

ဤ​အ​ကြောင်း​ကြောင့်​ပင်​လျှင်​မိုး​သည်​ခေါင် လျက် အ​ဘယ်​အ​သီး​အ​နှံ​ကို​မျှ​သင်​တို့ သည်​စိုက်​ပျိုး​၍​မ​ရ​ကြ။-

အ​ခြား​သော​ဘု​ရား​များ​ကို​ဝတ်​ပြု​ကိုး​ကွယ် လျှင် ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​ကို​အ​မျက် ထွက်​၍ မိုး​ကို​မ​ရွာ​စေ​သ​ဖြင့်​လယ်​မြေ​များ ခြောက်​သွေ့​၍ အ​သီး​အ​နှံ​များ​မ​ဖြစ်​ထွန်း နိုင်​ရှိ​လိမ့်​မည်။ ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​ပေး သ​နား​တော်​မူ​သော​ပြည်​သည်​ကောင်း​မွန်​သော် လည်း သင်​တို့​သည်​မ​ကြာ​မီ​သေ​ကြေ​ပျက်​စီး ကြ​လိမ့်​မည်။''

ကိုယ်​တော်​ရှင်​သည်​မိုး​ကောင်း​ကင်​ကို​ဖွင့်​၍ ရာ​သီ​အ​လိုက်​မိုး​ကို​ရွာ​စေ​လျက်​သင်​လုပ် ဆောင်​သ​မျှ​ကို​အောင်​မြင်​စေ​တော်​မူ​သ​ဖြင့် သင်​တို့​သည်​နိုင်​ငံ​များ​စွာ​တို့​အား​ချေး​ငှား ရ​လိမ့်​မည်။ သို့​ရာ​တွင်​သင်​တို့​သည်​မည်​သည့် နိုင်​ငံ​ထံ​မှ​ချေး​ယူ​ရန်​လို​မည်​မ​ဟုတ်။-

မိုး​မ​ရွာ​သ​ဖြင့်​သင်​တို့​၏​မြေ​သည်​သံ ကဲ့​သို့​မာ​ကျော​လာ​လိမ့်​မည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ