Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တ​ရား​ဟော 28:23

Common Language Bible

မိုး​မ​ရွာ​သ​ဖြင့်​သင်​တို့​၏​မြေ​သည်​သံ ကဲ့​သို့​မာ​ကျော​လာ​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

8 ပူးပေါင်းရင်းမြစ်များ  

ဂိ​လဒ်​ပြည်​တိ​ရှ​ဘိ​မြို့​သား​ဧ​လိ​ယ​ဆို​သူ ပ​ရော​ဖက်​က အာ​ဟပ်​မင်း​အား``မိုး​ရွာ​မည်​ဟု ငါ​မ​ပြော​မ​ချင်း​လာ​မည့်​နှစ်​နှစ်​သုံး​နှစ်​တွင် မိုး​ခေါင်​လိမ့်​မည်။ ဆီး​နှင်း​လည်း​ကျ​လိမ့်​မည် မ​ဟုတ်​ကြောင်း ငါ​ကိုး​ကွယ်​၍​အ​သက်​ရှင်​တော် မူ​သော​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို​တိုင်​တည်​၍​သင့် အား​ငါ​ဆို​၏'' ဟု​ဆင့်​ဆို​လေ​သည်။

ဧ​လိ​ယ​သည်​လည်း​သွား​လေ​၏။ ထို​အ​ချိန်​အ​ခါ​၌ ရှ​မာ​ရိ​ပြည်​မိုး​ခေါင်​မှု သည် အ​ဆိုး​ဆုံး​အ​ခြေ​အ​နေ​သို့​ရောက် လျက်​ရှိ​၏။-

သင်​တို့​၏​မာန်​စွယ်​ကို​ငါ​ချိုး​မည်။ သင်​တို့ ပြည်​တွင်​မိုး​မ​ရွာ​သ​ဖြင့် မြေ​ကြီး​သည် ခြောက်​သွေ့​၍​သံ​ကဲ့​သို့​မာ​ကြော​လိမ့်​မည်။-

သင်​တို့​ပျိုး​ပင်​အ​တွက်​မိုး​ရေ​အ​လို​ဆုံး သော​အ​ချိန်​တွင်​ငါ​သည်​မိုး​ခေါင်​စေ​ခဲ့​၏။ တစ်​မြို့​ပေါ်​၌​သာ​ရွာ​သွန်း​စေ​ပြီး​ကျန်​တစ် မြို့​ပေါ်​သို့​မ​ရွာ​စေ​ရန် တား​ခဲ့​သူ​မှာ​ငါ​ပင် ဖြစ်​၏။ လယ်​တစ်​ခင်း​သည်​မိုး​ကို​ရ​၍​ကျန် တစ်​ခင်း​မှာ​မူ​သွေ့​ခြောက်​ခဲ့​လေ​ပြီ။-

ဤ​အ​ကြောင်း​ကြောင့်​ပင်​လျှင်​မိုး​သည်​ခေါင် လျက် အ​ဘယ်​အ​သီး​အ​နှံ​ကို​မျှ​သင်​တို့ သည်​စိုက်​ပျိုး​၍​မ​ရ​ကြ။-

ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​တွင်​ကူး​စက် တတ်​သော​ဖော​ရောင်​၍​ဖျား​သော​ရော​ဂါ များ​ကျ​ရောက်​စေ​လိမ့်​မည်။ မိုး​ခေါင်​ခြင်း၊ လေ​ပူ​တိုက်​ခတ်​ခြင်း​ဒဏ်​တို့​ကြောင့်​သင် တို့​၏​အ​သီး​အ​နှံ​များ​လည်း​ပျက်​စီး ရ​လိမ့်​မည်။ သင်​တို့​သေ​ကြေ​ပျက်​စီး​သည့် တိုင်​အောင် ဤ​ဘေး​ဒုက္ခ​များ​နှင့်​တွေ့​ကြုံ ရ​လိမ့်​မည်။-

ထာ​ဝ​ရ​ဘု​ရား​သည် မိုး​ရွာ​စေ​မည့်​အ​စား ဖုံ​မုန်​တိုင်း၊ သဲ​မုန်​တိုင်း​များ​ကျ​ရောက်​စေ သ​ဖြင့်​သင်​တို့​သည်​သေ​ကြေ​ပျက်​စီး​ကုန် ကြ​လိမ့်​မည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ