တရားဟော 23:4Common Language Bibleသင်တို့အီဂျစ်ပြည်မှထွက်လာကြစဉ်သူ တို့သည် သင်တို့လိုအပ်သောရိက္ခာနှင့်ရေ ကိုမပေးကြ။ မက်ဆိုပိုတေးမီးယားပြည်၊ ပေသော်မြို့သား၊ ဗောရ၏သားဗာလမ်ကို ငှား၍သင်တို့အားကျိန်ဆဲစေကြ၏။- အခန်းကိုကြည့်ပါ။ |
ဤအမှုကိစ္စအပေါင်းကိုဆောင်ရွက်၍ပြီးသော အခါ ဣသရေလအမျိုးသားခေါင်းဆောင်အချို့ တို့သည် ငါ့ထံသို့လာ၍``ပြည်သူများ၊ ယဇ်ပုရော ဟိတ်များနှင့်လေဝိအနွယ်ဝင်များသည် မိမိ တို့ပတ်ဝန်းကျင်တွင် ရှိသည့်အမ္မုန်ပြည်၊ မောဘ ပြည်၊ အီဂျစ်ပြည်တို့မှလူများနှင့်လည်းကောင်း၊ ခါနာနိ၊ ဟိတ္တိအမျိုးသားများ၊ ဖေရဇိအမျိုး သား၊ ယေဗုသိအမျိုးသားများ၊ အာမောရိ အမျိုးသားများနှင့်လည်းကောင်း ကင်းရှင်း စွာမနေကြ။ သူတို့သည်ထိုသူတို့ပြုကျင့် သည့် စက်ဆုတ်ရွံရှာဖွယ်ကောင်းသောအမှု တို့ကိုပြုကျင့်ကြပါ၏။-
ဤသို့ပညတ်ရခြင်းမှာအမ္မုန်နှင့်မောဘ ပြည်သူတို့သည်ဣသရေလအမျိုးသား များအီဂျစ်ပြည်မှထွက်ခွာလာချိန်၌ အစာရေစာကိုမပေးဘဲနေခဲ့ကြသော ကြောင့်ဖြစ်၏။ ထိုပြင်ဗာလမ်ကိုငှား၍ ဣသရေလအမျိုးသားတို့အားကျိန်ဆဲ စေကြ၏။ သို့ရာတွင်ငါတို့ဘုရားသခင် သည်ထိုကျိန်ဆဲသောစကားကိုကောင်းချီး ပေးသောစကားဖြစ်စေတော်မူ၏။-
ထာဝရဘုရားသည်အမ္မုန်ပြည်သားတို့ ကိုရည်မှတ်၍မိန့်တော်မူသည်မှာ``ဣသရေလ အမျိုးသားများကားအဘယ်မှာနည်း။ သူ တို့၏ပြည်အတွက်ခုခံကာကွယ်မည့်သူ တစ်စုံတစ်ယောက်မျှမရှိသလော။ သူတို့ သည်အဘယ်ကြောင့်မိလကုံဘုရားကို ဝတ်ပြုကိုးကွယ်သူတို့အား ဂဒ်အနွယ်၏ နယ်မြေကိုသိမ်းယူစေကာထိုအရပ်တွင် နေထိုင်ခွင့်ပြုကြသနည်း။-