Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တ​ရား​ဟော 23:3

Common Language Bible

``အမ္မုန်​အမျိုး​သား၊ မော​ဘ​အ​မျိုး​သား​နှင့် သူ​တို့​၏​အ​ဆက်​အ​နွယ်​ဆယ်​ဆက်​တိုင်​အောင် ထာ​ဝ​ရ​ဘု​ရား​၏​လူ​မျိုး​တော်​စာ​ရင်း တွင်​မ​ပါ​ဝင်​စေ​ရ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

11 ပူးပေါင်းရင်းမြစ်များ  

ထို​ကာ​လ​၌​ယု​ဒ​အ​မျိုး​သား​အ​မြောက် အ​မြား​ပင်​အာ​ဇုတ်၊ အမ္မုန်​နှင့်​မော​ဘ အ​မျိုး​သ​မီး​များ​နှင့်​ထိမ်း​မြား​စုံ​ဖက် ထား​ကြ​ကြောင်း​ကို​လည်း​ငါ​တွေ့​ရှိ​ရ လေ​သည်။-

သူ့​အ​နီး​တွင်​ရပ်​လျက်​နေ​သော​တော​ဘိ​က``သူ တို့​သည်​အ​ဘယ်​သို့​သော​မြို့​ရိုး​ကို​တည်​ဆောက် နိုင်​ကြ​မည်​နည်း။ သူ​တို့​၏​မြို့​ရိုး​သည်​မြေ​ခွေး တိုး​မိ​လျှင်​ပြို​ကျ​လိမ့်​မည်'' ဟု​ထောက်​ခံ ပြော​ဆို​၏။

သမ္ဘာ​လတ်၊ တော​ဘိ​တို့​မှ​စ​၍၊ အာ​ရပ်၊ အမ္မုန်၊ အာ​ဇုတ်​အ​မျိုး​သား​များ​သည်​ယေ​ရု​ရှ​လင် မြို့​ကို​ပြန်​လည်​တည်​ဆောက်​မှု​တိုး​တက်​လျက် ရှိ​ကြောင်း၊ မြို့​ရိုး​ပြို​ပျက်​နေ​သည့်​နေ​ရာ​များ ကို​ဖာ​ထေး​လျက်​ရှိ​ကြောင်း​ကို​ကြား​သိ ကြ​သ​ဖြင့်​လွန်​စွာ​အ​မျက်​ထွက်​ကြ​၏။-

ထာ​ဝ​ရ​ဘု​ရား​၏​လူ​မျိုး​တော်​တွင်​ပါ​ဝင်​လာ သူ​လူ​မျိုး​ခြား​တစ်​စုံ​တစ်​ယောက်​သည်``ငါ့​အား ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​လူ​မျိုး​တော်​နှင့်​အ​တူ ဝတ်​ပြု​ကိုး​ကွယ်​ခွင့်​ပြု​လိမ့်​မည်​မ​ဟုတ်'' ဟု မ​ဆို​သင့်။ မိန်း​မ​စိုး​တစ်​စုံ​တစ်​ယောက်​က​လည်း မိ​မိ​သည် သား​သ​မီး​မ​ရ​နိုင်​သ​ဖြင့်၊ ဘု​ရား​သ​ခင်​၏ လူ​မျိုး​တော်​တွင်​အ​ပါ​အ​ဝင်​မ​ဖြစ်​နိုင်​ဟု အ​ဘယ်​အ​ခါ​၌​မျှ​မ​ဆို​အပ်။-

ထာ​ဝ​ရ​ဘု​ရား​သည်​အမ္မုန်​ပြည်​သား​တို့ ကို​ရည်​မှတ်​၍​မိန့်​တော်​မူ​သည်​မှာ``ဣသ​ရေ​လ အ​မျိုး​သား​များ​ကား​အ​ဘယ်​မှာ​နည်း။ သူ တို့​၏​ပြည်​အ​တွက်​ခု​ခံ​ကာ​ကွယ်​မည့်​သူ တစ်​စုံ​တစ်​ယောက်​မျှ​မ​ရှိ​သ​လော။ သူ​တို့ သည်​အ​ဘယ်​ကြောင့်​မိ​လ​ကုံ​ဘု​ရား​ကို ဝတ်​ပြု​ကိုး​ကွယ်​သူ​တို့​အား ဂဒ်​အ​နွယ်​၏ နယ်​မြေ​ကို​သိမ်း​ယူ​စေ​ကာ​ထို​အ​ရပ်​တွင် နေ​ထိုင်​ခွင့်​ပြု​ကြ​သ​နည်း။-

ရန်​သူ​များ​သည်​သူ​၏​ဥစ္စာ​ဘဏ္ဍာ​ရှိ​သ​မျှ​ကို တိုက်​ခိုက်​လု​ယူ​ကြ​၏။ သူ​သည်​လူ​မျိုး​ခြား​တို့​အား​ထာ​ဝ​ရ​ဘု​ရား ပိတ်​ပင်​တား​မြစ်​ထား​ရာ​ဖြစ်​သည့် ဗိ​မာန်​တော်​သို့​ပင်​လျှင် ထို​သူ​တို့​ဝင်​ရောက်​ကြ​သည်​ကို​တွေ့​မြင်​ရ​၏။

``မိတ်​ဆွေ​ကို​ချစ်​လော့။ ရန်​သူ​ကို​မုန်း​လော့​ဟူ သော​ပ​ညတ်​ကို​သင်​တို့ ကြား​သိ​ရ​လေ​ပြီ။-

``မိစ္ဆာ​မေ​ထုံ​သံ​ဝါ​သ​အား​ဖြင့်​ရ​သော​သား နှင့် ယင်း​၏​မျိုး​ဆက်​ဆယ်​ဆက်​တိုင်​အောင် ထာ ဝ​ရ​ဘု​ရား​၏​လူ​မျိုး​တော်​စာ​ရင်း​တွင် မ​ပါ​ဝင်​စေ​ရ။

ထို​သူ​က``ထို​သို့​ဖြစ်​ပါ​မူ​ငါ့​သား​သ​မီး များ​က ထို​လယ်​မြေ​ကို​အ​မွေ​ခံ​ရ​ကြ​လိမ့် မည်​မ​ဟုတ်​သ​ဖြင့် ဝယ်​ယူ​ပိုင်​ခွင့်​ကို​ငါ​စွန့် လွှတ်​လိုက်​ပါ​ပြီ။ ငါ​မ​ဝယ်​ယူ​လို​တော့​ပါ။ သင်​ပင်​ဝယ်​ယူ​ပါ​လော့'' ဟု​ပြန်​ပြော​၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ