ထာဝရဘုရားအားကတိမထားဘဲနေလို လျှင်နေနိုင်၏။
ကျေးဇူးတော်ချီးမွမ်းခြင်းသည်သာ လျှင် ဘုရားသခင်အားသင်တို့ပူဇော်ရာ ယဇ်ဖြစ်စေကြလော့။ ထို့ပြင်၊အနန္တတန်ခိုးရှင်အားသင်တို့သစ္စာ ကတိထားသည့်အတိုင်းပြုကြလော့။
ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်၏အိမ်တော် သို့ မီးရှို့ရာပူဇော်သကာကိုယူဆောင်လာပါမည်။ ကိုယ်တော်ရှင်အားကျွန်တော်မျိုးပြုခဲ့သည့် ကတိသစ္စာဝတ်ကိုဖြေပါမည်။
ဘုရားအမှု၌စကားလွန်မိသောသူ၊ သစ္စာ ဂတိထားပြီးမှ မေးမြန်းသောသူသည် ကျော့ကွင်းနှင့် တွေ့မိပြီ။
သစ္စာဂတိပြု၍ ဝတ်ကိုမဖြေဘဲနေသည်ထက်၊ သစ္စာဂတိအလျှင်းမဖြေဘဲနေသော် သာ၍ကောင်း၏။
``သင်တို့၏ဘုရားသခင်ထာဝရဘုရား အားကတိသစ္စာထားလျှင် ထိုကတိသစ္စာဝတ် ကိုဖြေရန်မနှောင့်နှေးစေနှင့်။ အကယ်၍ နှောင့်နှေးခဲ့သော်သင်၌အပြစ်ရောက်လိမ့် မည်။-
သို့ရာတွင်မိမိ၏ဆန္ဒအလျောက်ကတိသစ္စာ ထားလျှင် ထိုကတိအတိုင်းတည်စေရမည်။
သို့ရာတွင်ဣသရေလအမျိုးသားအကြီး အကဲတို့သည် ဘုရားသခင်ထာဝရဘုရား ကိုတိုင်တည်၍ကတိသစ္စာပြုခဲ့ကြသဖြင့် သူတို့ကိုမသတ်ဖြတ်မသုတ်သင်နိုင်ကြ ချေ။ ထိုကြောင့်ဣသရေလအမျိုးသားတို့ သည် အကြီးအကဲတို့အားအပြစ်တင် ကြ၏။-