တရားဟော 23:21Common Language Bible``သင်တို့၏ဘုရားသခင်ထာဝရဘုရား အားကတိသစ္စာထားလျှင် ထိုကတိသစ္စာဝတ် ကိုဖြေရန်မနှောင့်နှေးစေနှင့်။ အကယ်၍ နှောင့်နှေးခဲ့သော်သင်၌အပြစ်ရောက်လိမ့် မည်။- အခန်းကိုကြည့်ပါ။ |
ကြည့်လော့၊ သတင်းကောင်းကိုယူဆောင်လာ သူစေတမန်သည်တောင်များကိုကျော်ဖြတ် လျက်နေ၏။ သူသည်အောင်ပွဲခံရသည့်သတင်း ကိုကြေညာရန်လာလျက်ရှိပေသည်။ အို ယုဒ ပြည်သားတို့သင်တို့၏ဋ္ဌမ္မပွဲသဘင်များ ကိုကျင်းပကြလော့။ ထာဝရဘုရားအား သင်တို့ဆက်ကပ်ပေးလှူကြလော့။ သူယုတ် မာများသည်သင်တို့ပြည်သို့နောက်တစ်ဖန် ချင်းနင်းဝင်ရောက်ရကြတော့မည်မဟုတ်။ သူတို့သည်လုံးဝဆုံးပါးပျက်စီးသွား ကြလေကုန်ပြီ။
ထိုအစားအစာများသည် ကိုယ်ပိုင်ပစ္စည်းဟူ၍ မရှိသောလေဝိအမျိုးသားများ၊ သင်တို့မြို့ ရွာတွင်နေထိုင်ကြသောလူမျိုးခြားသား များ၊ မိဘမဲ့ကလေးများ၊ မုဆိုးမများ အတွက်ဖြစ်သည်။ သူတို့သည်ထိုအစား အစာများမှ လိုအပ်သလောက်ယူ၍စား သုံးနိုင်၏။ ဤသို့ပြုလျှင်သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် သင်တို့ဆောင် ရွက်သမျှကိုကောင်းချီးပေးတော်မူလိမ့် မည်။''