Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တ​ရား​ဟော 11:22

Common Language Bible

``သင်​တို့​အား​ငါ​မှာ​ကြား​သော​ပ​ညတ်​တော် ရှိ​သ​မျှ​တို့​ကို လိုက်​နာ​ရန်​သ​တိ​ပြု​ကြ​လော့။ သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို ချစ်​၍ မိန့်​တော်​မူ​သ​မျှ​ကို​လိုက်​လျှောက်​လျက် သစ္စာ​တော်​ကို​စောင့်​လော့။-

အခန်းကိုကြည့်ပါ။ ကော်ပီ

13 ပူးပေါင်းရင်းမြစ်များ  

ထို​အ​ကြောင်း​ကြောင့်​ယောကျာ်း​သည်​မိ​ဘ​ကို စွန့်​၍​ဇ​နီး​နှင့်​စုံ​ဖက်​သ​ဖြင့် သူ​တို့​နှစ်​ဦး သည်​တစ်​သွေး​တစ်​သား​တည်း​ဖြစ်​လာ ကြ​၏။

အို ထာ​ဝ​ရ​ဘု​ရား" ကွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏ သြ​ဝါ​ဒ​မား​ကို​လိုက်​နာ​ပါ​ပြီ။ ကွန်​တော်​မျိုး​အား​အ​ရှက်​ကွဲ​စေ​တော်​မ​မူ​ပါ​နှင့်။

ကိုယ်​တော်​က ``သင်​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ကို​စိတ်​စွမ်း​ရှိ​သ​မျှ၊ ကိုယ်​စွမ်း​ရှိ​သ​မျှ၊ ဉာဏ်​စွမ်း ရှိ​သ​မျှ​နှင့်​ချစ်​ရ​မည်​ဟူ​သော​ပညတ်​သည်​ပ​ထ​မ အ​ကြီး​မြတ်​ဆုံး​ပ​ညတ်​ဖြစ်​၏။-

သူ​သည်​ထို​မြို့​သို့​ရောက်​၍​လူ​တို့​အား ဘု​ရား သ​ခင်​အ​ဘယ်​သို့​ကောင်း​ချီး​ပေး​တော်​မူ​သည် ကို​မြင်​သော​အ​ခါ ရွှင်​လန်း​ဝမ်း​မြောက်​သ​ဖြင့် သ​ခင်​ဘု​ရား​အား​စိတ်​နှ​လုံး​အ​ကြွင်း​မဲ့ ယုံ​ကြည်​ကိုး​စား​၍ သစ္စာ​စောင့်​ကြ​ရန်​တိုက် တွန်း​နှိုး​ဆော်​လေ​သည်။-

သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို ကြောက်​ရွံ့​ရို​သေ​၍ ကိုယ်​တော်​ကို​သာ​ဝတ်​ပြု ကိုး​ကွယ်​ရ​မည်။ ထာ​ဝ​ရ​ဘု​ရား​ကို​သစ္စာ စောင့်​၍ နာ​မ​တော်​ကို​သာ​တိုင်​တည်​လျက် သစ္စာ​ဆို​ရ​မည်။-

``သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို ချစ်​၍ ကိုယ်​တော်​၏​ပ​ညတ်​တော်​ရှိ​သ​မျှ​တို့ ကို​အ​စဉ်​လိုက်​နာ​စောင့်​ထိန်း​ရ​မည်။-

``သို့​ဖြစ်​၍​သင်​တို့​အား ယ​နေ့​ငါ​မှာ​ကြား​သော ပ​ညတ်​တော်​များ​ကို​စောင့်​ထိန်း​ကြ​လော့။ သင်​တို့ ၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို စိတ်​နှ​လုံး အ​ကြွင်း​မဲ့​ချစ်​၍​အ​မှု​တော်​ကို​ဆောင်​ရွက် လော့။-

ခို​လှုံ​ရာ​မြို့​သုံး​မြို့​ကို​ထပ်​မံ​၍​ရွေး​ချယ်​ရ မည်။ သင်​တို့​သည်​ငါ​ယ​ခု​မိန့်​မှာ​သ​မျှ​ကို သင် တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို​ချစ် မြတ်​နိုး​လျက် ကိုယ်​တော်​၏​သွန်​သင်​ချက်​များ အ​တိုင်း​လိုက်​လျှောက်​လျှင် ထာ​ဝ​ရ​ဘု​ရား သည်​ထို​ပြည်​ကို​သင်​တို့​အား​ပေး​သ​နား တော်​မူ​လိမ့်​မည်။-

သင်​တို့​၏​ဘိုး​ဘေး​များ​ဖြစ်​ကြ​သော အာ​ဗြ​ဟံ၊ ဣ​ဇာက်​နှင့်​ယာ​ကုပ်​တို့​အား​က​တိ​ထား​တော်​မူ သော​ပြည်​တွင် သင်​တို့​နှင့်​သင်​တို့​၏​အ​ဆက် အ​နွယ်​များ​ကြာ​ရှည်​စွာ​အ​သက်​ရှင်​နေ​ထိုင် နိုင်​စေ​ရန် သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​ကို​ချစ်​၍​အ​မိန့်​တော်​ကို​နာ​ခံ​လျက် ကိုယ်​တော်​ရှင်​အား​ဆည်း​ကပ်​ကိုး​ကွယ်​ကြ လော့'' ဟု​မှာ​ကြား​လေ​၏။

ထာ​ဝ​ရ​ဘု​ရား​ပြ​ဋ္ဌာန်း​တော်​မူ​သော ပ​ညတ် အား​လုံး​ကို​လိုက်​နာ​ရန်​သ​တိ​ပြု​လော့။-

ယ​ခု​အ​ခါ​၌​ဘု​ရား​သ​ခင်​နှင့်​မှန်​ကန်​စွာ ဆက်​ဆံ​သူ​အား​ပေး​အပ်​သည့်​အောင်​ဆု​သည် ငါ့​အ​တွက်​အ​သင့်​ရှိ​နေ​ပြီ။ ဖြောင့်​မတ်​စွာ တ​ရား​စီ​ရင်​တော်​မူ​သော​တ​ရား​သူ​ကြီး တည်း​ဟူ​သော​သ​ခင်​ဘု​ရား​သည် ထို​ဆု​ကို တ​ရား​စီ​ရင်​တော်​မူ​ရာ​နေ့​၌​ငါ့​အား​ပေး အပ်​တော်​မူ​လိမ့်​မည်။ ငါ့​ကို​သာ​မ​က​ဤ လော​က​သို့​နောက်​တစ်​ဖန်​ကိုယ်​တော်​ပေါ် ထွန်း​တော်​မူ​မည်​ကို​တောင့်​တ​စောင့်​မျှော်​သူ အ​ပေါင်း​တို့​အား​လည်း​ပေး​တော်​မူ​လိမ့်​မည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ