Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တ​ရား​ဟော 11:21

Common Language Bible

သို့​ပြု​လျှင်​သင်​တို့​နှင့်​သင်​တို့​၏​သား​သ​မီး တို့​သည် ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​က သင်​တို့ ၏​ဘိုးဘေး​တို့​အား​ပေး​မည်​ဟု​ကတိ​ထား​သော ပြည်​၌​ကြာ​ရှည်​စွာ​နေ​ထိုင်​ရ​လိမ့်​မည်။ မြေ​ပြင် အ​ထက်​မိုး​ကောင်း​ကင်​တည်​ရှိ​သ​မျှ​ကာ​လ ပတ်​လုံး သင်​တို့​သည်​ထို​ပြည်​၌​နေ​ထိုင်​ရ​ကြ လိမ့်​မည်။''

အခန်းကိုကြည့်ပါ။ ကော်ပီ

13 ပူးပေါင်းရင်းမြစ်များ  

နေ​သည်​ထွန်း​လင်း​လျက်၊လ​သည်​အ​လင်း​ရောင် ပေး​လျက်​နေ​သ​မျှ​ကာ​လ​ပတ်​လုံး ကိုယ်​တော်​ရှင်​၏​လူ​စု​တော်​သည် ကိုယ်​တော်​ရှင်​အား​ကာ​လ​အ​စဉ်​အ​ဆက် ကြောက်​ရွံ့​ရို​သေ​ကြ​ပါ​စေ​သော။

``သို့​ရာ​တွင်​အ​ကယ်​၍​သူ​၏​သား​မြေး​တို့​သည် ငါ့​တ​ရား​တော်​ကို​ပစ်​ပယ်​ကာ​ငါ​၏​နည်း ဥ​ပ​ဒေ​ကို မ​ကျင့်​သုံး​လျှင်​သော်​လည်း​ကောင်း၊

သူ၏လက်ျာလက်၌ အသက်တာရှည်သော ကာလ၊ လက်ဝဲလက်၌ စည်းစိမ်နှင့်ဂုဏ်အသရေရှိ၏။

အကြောင်းမူကား၊ ပညတ်တရားသည် အသက်တာရှည်သော ကာလနှစ်ပေါင်းများကို၎င်း၊ ငြိမ်ဝပ်ခြင်းကို ၎င်း တိုးပွါးစေလိမ့်မည်။

ငါ့သား၊ ငါ့စကားကိုနားထောင်နာယူလော့။ သို့ပြုလျှင်၊ သင့်အသက် နှစ်ပေါင်းများလိမ့်မည်။

အကြောင်းမူကား၊ ငါ့ကိုအမှီပြု၍၊ သင်၏ နေ့ရက်ကာလနှင့် အသတ်အပိုင်းအခြား နှစ်ပေါင်း ကာလ တိုးပွါးလိမ့်မည်။

နို့​စို့​သူ​ငယ်​တို့​သည်​လည်း​အ​ရွယ်​မ​ရောက်​မီ သေ​ကြ​ရ​တော့​မည်​မ​ဟုတ်။ လူ​တိုင်း​ပင်​သက် တမ်း​စေ့​နေ​ရကြ​လိမ့်​မည်။ အ​သက်​တစ်​ရာ​နေ​ရ သူ​တို့​ကို​ပင်​ငယ်​ရွယ်​သူ​များ​ဟု​ထင်​မှတ်​ရ ကြ​လိမ့်​မည်။ အ​သက်​တစ်​ရာ​မ​တိုင်​မီ​သေ​ဆုံး သူ​တို့​ကို​မူ​ကား ငါ​၏​အ​ပြစ်​ဒဏ်​ခံ​ရ​သည့် လ​က္ခ​ဏာ​ဟု​မှတ်​ယူ​ကြ​လိမ့်​မည်။-

ထို့​အ​ပြင်​သင်​တို့​၏​ဘိုး​ဘေး​တို့​နှင့်​သူ​တို့ အ​ဆက်​အ​နွယ်​များ​အား​ပေး​မည်​ဟူ​၍ ထာ​ဝ​ရ ဘု​ရား​က​တိ​ထား​တော်​မူ​သော​အ​စာ​ရေ​စာ ပေါ​ကြွယ်​ဝ​သည့်​ပြည်​တွင် သင်​တို့​သည်​ကြာ ရှည်​စွာ နေ​ထိုင်​ရ​ကြ​လိမ့်​မည်။-

ယ​နေ့​သင်​တို့​အား​ငါ​ပေး​သော​ပညတ်​တော် အား​လုံး​ကို​စောင့်​ထိန်း​ကြ​လျှင် သင်​တို့​နှင့် တ​ကွ​သင်​တို့​၏​အ​ဆက်​အ​နွယ်​တို့​သည် ကြီး​ပွား​ချမ်း​သာ​ကြ​လိမ့်​မည်။ သင်​တို့​သည် လည်း​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​က သင် တို့​အား​အ​မြဲ​ပိုင်​ရန်​ပေး​တော်​မူ​သော​ပြည် တွင်​ဆက်​လက်​နေ​ထိုင်​ရ​ကြ​လိမ့်​မည်'' ဟု ဆို​လေ​၏။

`` `သင်​တို့​အား​ထာ​ဝ​ရ​ဘု​ရား​ပေး​သ​နား တော်​မူ​မည့်​ပြည်​တွင် သင်​တို့​သည်​ကောင်း​စား ၍​အ​သက်​ရှည်​စေ​ရန် သင်​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​မိန့်​မှာ​တော်​မူ​သည့်​အ​တိုင်း မိ​ဘ​ကို​ရို​သေ​သ​မှု​ပြု​ကြ​လော့။

သင်​တို့​နှင့်​သင်​တို့​၏​အ​ဆက်​အ​နွယ်​တို့​သည် အ​သက်​ရှင်​သ​မျှ​ကာ​လ​ပတ်​လုံး​သင်​တို့​၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို ကြောက်​ရွံ့ ရို​သေ​ရ​ကြ​မည်။ သင်​တို့​သည်​ထို​ပြည်​တွင် ကြာ​ရှည်​စွာ​နေ​ထိုင်​နိုင်​ရန် ငါ​ပေး​သော ပ​ညတ်​တော်​ရှိ​သ​မျှ​တို့​ကို​နား​ထောင်​၍ စောင့်​ထိန်း​ကြ​လော့။-

ယင်း​သို့​ပ​ထ​မ​အ​ကြိမ်​ရှင်​ပြန်​ထ​မြောက်​ခြင်း တွင်​ပါ​ဝင်​သူ​တို့​သည်​မင်္ဂ​လာ​ရှိ​၍​ကောင်း​ချီး ကြွယ်​ဝ​စွာ​ခံ​စား​ရ​ကြ​၏။ ဒု​တိ​ယ​သေ​ခြင်း သည်​သူ​တို့​အား​အ​စိုး​မ​ရ​နိုင်​ရာ။ သူ​တို့​သည် ဘု​ရား​သ​ခင်​နှင့်​ခ​ရစ်​တော်​၏​ယဇ်​ပု​ရော ဟိတ်​များ​ဖြစ်​၍​ခ​ရစ်​တော်​နှင့်​အ​တူ​အ​နှစ် တစ်​ထောင်​စိုး​စံ​ကြ​ရ​လိမ့်​မည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ