တောလည် 6:5Common Language Bibleသူသည်နာဇရိဂိုဏ်းဝင်အဖြစ်အဋ္ဌိဋ္ဌာန် ပြုထားသည့်ကာလအတွင်း မိမိ၏ဆံပင် ကိုမဖြတ်ရ၊ မရိတ်ရ။ သူသည်ထာဝရ ဘုရားအားဆက်ကပ်ထားသည့်အဋ္ဌိဋ္ဌာန် ကာလအတွင်း မိမိ၏ဆံပင်နှင့်မုတ်ဆိတ် မွေးကိုမဖြတ်မရိတ်ရ။- အခန်းကိုကြည့်ပါ။ |
သင်သည်သားကိုဖွားမြင်ပြီးနောက်သူ၏ ဆံပင်ကိုအဘယ်အခါ၌မျှမရိတ်နှင့်။ အ ဘယ်ကြောင့်ဆိုသော်ထိုသူငယ်သည်မိမိ ဖွားမြင်ချိန်မှစ၍နာဇရိဂိုဏ်းဝင် အဖြစ်ဖြင့်ဘုရားသခင်အားဆက်ကပ်ထား သူဖြစ်သောကြောင့်တည်း။ သူသည်ဣသရေလ လူမျိုးကိုဖိလိတ္တိအမျိုးသားတို့၏လက်မှ ကယ်ဆယ်ခြင်းကိုအစပြုလိမ့်မည်'' ဟု ဆို၏။
ဟန္နက``အနန္တတန်ခိုးရှင်ထာဝရဘုရား၊ ကိုယ်တော်ရှင်၏ကျွန်မကိုရှုမြင်တော်မူပါ။ ကိုယ်တော်ရှင်ကျွန်မ၏ဒုက္ခကိုရှုမှတ်တော် မူလျက်အောက်မေ့သတိရတော်မူပါ။ မေ့ လျော့တော်မမူပါနှင့်။ ကိုယ်တော်ရှင်သည် ကိုယ်တော်၏ကျွန်မအားသားဆုကိုပေး တော်မူလျှင် သူ့ကိုအသက်ရှင်သမျှကာလ ပတ်လုံးကိုယ်တော်ရှင်အားဆက်ကပ်ပူဇော် ပါမည်။ သူ၏ဆံပင်ကိုလည်းအဘယ် အခါ၌မျှမဖြတ်မရိတ်စေပါ'' ဟုကျိန်ဆိုကတိပြုလေ၏။