သူသည်နာဇရိဂိုဏ်းဝင်အဖြစ်ဖြင့်ရှိနေ သမျှကာလပတ်လုံးစပျစ်သီးစေ့၊ စပျစ် သီးခွံမှစ၍စပျစ်ပင်မှရသမျှကိုမ စားရ။
ဤပညတ်များသည်နာဇရိဂိုဏ်းဝင်တို့ အတွက် ပြဋ္ဌာန်းထားသည့်ပညတ်များဖြစ် သည်။ သို့ရာတွင်လူတစ်ဦးသည်နာဇရိ ဂိုဏ်းဝင်ဖြစ်ရန်အတွက် အဋ္ဌိဋ္ဌာန်ပြုရန်လို အပ်သည်ထက်ပို၍ပြုခဲ့သော် ထိုအဋ္ဌိဋ္ဌာန် အတိုင်းဆောင်ရွက်စေရမည်။
ထိုသူသည်သေရည်သေရက်ကိုရှောင်ကြဉ်ရ မည်။ သူသည်စပျစ်ရည်ကိုမသောက်ရ၊ စပျစ် သီးစိမ်းသို့မဟုတ်စပျစ်ခြောက်ကိုမစား ရ။-
သူသည်နာဇရိဂိုဏ်းဝင်အဖြစ်အဋ္ဌိဋ္ဌာန် ပြုထားသည့်ကာလအတွင်း မိမိ၏ဆံပင် ကိုမဖြတ်ရ၊ မရိတ်ရ။ သူသည်ထာဝရ ဘုရားအားဆက်ကပ်ထားသည့်အဋ္ဌိဋ္ဌာန် ကာလအတွင်း မိမိ၏ဆံပင်နှင့်မုတ်ဆိတ် မွေးကိုမဖြတ်မရိတ်ရ။-
သူသည်စပျစ်နွယ်ပင်မှရရှိသည့်အရာဟူ သမျှကိုမစားရ။ စပျစ်ရည်ကိုသော်လည်း ကောင်း၊ သေရည်သေရက်ကိုသော်လည်းကောင်း မသောက်ရ။ တားမြစ်ထားသည့်အစားအစာ မှန်သမျှကိုရှောင်ရမည်။ သူသည်ငါမှာကြား ခဲ့သမျှသောအရာတို့ကိုပြုရမည်'' ဟု ပြန်ပြောလေသည်။