တောလည် 34:6Common Language Bible``အနောက်ဘက်နယ်နိမိတ်သည် မြေထဲ ပင်လယ်ကမ်းခြေဖြစ်ရမည်။ အခန်းကိုကြည့်ပါ။ |
ထိုနောက်ဧကြုန်မြို့မြောက်ဘက်ရှိတောင်သို့ ရောက်ပြီးလျှင် ရှိကြုန်မြို့ဘက်သို့လှည့်၍ ဗာလာတောင်ကိုလွန်လျက်ယာဗနေလမြို့ သို့ရောက်သည်။ ထိုနောက်အနောက်ဘက်နယ် နိမိတ်ဖြစ်သောမြေထဲပင်လယ်တွင်အဆုံး သတ်သည်။ ယုဒအနွယ်ဝင်မိသားစုတို့သည်ဖော်ပြ ပါနယ်နိမိတ်များအတွင်း၌နေထိုင်ကြ သည်။
ယော်ဒန်မြစ်အနောက်ဘက်ရှိတောင်ကုန်းဒေသ၊ တောင်ခြေဒေသ၊ မြောက်ဘက်လေဗနုန်တောင် အထိရှည်လျားသောမြေထဲပင်လယ်ကမ်းရိုး တန်းဒေသတို့တွင်အုပ်စိုးသောမင်းအပေါင်း တို့သည်ဣသရေလအမျိုးသားတို့၏အောင်ပွဲ ခံသတင်းကိုကြားကြ၏။ ထိုမင်းများမှာ ဟိတ္တိအမျိုးသား၊ အာမောရိအမျိုးသား၊ ခါနာန်အမျိုးသား၊ ဖေရဇိအမျိုးသား၊ ဟိဝိ အမျိုးသား၊ ယေဗုသိအမျိုးသားတို့၏ မင်းများဖြစ်ကြသည်။-