Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တော​လည် 34:5

Common Language Bible

ထို​နောက်​ကွေ့​၍​အီ​ဂျစ်​ပြည်​နယ်​စပ်​ရှိ​ချိုင့် ဝှမ်း​သို့​လည်း​ကောင်း​သွား​ပြီး​လျှင် မြေ​ထဲ ပင်​လယ်​ကမ်း​ခြေ​၌​အ​ဆုံး​သတ်​ရ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

8 ပူးပေါင်းရင်းမြစ်များ  

ထို​အ​ချိန်​ထို​နေ​ရာ​၌​ထာ​ဝ​ရ​ဘု​ရား​သည် အာ​ဗြံ​နှင့်​ပ​ဋိ​ညာဉ်​ပြု​တော်​မူ​၏။ ထာ​ဝ​ရ ဘု​ရား​က၊-

ဗိ​မာန်​တော်​တွင်​ရှော​လ​မုန်​နှင့်​ဣ​သ​ရေ​လ အ​မျိုး​သား​အ​ပေါင်း​တို့​သည် သစ်​ခက်​တဲ​နေ ပွဲ​တော်​ကို​ခု​နစ်​ရက်​တိုင်​တိုင်​ကျင်း​ပ​ကြ​လေ သည်။ လူ​အုပ်​ကြီး​မှာ​မြောက်​ဘက်​ဟာ​မတ်​တောင် ကြား​လမ်း​မှ​သည် တောင်​ဘက်​အီ​ဂျစ်​ပြည်​နယ် စပ်​တိုင်​အောင်​အ​နှံ့​အ​ပြား​အ​ရပ်​ရပ်​မှ​လာ ရောက်​သူ​များ​ဖြစ်​သတည်း။-

ထို​ကာ​လ​၌​ထာ​ဝ​ရ​ဘု​ရား​ကိုယ်​တော်​တိုင် ဥ​ဖ​ရတ်​မြစ်​မှ​အီ​ဂျစ်​ပြည်​နယ်​စပ်​အ​ထိ မိ​မိ​လူ​တို့​ကို​တစ်​ယောက်​ပြီး​တစ်​ယောက် ယူ​တော်​မူ​၍​ဂျုံ​စ​ပါး​အ​ကောင်း​နှင့် အ​ညံ့ ကို​စ​ပါး​နယ်​လျက်​ခွဲ​ခြား​သ​ကဲ့​သို့​ခွဲ ခြား​တော်​မူ​မည်။

``တောင်​ဘက်​နယ်​နိ​မိတ်​သည်​တာ​မာ​မြို့​မှ အ​နောက်​တောင်​ဘက်​ရှိ​ကာ​ဒေ​ရှ​မေ​ရိ​ဘ စိမ့်​စမ်း​သို့​လည်း​ကောင်း၊ ထို​နောက်​အ​နောက် မြောက်​ဘက်​ရှိ​အီ​ဂျစ်​ပြည်​နယ်​စပ်​ကို​လိုက် ၍​မြေ​ထဲ​ပင်​လယ်​သို့​လည်း​ကောင်း​ရောက် ရှိ​၏။

သူ​သည်​ဗိ​မာန်​တော်​တည်​ရာ​တောင်​တော်​နှင့် ပင်​လယ်​စပ်​ကြား​တွင် မိ​မိ​အ​တွက်​တဲ​တော် ကြီး​များ​ကို​ပင်​တည်​ဆောက်​လိမ့်​မည်။ သို့ ရာ​တွင်​မိ​မိ​အား​မ​စ​ကူ​ညီ​မည့်​သူ​မ​ရှိ ဘဲ​ထို​အ​ရပ်​တွင်​သေ​ဆုံး​လိမ့်​မည်။''

ထို့​အ​ပြင်​အီ​ဂျစ်​ပြည်​နယ်​စပ်​ရှိ​ချောင်း​နှင့် မြေ​ထဲ​ပင်​လယ်​ကမ်း​ခြေ​အ​ထိ​ကျယ်​ပြန့် သော​ဒေ​သ​ရှိ​အာ​ဇုတ်​မြို့၊ ဂါ​ဇ​မြို့​နှင့်​ပတ် ဝန်း​ကျင်​မြို့​ရွာ​များ​လည်း​ပါ​ဝင်​လေ​သည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ