Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တော​လည် 28:6

Common Language Bible

ဤ​သကာ​သည်​နေ့​စဉ်​အ​ကုန်​အ​စင်​မီး​ရှို့​ပူ ဇော်​ရ​သော​သကာ​ဖြစ်​၏။ ဤ​သကာ​သည်​သိ​နာ တောင်​ပေါ်​တွင်​ဦး​စွာ​ပူ​ဇော်​ခဲ့​သော​သကာ​ဖြစ်​၍ ယင်း​ရ​နံ့​ကို​ထာ​ဝ​ရ​ဘု​ရား​နှစ်​သက်​တော် မူ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

15 ပူးပေါင်းရင်းမြစ်များ  

ကျွန်ုပ်​သည်​ကျွန်ုပ်​၏​ဘု​ရား​သ​ခင်​ထာဝ​ရ ဘု​ရား​အား​ဂုဏ်​ပြု​ဆက်​ကပ်​ရန်​ဗိ​မာန်​တော် ကို​တည်​ဆောက်​လှူ​ဒါန်း​ပါ​မည်။ ထို​ဗိ​မာန် တော်​သည်​ကျွန်ုပ်​နှင့်​ပြည်​သူ​တို့​ဝတ်​ပြု​ကိုး ကွယ်​ရာ​ဌာ​န​တော်​ဖြစ်​လိမ့်​မည်။ ထို​ဗိ​မာန် တော်​တွင်​မွှေး​ကြိုင်​သော​နံ့​သာ​ပေါင်း​မီး​ရှို့ ပူ​ဇော်​၍​ရှေ့​တော်​မုန့်​ကို​အ​ဆက်​မ​ပြတ် ဆက်​သ​လျက်​နံ​နက်​တိုင်း​ည​တိုင်း၊ ဥပုသ် နေ့၊ လ​ဆန်း​ပွဲ​နေ့​နှင့်​ကျွန်ုပ်​တို့​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​အား​ဂုဏ်​ပြု​သော အ​ခြား​နေ့​ထူး​နေ့​မြတ်​များ​၌ မီး​ရှို့​ပူ​ဇော် ရန်​သ​ကာ​များ​ကို​ဆက်​သ​မည်​ဖြစ်​ပါ​သည်။ ထာ​ဝ​ရ​ဘု​ရား​သည်​ဣ​သ​ရေ​လ​ပြည်​သူ တို့​အား ဤ​သို့​ထာ​ဝ​စဉ်​ပြု​လုပ်​ဆောင်​ရွက် ရန်​ပ​ညတ်​တော်​မူ​ပါ​သည်။-

မင်း​ကြီး​သည်​ထာ​ဝရ​ဘု​ရား​၏​ပ​ညတ်​ကျမ်း အ​ရ နေ့​စဉ်​နံ​နက်​တိုင်း၊ ည​နေ​တိုင်း၊ ဥ​ပုသ်​နေ့ လ​ဆန်း​ပွဲ​တော်​နေ့​နှင့်​အ​ခြား​ပွဲ​တော်​များ​၌ မီး​ရှို့​ပူ​ဇော်​ရန် လို​အပ်​သော​သိုး​နွား​များ​ကို မိ​မိ​ပိုင်​သိုး​အုပ်​နွား​အုပ်​များ​မှ​ပေး​လှူ​တော် မူ​၏။

သူ​တို့​သည်​စည်း​မျဉ်း​သတ်​မှတ်​ချက်​များ​ရှိ သည့်​အ​တိုင်း တဲ​နေ​ပွဲ​ကို​ကျင်း​ပ​ကြ​၏။ နေ့ စဉ်​ပူ​ဇော်​အပ်​သည့်​ယဇ်​များ​ကို​လည်း​ပူ​ဇော် ကြ​၏။-

သင်​တို့​သည်​ငါ့​အား​ယဇ်​နှင့်​မီး​ရှို့​ရာ ပူ​ဇော်​သ​ကာ​များ​ကို​အ​စဉ်​ဆက်​သည့်​အ​တွက် ငါ​သည်​သင်​တို့​အား​ဝေ​ဖန်​ပြစ်​တင်​မှု​မ​ပြု​လို။

ထို​အ​ခါ​မော​ရှေ​သည်​မိုး​တိမ်​ဖုံး​အုပ်​နေ​သော တောင်​ထိပ်​ပေါ်​သို့​တက်​သွား​လေ​သည်။ သူ​သည် တောင်​ထိပ်​ပေါ်​တွင်​အ​ရက်​လေး​ဆယ်​ပတ်​လုံး ရှိ​နေ​၏။

ဘု​ရား​သ​ခင်​သည်​သိ​နာ​တောင်​ပေါ်​တွင် မော​ရှေ​အား​မိန့်​တော်​မူ​ပြီး​သော​အ​ခါ၊ ဘု​ရား​သ​ခင်​ကိုယ်​တော်​တိုင်​ပ​ညတ်​တော် များ​ကို​အက္ခ​ရာ​တင်​သော​ကျောက်​ပြား နှစ်​ပြား​ကို၊ သူ့​အား​ပေး​တော်​မူ​၏။

မုန့်​ညက်​ငါး​ပေါင်​ကို​လည်း​နံ​နက်​တိုင်း ပူ​ဇော်​ဆက်​သ​ရ​မည်။ ယင်း​နှင့်​ရော​စပ်​ရန် သံ​လွင်​ဆီ​ငါး​ဆယ်​သား​ကို​လည်း​ပူ​ဇော် ရ​မည်။ ထာ​ဝရ​ဘု​ရား​အား​ဆက်​ကပ်​သည့် ဤ​ပူ​ဇော်​သ​ကာ​နှင့်​ဆိုင်​သော​ဥ​ပ​ဒေ များ​သည်​ထာ​ဝ​စဉ်​အာ​ဏာ​တည်​စေ​ရ မည်။-

နံ​နက်​၌​ထာ​ဝ​ရ​ဘု​ရား​အား​သိုး​ငယ်၊ မုန့်​ညက်​နှင့်​သံလွင်​ဆီ​တို့​ကို​အ​စဉ်​အ​မြဲ ဆက်​ကပ်​ကြ​စေ'' ဟု​မိန့်​တော်​မူ​၏။

ဤ​ကား​ထာ​ဝ​ရ​ဘု​ရား​က သိ​နာ​တောင် ပေါ်​တွင်​မော​ရှေ​မှ​တစ်​ဆင့် ဣ​သ​ရေ​လ အ​မျိုး​သား​တို့​အား​ပေး​အပ်​သော​ပ​ညတ် များ​ဖြစ်​သ​တည်း။ ရှင်​မော​ရှေ​စီ​ရင်​ရေး​ထား​သော​ဝတ်​ပြု​ရာ ကျမ်း​ပြီး​၏။

``အို ဣ​သ​ရေ​လ​အမျိုး​သား​တို့၊ သင်​တို့​သည် တော​ကန္တာ​ရ​ထဲ​၌ အ​နှစ်​လေး​ဆယ်​ပတ်​လုံး လှည့်​လည်​နေ​စဉ်​က​ယဇ်​ပူ​ဇော်​သ​ကာ​တို့ ကို ငါ့​အား​မ​ပူ​ဇော်​ဘဲ​နေ​ခဲ့​ကြ​သည်​မ ဟုတ်​လော။-

သိုး​တစ်​ကောင်​စီ​နှင့်​အ​တူ​ဂျုံ​မုန့်​ညက်​နှစ် ပေါင်​နှင့် အ​ကောင်း​ဆုံး​သံ​လွင်​ဆီ​နှစ်​ပိုင့်​ရော နယ်​ထား​သော​ဘော​ဇဉ်​သကာ​ကို​လည်း​ပူ​ဇော် ရ​မည်။-

ပ​ထ​မ​သိုး​က​လေး​နှင့်​အ​တူ​ယဇ်​ပလ္လင်​တွင် စ​ပျစ်​ရည်​နှစ်​ပိုင့်​ကို​လောင်း​၍​စ​ပျစ်​ရည် သကာ​အ​ဖြစ်​ဆက်​သ​ရ​မည်။-

သင်​တို့​၏​ယုံ​ကြည်​ခြင်း​က​ဘု​ရား​သ​ခင်​အား ပူ​ဇော်​သော​ယဇ်​ပေါ်​တွင် ငါ​၏​အ​သက်​သွေး​ကို သွန်း​လောင်း​ရ​မည်​ဆို​လျှင် ငါ​သည်​ဝမ်း​မြောက် လျက်​သင်​တို့​နှင့်​အ​တူ​ဝမ်း​မြောက်​သည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ