သိုးတစ်ကောင်စီနှင့်အတူဂျုံမုန့်ညက်နှစ် ပေါင်နှင့် အကောင်းဆုံးသံလွင်ဆီနှစ်ပိုင့်ရော နယ်ထားသောဘောဇဉ်သကာကိုလည်းပူဇော် ရမည်။-
(ဣသရေလအမျိုးသားတို့၏ချင်ခွက် ဖြစ်သောတစ်သြမဲမှာပြည်ဝက်ခန့် ဖြစ်၏။)
မုန့်ညက်ငါးပေါင်ကိုလည်းနံနက်တိုင်း ပူဇော်ဆက်သရမည်။ ယင်းနှင့်ရောစပ်ရန် သံလွင်ဆီငါးဆယ်သားကိုလည်းပူဇော် ရမည်။ ထာဝရဘုရားအားဆက်ကပ်သည့် ဤပူဇော်သကာနှင့်ဆိုင်သောဥပဒေ များသည်ထာဝစဉ်အာဏာတည်စေရ မည်။-
တစ်စုံတစ်ယောက်သည်ထာဝရဘုရားအား ဘောဇဉ်ပူဇော်လိုလျှင်မုန့်ညက်ကိုပူဇော်ရ မည်။ မုန့်ညက်တွင်သံလွင်ဆီနှင့်အမွှေးနံ့ သာလောင်းထည့်၍၊-
သိုးကလေးတစ်ကောင်ကိုနံနက်တွင်ပူဇော်၍ အခြားတစ်ကောင်ကိုညနေတွင်ပူဇော်ရမည်။-
ဤသကာသည်နေ့စဉ်အကုန်အစင်မီးရှို့ပူ ဇော်ရသောသကာဖြစ်၏။ ဤသကာသည်သိနာ တောင်ပေါ်တွင်ဦးစွာပူဇော်ခဲ့သောသကာဖြစ်၍ ယင်းရနံ့ကိုထာဝရဘုရားနှစ်သက်တော် မူ၏။-