တောလည် 28:15Common Language Bibleနေ့စဉ်ဆက်သရသောမီးရှို့ရာယဇ်နှင့်တကွ စပျစ်ရည်သကာအပြင်ဆိတ်ထီးတစ်ကောင် ကိုလည်းအပြစ်ဖြေရာယဇ်အဖြစ်ပူဇော် ရမည်။ အခန်းကိုကြည့်ပါ။ |
ဤနည်းအားဖြင့်အာရုန်သည် ဣသရေလ အမျိုးသားတို့၏မသန့်စင်ခြင်းနှင့်အပြစ် အမျိုးမျိုးတို့ကြောင့် အလွန်သန့်ရှင်းရာဌာန တော်အတွက် သန့်စင်ခြင်းဝတ်ကိုဆောင်ရွက်ရ မည်။ တဲတော်သည်မသန့်စင်သောစခန်းအလယ် တွင်တည်ရှိသဖြင့် တဲတော်အတွက်သန့်စင် ခြင်းဝတ်ကိုဆောင်ရွက်ရမည်။-
မသိမှားယွင်းခြင်းဖြစ်ခဲ့သည်ရှိသော် သူတို့သည် နွားထီးတစ်ကောင်ကိုမီးရှို့ရာ ယဇ်အဖြစ်ပူဇော်ရမည်။ ထိုသကာရနံ့ ကိုထာဝရဘုရားနှစ်သက်တော်မူ၏။ ထို ယဇ်ကောင်နှင့်အတူဘောဇဉ်သကာနှင့် စပျစ်ရည်သကာတို့ကိုလည်းတွဲဖက် ဆက်သရမည်။ ထို့အပြင်အပြစ်ဖြေရာ ယဇ်အတွက်ဆိတ်ထီးတစ်ကောင်ကို လည်းပူဇော်ရမည်။-
လူ့ဇာတိသဘောအားနည်းမှုကြောင့်ပညတ် တရားက မဆောင်ရွက်ပေးနိုင်သောအမှုကို ဘုရားသခင်ကဆောင်ရွက်ပေးတော်မူ၏။ ကိုယ်တော်သည်လူ့ဇာတိသဘောတွင်သက် ရှင်လှုပ်ရှားသည့်အပြစ်တရားကိုအပြစ် ဒဏ်စီရင်ရန် မိမိ၏သားတော်အားလောက သို့စေလွှတ်တော်မူ၏။ သားတော်သည်အပြစ် တရားကိုဖျက်ဆီးပစ်ရန်လူ့ဇာတိကို ခံယူတော်မူသည်။-