Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တော​လည် 28:14

Common Language Bible

ထို​မီး​ရှို့​ရာ​ယဇ်​တို့​နှင့်​တွဲ​၍​ဆက်​သ​ရ​သော စ​ပျစ်​ရည်​သကာ​မှာ နွား​ထီး​တစ်​ကောင်​စီ​နှင့် အ​တူ​စ​ပျစ်​ရည်​လေး​ပိုင့်၊ သိုး​ထီး​နှင့်​အ​တူ စ​ပျစ်​ရည်​သုံး​ပိုင့်၊ သိုး​က​လေး​တစ်​ကောင်​စီ နှင့်​အ​တူ​စ​ပျစ်​ရည်​နှစ်​ပိုင့်​ကို​ပူ​ဇော်​ရ​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

11 ပူးပေါင်းရင်းမြစ်များ  

ထို့​အ​ပြင်​သူ​တို့​သည်​အ​မြဲ​ပူ​ဇော်​ရ​သည့် တစ်​ကောင်​လုံး​မီး​ရှို့​ရာ​ယဇ်​များ​ကို​လည်း​ကောင်း၊ လ​ဆန်း​နေ့​ပွဲ​တော်​ကို​လည်း​ကောင်း၊ ထာ​ဝ​ရ ဘု​ရား​အား​ဝတ်​ပြု​ကိုး​ကွယ်​ရာ အ​ခြား​ပွဲ​နေ့ များ​၌​ပူ​ဇော်​အပ်​သည့်​ယဇ်​များ​ကို​လည်း ကောင်း၊ ထာ​ဝ​ရ​ဘု​ရား​အား​မိ​မိ​တို့​စေ​တ​နာ အ​လျောက်​ပေး​လှူ​သည့်​ပူ​ဇော်​သ​ကာ​များ ကို​လည်း​ကောင်း​တင်​လှူ​ပူ​ဇော်​ကြ​လေ သည်။-

သင်​တို့​၏​အ​သုံး​မ​ကျ​သော​ပူ​ဇော်​သ​ကာ​များ​ကို နောက်​တစ်​ဖန်​ငါ​အ​လို​မ​ရှိ။ သင်​တို့​ပူ​ဇော်​သည့်​နံ့​သာ​ပေါင်း​၏​ရ​နံ့​ကို​ငါ​ရွံ​မုန်း​၏။ သင်​တို့​၏​လ​ဆန်း​ပွဲ​နေ့​များ၊ ဥ​ပုသ်​နေ့​များ​နှင့်​ဘာ​သာ​ရေး​ပွဲ​နေ့​များ​ကို​ငါ​စက်​ဆုပ်​၏။ သင်​တို့​၏​အ​ပြစ်​များ​ကြောင့်​ထို​အ​ရာ​များ​သည်​ဖောက်​ပြန်​ပျက်​စီး​နေ​သည်။-

ငါ​သည်​မော​ဘ​ပြည်​သား​တို့​အား​တောင် ထိပ်​များ​တွင်​မီး​ရှို့​ရာ​ပူ​ဇော်​သ​ကာ​များ ဆက်​ကပ်​မှု​နှင့် မိ​မိ​တို့​ဘု​ရား​များ​အား ယဇ်​ပူ​ဇော်​မှု​ကို​ရပ်​စဲ​စေ​မည်။ ဤ​ကား​ငါ ထာ​ဝ​ရ​ဘု​ရား​မြွက်​ဟ​သည့်​စ​ကား ဖြစ်​၏။

ဥ​ပုသ်​နေ့​၌​မင်း​သား​သည်​ထာ​ဝ​ရ​ဘု​ရား ၏​ထံ​တော်​သို့​မီး​ရှို့​ရန်​ယဇ်​များ​အ​ဖြစ် ဖြင့် အ​ပြစ်​အ​နာ​အ​ဆာ​ကင်း​သော​သိုး ငယ်​ခြောက်​ကောင်​နှင့်​သိုး​ထီး​တစ်​ကောင် ကို​ယူ​ဆောင်​ခဲ့​ရ​မည်။-

ယဇ်​ပလ္လင်​အ​မှု​တော်​ဆောင် အ​ချင်း​ယဇ်​ပု​ရော​ဟိတ်​တို့၊လျှော်​တေ​ကို​ဝတ်​၍​ငို​ကြွေး​ကြ​လော့။ ငါ​၏​ဘု​ရား​သ​ခင်​ရှေ့​အ​မှု​တော်​ဆောင်​တို့​ဗိ​မာန်​တော်​သို့​ဝင်​၍ ညဥ့်​လုံး​ပေါက်​ငို​ကြွေး​မြည်​တမ်း​ကြ​လော့။ သင်​တို့​၏​ဘု​ရား​သ​ခင်​အား​ပူ​ဇော်​ရန်​ဂျုံ​ဆန်​နှင့်​စ​ပျစ်​ရည်​များ​မ​ရှိ​တော့​ပြီ။

သံ​လွင်​ဆီ​လေး​ပိုင့်​နှင့်​ရော​ထား​သော​မုန့် ညက်​ခြောက်​ပေါင်​အ​ပြင်၊-

သိုး​က​လေး​တစ်​ကောင်​စီ​နှင့်​အ​တူ​မုန့်​ညက် နှစ်​ပေါင်​ကို​လည်း​ကောင်း​ဆက်​သ​ရ​မည်။ ဤ မီး​ရှို့​ရာ​သကာ​များ​သည်​ပူ​ဇော်​သကာ​များ ဖြစ်​၍ ယင်း​၏​ရ​နံ့​ကို​ထာ​ဝ​ရ​ဘု​ရား နှစ်​သက်​တော်​မူ​၏။-

နေ့​စဉ်​ဆက်​သ​ရ​သော​မီး​ရှို့​ရာ​ယဇ်​နှင့်​တ​ကွ စ​ပျစ်​ရည်​သကာ​အ​ပြင်​ဆိတ်​ထီး​တစ်​ကောင် ကို​လည်း​အ​ပြစ်​ဖြေ​ရာ​ယဇ်​အ​ဖြစ်​ပူ​ဇော် ရ​မည်။

ပ​ထ​မ​သိုး​က​လေး​နှင့်​အ​တူ​ယဇ်​ပလ္လင်​တွင် စ​ပျစ်​ရည်​နှစ်​ပိုင့်​ကို​လောင်း​၍​စ​ပျစ်​ရည် သကာ​အ​ဖြစ်​ဆက်​သ​ရ​မည်။-

ထို့​အ​ပြင်​ပ​ထ​မ​နေ့​တွင်​ပူ​ဇော်​ရ​သည့် သကာ​များ​ကို​လည်း​ပူ​ဇော်​ရ​မည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ