Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တော​လည် 27:14

Common Language Bible

အ​ဘယ်​ကြောင့်​ဆို​သော်​သင်​တို့​နှစ်​ဦး​စ​လုံး သည် ဇိ​န​တော​ကန္တာ​ရ​၌​ငါ​၏​အ​မိန့်​ကို​ဖီ​ဆန် သော​ကြောင့်​ဖြစ်​၏။ မေ​ရိ​ဘ​အ​ရပ်​တွင်​ဣ​သ ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​သည် ငါ့​အား အ​ပြစ်​တင်​၍​ညည်း​တွား​ကြ​သော​အ​ခါ သင် တို့​သည်​သူ​တို့​ရှေ့​တွင်​ငါ​၏​တန်​ခိုး​တော်​ကို မ​ထီ​လေး​စား​ပြု​မူ​ခဲ့​ကြ​၏'' ဟု​မိန့်​တော် မူ​သည်။ (မေ​ရိ​ဘ​သည်​ဇိ​န​တော​ကန္တာ​ရ​ရှိ ကာ​ဒေ​ရှ​အ​ရပ်​၌​တည်​ရှိ​သော​စမ်း​ရေ ပေါက်​ကို​ဆို​လို​သည်။)

အခန်းကိုကြည့်ပါ။ ကော်ပီ

12 ပူးပေါင်းရင်းမြစ်များ  

ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​က``ထာ​ဝ​ရ ဘု​ရား​သည်​ငါ​တို့​နှင့်​အ​တူ​ရှိ​ပါ​သ​လား'' ဟု​မေး​လျက်​မော​ရှေ​အား​ညည်း​ညူ​၍​ထာ​ဝ​ရ ဘု​ရား​ကို​စုံ​စမ်း​ကြ​သ​ဖြင့် ထို​အ​ရပ်​ကို``မ​ဿာ'' ဟူ​၍​လည်း​ကောင်း``မေ​ရိ​ဘ'' ဟူ​၍​လည်း​ကောင်း ခေါ်​ဝေါ်​သ​မုတ်​ကြ​သ​တည်း။

သို့​ဖြစ်​၍​သူ​တို့​သည်​မြောက်​ဘက်​သို့​သွား​ပြီး လျှင် ထို​ပြည်​တောင်​ဘက်​ဇိ​န​ခေါ်​တော​ကန္တာ​ရ မှ​မြောက်​ဘက်​ဟာ​မတ်​တောင်​ကြား​အ​နီး​ရှိ ရ​ဟော​ဘ​မြို့​သို့​တိုင်​အောင်​ပြည်​ကို​စုံ​စမ်း ထောက်​လှမ်း​ကြ​သည်။-

ပ​ထ​မ​လ​တွင်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ သည် ဇိ​န​ဟု​ခေါ်​သော​တော​ကန္တာ​ရ​သို့​ရောက်​၍ ကာ​ဒေ​ရှ​အ​ရပ်​၌​စ​ခန်း​ချ​ကြ​သည်။ ထို အ​ရပ်​တွင်​မိ​ရိ​အံ​သေ​ဆုံး​သ​ဖြင့် သူ့​အ​လောင်း ကို​မြှုပ်​နှံ​သင်္ဂြိုဟ်​လိုက်​ကြ​၏။

``အာ​ရုန်​သည်​အ​နိစ္စ​ရောက်​လိမ့်​မည်။ သူ​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ငါ​က​တိ ထား​သော​ပြည်​သို့​ဝင်​ရ​လိမ့်​မည်​မ​ဟုတ်။ အ​ဘယ်​ကြောင့်​ဆို​သော်​သင်​တို့​နှစ်​ဦး​သည် မေ​ရိ​ဘ​အ​ရပ်​တွင် ငါ​၏​အ​မိန့်​တော်​ကို မ​နာ​ခံ​ခဲ့​သော​ကြောင့်​ဖြစ်​သည်။-

အ​ဘယ်​ကြောင့်​အ​ကျွန်ုပ်​တို့​အား​အီ​ဂျစ်​ပြည်​မှ ထုတ်​ဆောင်​၍ မည်​သည့်​အ​ပင်​မျှ​မ​ပေါက်​သော​ဤ ခေါင်​သည့်​အ​ရပ်​သို့​ခေါ်​ဆောင်​ခဲ့​ပါ​သ​နည်း။ ဤ အ​ရပ်​တွင်​ကောက်​ပဲ​သီး​နှံ​ပင်​မ​ရှိ၊ သ​ဖန်း​ပင် မ​ရှိ၊ စ​ပျစ်​ပင်​မ​ရှိ၊ သ​လဲ​ပင်​မ​ရှိ၊ သောက် စ​ရာ​ရေ​မ​ရှိ'' ဟု​ညည်း​တွား​ကြ​လေ​သည်။-

ထို​အ​ခါ​မော​ရှေ​က​ထာ​ဝ​ရ​ဘု​ရား​အား၊

``သင်​တို့​သည်​လွန်​စွာ​ခေါင်း​မာ​ကြ​သည် တ​ကား။ သင်​တို့​စိတ်​နှ​လုံး​သည်​ဘု​ရား​သ​ခင် ၏​ဗျာ​ဒိတ်​စ​ကား​ကို​ကြား​နာ​ရန်​နား​ပင်း ကြ​သည်​တ​ကား။ သင်​တို့​သည်​မိ​မိ​တို့​ဘိုး ဘေး​များ​ကဲ့​သို့​ပင် သန့်​ရှင်း​သော​ဝိ​ညာဉ်​တော် ကို​အ​စဉ်​အ​မြဲ​ဆန့်​ကျင်​ဘက်​ပြု​ကြ​သည် တ​ကား။-

ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​အ​တွက်​ကြောင့်​ငါ့ ကို​လည်း​အ​မျက်​တော်​ထွက်​လျက် ငါ့​အား`သင် ကိုယ်​တိုင်​ပင်​လျှင်​ထို​ပြည်​သို့​မ​ဝင်​ရ။-

ငါ​သည်​ဤ​အ​ရပ်​၌​သေ​ရ​မည်။ ယော်​ဒန်​မြစ် တစ်​ဘက်​သို့​ကူး​ရ​မည်​မ​ဟုတ်။ သို့​ရာ​တွင် သင်​တို့​သည်​မြစ်​ကို​ကူး​၍ အ​စာ​ရေ​စာ​ပေါ ကြွယ်​ဝ​သော​ပြည်​ကို​သိမ်း​ယူ​ရ​ကြ​တော့​မည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ