တောလည် 27:13Common Language Bibleအာရုန်အနိစ္စရောက်သကဲ့သို့သင်သည် ထို ပြည်ကိုမျှော်ကြည့်ပြီးသောအခါ၌ အနိစ္စရောက်လိမ့်မည်။- အခန်းကိုကြည့်ပါ။ |
ထာဝရဘုရား၏အမိန့်တော်အရ ယဇ် ပုရောဟိတ်အာရုန်သည်ဟောရတောင်ပေါ် သို့တက်လေ၏။ ဣသရေလအမျိုးသားတို့ သည်အီဂျစ်ပြည်မှ ထွက်လာခဲ့ပြီးနောက် လေးဆယ်မြောက်သောနှစ်၊ ပဉ္စမလ၊ လဆန်း တစ်ရက်နေ့တွင်အသက်တစ်ရာ့နှစ်ဆယ့် သုံးနှစ်ရှိသောအာရုန်သည် ထိုတောင်ပေါ် တွင်အနိစ္စရောက်လေသည်။
ထာဝရဘုရားသည်မိုးတိမ်တိုင်ထဲက မောရှေအား``သင်သည်မကြာမီစုတေရမည်။ သင်အနိစ္စရောက်ပြီးနောက်ဣသရေလအမျိုး သားတို့သည် သစ္စာဖောက်၍သူတို့နှင့်ငါပြု ထားသောပဋိညာဉ်ကိုချိုးဖောက်ကြလိမ့်မည်။ သူတို့သည်ငါ့ကိုစွန့်ပယ်၍ သူတို့ဝင်ရောက် မည့်ပြည်ရှိအခြားသောဘုရားများကို ကိုးကွယ်ကြလိမ့်မည်။-