ယဇ်ပုရောဟိတ်အာရုန်၏မြေး၊ ဧလာဇာ၏ သားဖိနဟတ်သည်ထိုအခြင်းအရာကို မြင်ရလျှင် ပရိသတ်ထဲမှထွက်သွား၍ လှံတစ်စင်းကိုင်စွဲလျက်၊-
ဧလာဇာ၏သားဖိနဟတ်သည်အခါ တစ်ပါးက ထိုသူတို့အားကြီးကြပ်အုပ် ချုပ်ရလေသည်။ ထာဝရဘုရားသည် သူနှင့်အတူရှိတော်မူ၏။
ဗုက္ကိ၏အဖသည်အဘိရွှ၊ အဘိရွှ၏အဖ သည် ဖိနဟတ်၊ ဖိနဟတ်၏အဖမှာဧလာဇာ၊ ဧလဇာ၏အဖကားအာရုန်ဖြစ်သတည်း။
သို့ရာတွင်ဖိနဟတ်သည်ထ၍ အပြစ်ရှိသူတို့ကိုဒဏ်စီရင်လိုက်သဖြင့် ကပ်ရောဂါသည်ငြိမ်းလေ၏။
လေဝိအမျိုးသားတို့သည်မောရှေအမိန့် ပေးသည့်အတိုင်းဆောင်ရွက်သဖြင့်၊ ထိုနေ့ တွင်လူပေါင်းသုံးထောင်ခန့်သေဆုံးလေ၏။-
အာရုန်၏သားဧလဇာသည်ပုတျေလ၏ သမီးတစ်ယောက်နှင့်စုံဖက်၍ သူသည်သား ဖိနဟတ်ကိုဖွားမြင်၏။ ဤသူတို့သည်လေဝိ မိသားစုနှင့်အဆက်အနွယ်များ၏အကြီး အကဲများဖြစ်ကြသတည်း။
ငါ၏ပဋိညာဉ်တော်တွင်သူတို့အား အသက်ရှင်မှုနှင့် ချမ်းမြေ့သာယာမှုကို ကတိထားခဲ့သည်ဖြစ်၍ ငါသည်မိမိ အားသူတို့ရိုသေလေးစားစိမ့်သောငှာ ထိုအရာများကိုပေးအပ်ခဲ့ပေသည်။ ထို နေ့ရက်ကာလများကသူတို့သည်အကယ် ပင်ငါ့အားကြောက်ရွံ့ရိုသေရကြ၏။-
ထိုနောက်မောရှေသည်ယဇ်ပုရောဟိတ်ဧလာ ဇာ၏သား ဖိနဟတ်အားဣသရေလတပ်ကို အုပ်ချုပ်ကွပ်ကဲစေ၏။ သူနှင့်အတူတဲတော် နှင့်ဆိုင်သောအသုံးအဆောင်ပစ္စည်းများနှင့် အချက်ပေးတံပိုးခရာများကိုယူဆောင် သွား၏။-
ထိုနောက်သူတို့သည်ယဇ်ပုရောဟိတ်ဧလာ ဇာ၏သား ဖိနဟတ်ကိုဂိလဒ်ပြည်တွင်ရှိ သောရုဗင်အနွယ်ဝင်၊ ဂဒ်အနွယ်ဝင်နှင့် အရှေ့မနာရှေအနွယ်ဝင်တို့ထံသို့စေ လွှတ်ကြလေသည်။-
တစ်နေ့သ၌ထာဝရဘုရားထံတော်မှ နတ် မိစ္ဆာသည်ရှောလုအားပူးဝင်လာ၏။ ရှောလု သည်လှံတံတော်ကိုကိုင်၍နန်းတော်တွင် ထိုင်လျက်နေတော်မူ၏။ ဒါဝိဒ်ကားစောင်း တီးလျက်နေ၏။-