တောလည် 25:6Common Language Bibleမောရှေနှင့်ဣသရေလအမျိုးသားအပေါင်း တို့သည် တဲတော်တံခါးဝတွင်ငိုကြွေးမြည် တမ်းလျက်ရှိနေစဉ် ဣသရေလအမျိုးသား တစ်ဦးသည်သူတို့ရှေ့မှောက်၌ မိဒျန်အမျိုး သမီးတစ်ယောက်ကိုမိမိ၏တဲအတွင်းသို့ ခေါ်သွင်းသွားသည်ကိုမြင်ကြ၏။- အခန်းကိုကြည့်ပါ။ |
သူတို့သည်မိဒျန်ပြည်မှထွက်ခွာပြီးလျှင်ဖာရန် မြို့သို့ရောက်ရှိကြသောအခါ လူအချို့တို့သည် သူတို့ဘက်သို့ဝင်ရောက်လာကြ၏။ ထို့နောက်သူ တို့သည်အီဂျစ်ပြည်သို့ထွက်သွား၍အီဂျစ် ဘုရင်ထံသို့ရောက်ရှိကြသောအခါ မင်းကြီး သည်ဟာဒဒ်အား မြေ၊ အိမ်နှင့်၊ စားနပ်ရိက္ခာကို ပေးတော်မူ၏။-
ငါ၏လူမျိုးတော်သည်ငါစက်ဆုတ်သည့် အမှုအရာတို့ကိုပြုကျင့်သည့်အတွက်ရှက် ကြောက်ကြသလော။ သင်တို့အလျှင်းမရှက် မကြောက်ကြ။ သင်တို့သည်ရှက်သွေးပင်မသန်း တတ်ကြ။ သို့ဖြစ်၍သင်တို့သည်အခြားသူ များနည်းတူပြိုလဲရကြလိမ့်မည်။ ငါအပြစ် ဒဏ်ခတ်သောအခါသင်တို့နာလန်ထူနိုင် ကြတော့မည်မဟုတ်။ ဤကားငါထာဝရ ဘုရားမြွက်ဟသည့်စကားဖြစ်၏။
ယဇ်ပလ္လင်နှင့်ဗိမာန်တော်အဝင်ဝစပ်ကြား၌ ထာဝရဘုရား၏ အမှုတော်ကိုထမ်းဆောင်ရသူ ယဇ်ပုရောဟိတ်များသည်ငိုကြွေးလျက်၊ ``အို ထာဝရဘုရား ကိုယ်တော်ရှင်၏လူမျိုးတော်ကိုသနားတော်မူပါ။ `သူတို့၏ဘုရားသခင်သည်အဘယ်မှာနည်း' ဟုဆိုကာလူမျိုးခြားများသည် ကျွန်တော်မျိုးတို့အားကဲ့ရဲ့ပြောင်လှောင် စေတော်မမူပါနှင့်'' ဟု ဆုတောင်းပတ္ထနာပြုကြရပေမည်။
ပြင်းထန်လှသည့်ပင်လယ်လှိုင်းတံပိုးနှင့် လည်းတူကြ၏။ ပင်လယ်လှိုင်းတံပိုးများမှ ရေမြှုပ်များကဲ့သို့ သူတို့၏ရှက်ဖွယ်ကောင်း သည့်အကျင့်များသည်ပေါ်လွင်လျက်ရှိ၏။ သူတို့သည်လမ်းကြောင်းအတည်တကျ မရှိသည့်ကြယ်ပျံနှင့်လည်းတူကြ၏။ သူ တို့အတွက်ဘုရားသခင်သည်အမှောင် မိုက်ဆုံးဖြစ်သည့်အောက်အရပ်တွင် ထာဝစဉ် နေရာသတ်မှတ်၍ထားတော်မူသတည်း။