တောလည် 23:24Common Language Bibleဣသရေလနိုင်ငံသည်ခွန်အားကြီးသောခြင်္သေ့ နှင့်တူ၏။ သားကောင်ကိုမသတ်ဖြတ်သွေးကိုမသောက် ရလျှင် ထိုခြင်္သေ့သည်ငြိမ်ဝပ်၍နေမည်မဟုတ်။'' အခန်းကိုကြည့်ပါ။ |
ထာဝရဘုရားက``သိုးထိန်းတို့သည်အဘယ် မျှပင်ငေါက်ငန်းအော်ဟစ်ကြသော်လည်း သား ကောင်ကိုကိုက်သတ်ထားသည့်ခြင်္သေ့ကိုချောက် လှန့်၍မရနိုင်သကဲ့သို့၊ ဇိအုန်တောင်ကိုကာ ကွယ်စောင့်ရှောက်နေသည့် အနန္တတန်ခိုးရှင်ငါ ထာဝရဘုရားအားလည်းအဘယ်အရာ ကမျှဟန့်တားပိတ်ပင်နိုင်လိမ့်မည်မဟုတ်။-
အထက်ဖော်ပြပါဘုရင်များနန်းစံလျက် နေချိန်၌ပင်လျှင် ကောင်းကင်ဘုံရှင်ဘုရားသခင်သည်အဘယ်အခါမျှမပျက်စီး နိုင်သည့် နိုင်ငံတစ်ခုကိုတည်ထောင်တော်မူ ပါလိမ့်မည်။ ထိုနိုင်ငံကိုအဘယ်အခါ၌ မျှနှိမ်နင်း၍ရမည်မဟုတ်ပါ။ ယင်းသည် အခြားနိုင်ငံရှိသမျှကိုဖြိုခွင်းပြီး နောက် အစဉ်အမြဲတည်ပါလိမ့်မည်။-
``ထိုအခါငါသည်ယုဒနွယ်သားစုများ ကိုတောမီးကဲ့သို့လည်းကောင်း၊ စပါးမှည့် လျက်နေသည့်လယ်ကွက်တွင်လောင်သောမီး ကဲ့သို့သော်လည်းကောင်းဖြစ်စေမည်။ သူတို့ သည်မိမိတို့အနီးအနားရှိလူမျိုးအပေါင်း တို့ကိုသုတ်သင်ဖျက်ဆီးကြလိမ့်မည်။ ယေရု ရှလင်မြို့သူမြို့သားတို့မူကား မိမိတို့မြို့ တွင်း၌ဘေးမဲ့လုံခြုံစွာနေကြလိမ့်မည်။
ငါသည်အနာဂတ်ကိုမျှော်ကြည့်သောအခါ ဣသရေလနိုင်ငံကိုငါမြင်ရ၏။ ထိုနိုင်ငံတွင်ရှင်ဘုရင်တစ်ပါးသည်တောက်ပသော ကြယ်သဖွယ်ပေါ်ထွန်းလာလိမ့်မည်။ ထိုဘုရင်သည်ကြယ်တံခွန်သဖွယ် ဣသရေလနိုင်ငံတွင်ပေါ်ထွန်းလိမ့်မည်။ သူသည်မောဘအမျိုးသားခေါင်းဆောင်တို့ကို တိုက်ခိုက်ချေမှုန်း၍ ရှေသအနွယ်ဝင်တို့ကိုနှိမ်နင်းလိမ့်မည်။