တောလည် 23:23Common Language Bibleမှော်အတတ်၊စုန်းအတတ်တို့၏အကူအညီဖြင့် ဣသရေလအမျိုးသားတို့ကို၊ အဘယ်သူမျှမတိုက်ခိုက်နိုင်။ ဘုရားသခင်သည်ဣသရေလအမျိုးသား တို့အား ကျေးဇူးပြုတော်မူပုံမှာ အံ့သြဘွယ်ဟူ၍ဆိုစမှတ်ပြုကြလိမ့်မည်။ အခန်းကိုကြည့်ပါ။ |
ကိုယ်တော်ရှင်အားကြောက်ရွံ့ရိုသေကြသူတို့ ၏အတွက် သိုမှီးထားတော်မူသောကောင်းသောအရာ များကား အလွန်ပင်အံ့သြဖွယ်ကောင်းလှပါသည်တကား။ ကိုယ်တော်ရှင်သည်ကောင်းမြတ်တော်မူကြောင်း ကိုလည်းကောင်း၊ အထံတော်၌ခိုလှုံကြသူတို့ကို ကွယ်ကာတော်မူကြောင်းကိုလည်းကောင်း လူအပေါင်းတို့သိကြပါ၏။
အို အကျွန်ုပ်တို့၏အရှင်ဘုရားသခင်၊ ကိုယ် တော်သည်မိမိ၏လူမျိုးတော်အားအီဂျစ် ပြည်မှထုတ်ဆောင်တော်မူခဲ့ခြင်းအားဖြင့် တန်ခိုးတော်ကိုပြတော်မူပါ၏။ အကျွန်ုပ် တို့သည်ကိုယ်တော်၏တန်ခိုးတော်ကို ယခု ထက်တိုင်အောက်မေ့သတိရလျက်နေကြ ပါ၏။ အကျွန်ုပ်တို့သည်အပြစ်ကူးမိ ကြပါပြီ။ အမှားကိုပြုမိကြပါပြီ။-
ထိုသူတို့၏စိတ်နှလုံးအကြံအစည်ကိုသိတော်မူ သဖြင့်ကိုယ်တော်က ``နိုင်ငံတစ်ခုတွင်လူတို့သည် စိတ်ဝမ်းကွဲပြားလျက် အချင်းချင်းတိုက်ခိုက်နေလျှင် ထိုနိုင်ငံသည်မကြာမီပျက်စီးလိမ့်မည်။ ထိုနည်း တူလူတို့စိတ်ဝမ်းကွဲပြားလျက်နေသောမြို့ သို့မဟုတ်အိမ်ထောင်သည်မရပ်မတည်နိုင်ရာ။-
နာဇရက်မြို့သားယေရှုသည်ဘုရားသခင် ထံတော်မှသန့်ရှင်းသောဝိညာဉ်တော်နှင့် တန်ခိုး တော်အဘယ်သို့ခံယူရရှိသည်အကြောင်းကို လည်းကောင်းသင်တို့သိကြ၏။ ဘုရားသခင် သည်ကိုယ်တော်နှင့်အတူရှိတော်မူသဖြင့် ကိုယ်တော်သည်အရပ်ရပ်သို့လှည့်လည်၍ လူ တို့အားကျေးဇူးပြုလျက်မာရ်နတ်နှိပ်စက် သူအပေါင်းတို့အားကျန်းမာစေတော်မူခဲ့၏။-